Monday, 29 October 2012

ကာကွယ်တားမြစ်စောင့်ရှောက်ထိန်းသိမ်းရစ်ကြ




အော့အယ်တွန်တာတောင်
ယောင်ချာချာ ဘာဆိုဘာမှန်းမသိ
အိမ်မြှောင်လား တောက်တဲ့လားမှန်းမသိ
ခြေထောက်ကစ ကိုယ်ပေါ်ထိ
တအိအိနဲ့မျိုနေတာတောင် ဘာမြွေမှန်းမသိ
သြော်..ခက်လှပါဘိ…။

နိုင်ငံရေးပဋိပက္ခ လူမျိုးရေးပဋိပက္ခ
ဘယ်လိုပင်မရပ်မနား ဒလစပ်ပွားပွား
အများဆုံး ဆိုးအခြေ မွဲတေလို့ပဲနေ
တိုင်းပြည်ပျောက်မသွား။

တိုင်းတပါးကရန်သူတွေ
ကိုယ့်ပြည်မှာနေ ကိုယ့်ရေကိုသောက်
ကိုယ်လူမျိုးကိုလဲခြိမ်းချောက်
ဖေါက်ဖေါက်ပြားပြား မှောက်မှောက်မှားမှား
ချောက်ချားအောင်လုပ်နေတာကို
အဟုတ်မသွေ အရေးမစိုက်
လက်ပိုက်ကြည့်နေရင် မြွေပွေးခါးဗိုက်ပိုက်
ကင်းကိုက် မြွေမျိုသလို တိုင်းမြေကိုခွစားကာ
လူမျိုးဘာသာ သာသနာပါပျောက်သွားနိုင်ပါသည်။

အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်ပေးသော
ပြည်သူကမွေး ပြည်သူကကျွေးတဲ့တပ်မတော်သားများ
တတပ်တအား ကာကွယ် တားမြစ်
စောင့်ရှောက်ထိန်းသိမ်းရစ်ကြလော့…။

တက္ကသိုလ်ဘုန်းကြွယ်(၁၀.လ၂၈ရက်-၂၀၁၂)

No comments:

Post a Comment