Sunday, 23 September 2012

အမေရိကန် စစ်သည် ၃၃ဝဝဝ အာဖဂန်နစ္စတန်မှ ပြန်လည်ဆုတ်ခွာ



(ဝါရှင်တန် စက်တင်ဘာ ၂၂)
အာဖဂန် နစ္စတန် နိုင်ငံတွင် သုံးနှစ် နီးပါး တာဝန် ထမ်းဆောင် ခဲ့သော အမေ ရိကန် စစ်သည် ၃၃ဝဝဝ သည် အာဖဂန်မှ   ပြန်လည် ဆုတ်ခွာ ခဲ့ပြီ ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာနမှ  တာဝန်ရှိ သူများက စက်တင်ဘာ ၂ဝ ရက်တွင် ပြောကြားခဲ့ ကြောင်း သိရသည်။
အမေရိကန် အစိုးရသည် အာဖဂန် နစ္စတန်မှ ၎င်းတို့၏ စစ်သည်များအား ပြန်လည် ရုပ်သိမ်းခြင်း ကို ယခုနှစ် ဇူလိုင် လကတည်းက စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။  အဆိုပါ နိုင်ငံတွင် အမေရိ ကန်စစ်သည် ၆၈ဝဝဝ ခန့် ကျန်ရှိနေ သေးကြောင်း၊ ၎င်းတို့ အနက်မှ  စစ် သည် ၄ဝဝဝဝ သည် နေတိုးတပ်ဖွဲ့ဝင် များဖြစ်ကြောင်း သိရ သည်။
အမေရိကန် ဦးဆောင်သော နေတိုးတပ်ဖွဲ့ဝင်များသည် အာဖဂန်နစ္စတန် နိုင်ငံအတွင်းရှိ အာဖဂန် တပ်ဖွဲ့ ဝင်များ အား  စစ်ရေး လေ့ကျင့်မှု သင်ကြားပေး ခဲ့ပြီး ပူးပေါင်း စစ်ဆင်ရေး များကိုလည်း ဆောင်ရွက် ခဲ့ကြောင်း သိရ သည်။
ထိုသို့  စစ်ရေး လေ့ကျင့် ရခြင်း၏ အဓိက ရည်ရွယ် ချက်မှာ ၂ဝ၁၄ ခုနှစ် နှစ်ကုန် ပိုင်းတွင် အာဖဂန် တပ်ဖွဲ့ ဝင်များ အနေဖြင့် ၎င်းတို့ နိုင်ငံ၏ လုံခြုံရေးကို ၎င်းတို့ ကိုယ်တိုင် တာဝန်ယူ နိုင်ရန်ဖြစ် ကြောင်း သိရသည်။   

Mya waddy  
News    

No comments:

Post a Comment