အမေရိကန်စစ်ရေယာဉ်နှစ်စင်း ကိစ္စ
ပြီးခဲ့သည့်
ရက်သတ္တပါတ် နှစ်ပါတ်ခန့်အတွင်းက အမေရိကန်ရေတပ်မှ USS George Washington
နှင့် USS John C.Stennis လေယာဉ်တင်သင်္ဘောနှစ်စင်း သည်
အကြောင်းတိုက်ဆိုင်စွာပင် အရှေ့တောင်အာရှဒေသရှိ မလေးရှားနိုင်ငံ Port Klang
ဆိပ်ကမ်း နှင့် ထိုင်းနိုင်ငံ Phuket ဆိပ်ကမ်းသို့
အသီးသီးရောက်ရှိလာခဲ့ကြသည်။ ယင်း၏ နောက်ဆက်တွဲသတင်းတစ်ခုအဖြစ်
ဖော်ပြပါ
လေယာဉ်တင်သင်္ဘော နှစ်စင်းသည် (၁၃-၁၀-၂၀၁၂)ရက်နေ့တွင်
မြန်မာ့ရေပြင်ပိုင်နက်အနီး Andaman ကျွန်းနှင့် Nicobar ကျွန်းတစ်ဝိုက်
ပင်လယ်ပြင်တွင် စစ်ရေးလေ့ကျင့်လျက်ရှိကြောင်း ၄င်းတို့၏ facebook
စာမျက်နှာများတွင် ဓါတ်ပုံများနှင့် ဝေေ၀ဆာဆာ ဖော်ပြထားသည်ကိုလည်း
တွေ့ရပြန်သည်။ထို့ပြင် ဘင်္ဂလားဒေ့ရှ်၏ BD News Internet စာမျက်နှာတွင်
အမေရိကန်စစ်ရေယာဉ်နှစ်စင်း နှင့် ဘင်္ဂလားဒေ့ရှ်စစ်ရေယာဉ်များ
ဘင်္ဂလားပင်လယ်အော်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်နေကြောင်း
ဖော်ပြထားပါသည်။ ဤသတင်းများအရဆိုပါက ယခုရက်ပိုင်းအတွင်း အမေရိကန်
လေယာဉ်တင်သင်္ဘောအုပ်စု ခန့်မှန်းအရေအ
တွက် စစ်ရေယာဉ် (၁၅)စီးကျော်ခန့်သည် မြန်မာ့ရေပိုင်နက်အနီး Andaman Sea ထဲတွင် ရောက်ရှိနေကြောင်း တွေ့ရသည်။
No comments:
Post a Comment