Saturday, 27 October 2012

အမေ့ရင်ခွင်သို့  တိုးဝင်ကြည့်မိခြင်း



ပြည်သူ့ အမေလို့  ကျနော် ရေးချင်
တွေးမိတာက အမေ့ရင်ခွင်
ဖြူစင်ဝင်းဖြာ အမေ့မျက်နှာ
ကြည်သာရွှန်းပ စန္ဒလ
မြင်လာသမျှ စိတ်အေးရ…။

ရွှေပဒုမ္မာကြာချပ်ကို
လေအဟုန်လာဟပ်သလို
ကဗျာအသာစပ်ချင်တဲ့စိတ်
ယိုဖိတ်လို့လာခဲ့တယ်။

ပုခုံးထက်က ရွှေပုဝါ
ကာလာတွေအထပ်ထပ်နဲ့ 
သပ်သပ်ရပ် အရောင်မညှိုး
ကျက်သရေတွေတိုးခဲ့တယ်..။

အမေ့ သားတွေမို့၊
လေထဲမှာအရုပ်ရေးမယ့်ကျနော်
သည်အမေ့ရင်ခွင်ကို စုတ်တံနှင့်ရေးသော်လည်း
မေ့မရနိုင်စဖွယ်။


ခြေတလှမ်း ကုဋေ တသန်အလား
တဖွားဖွားလျှောက် အများအရေးမြောက်အောင်
အားဆေးသောက်သည့်နှယ် အလှမ်းကျယ်ခဲ့တယ်။
ဆံကေသွယ်ထက်က နှင်းဆီပန်း
ကြည်နူးရွှင်လန်း ပန်းတွေနဲ့ကမ်း။ ။


ဓါတ်ပုံ Sunny
ကိုထွန်းဝေ
27.10.2012

No comments:

Post a Comment