Tuesday 25 September 2012

မြစ်ကြီးနားမြို့အနီးတ၀ိုက်တွင် KIA မှ လူသစ်စုဖမ်းဆီးနေ



စက်တင်ဘာ ၂၃ ရက်နေ့က မြစ်ကြီးနားမြို့မှ ၁၀ မိုင်ခန့် ဆွမ်ပရာဘွမ်သွား ကားလမ်းဘေးရှိ ဒွန်ရန်ရွာတွင် ကေအိုင်အေမှ အတင်းအဓမ္မ လူသစ်စုဖမ်းဆီး သွားကြောင်း သိရပါတယ်။

ဖြစ်ပွားပုံကတော့ ကေအိုင်အေ အင်အား ၅၀ လောက်ရှိတဲ့အဖွဲ့ဟာ ဒွန်ဂန်ရွာထဲကို ညသန်းခေါင်းအချိန်မှာ တစ်အိမ်ကို ၃ ယောက်စီ ၀င်ရှာပါတယ်။ ယောကျာင်္းလေးတော်တော်များများ ကို ပါသွားပြီး စုစုပေါင်း ၁၂ ယောက် ကို KIA ရင်း ၁၁ ရှိတဲ့ဘက်ကို ခေါ်သွားတယ်လို့ သိရပါတယ်။ သူတို့အရင် ကတည်းက စုံစမ်းထားတယ်လို့ထင် ပါတယ်။ 
  ဘာကြောင့်လဲဆိုတော့ သူတို့အဖွဲ့တွေ တက်ရှာတဲ့ အိမ်တွေက ယောကျာင်္းလေး အရွယ်ရောက်ပြီးသား တွေရှိတဲ့ အိမ်တွေပဲဖြစ်နေလို့ပါ။ 
အခုရွာမှာ ယောကျာ်းလေးမရှိသလောက်ကိုရှားနေပါပြီ။ အရေးအကြောင်း တစ်စုံတစ်ရာပေါ်လာရင်တောင် အားကိုးအားထားရမယ့် ယောကျာ်းသား မရှိတော့ဘူး။ အဆိုးဆုံးကတော့ ကျောင်းတက်နေဆဲဖြစ်တဲ့ ကချင်ပြည်နယ်ရဲ့ အနာဂတ်ဖြစ်လာမယ့် ကျောင်းသားတွေပါသွားတာပါပဲလို့ ဒွန်ဂန် ရွာမှ အဖွားအိုတစ်ဦးမှ ပြောကြားခဲ့ပါတယ်။
 
  ကချင်နေစဉ်သတင်း  

No comments:

Post a Comment