Sunday, 23 September 2012

ငြိမ်းချမ်းရေးအမေ ရဲ့ မှတ်တမ်းများ ။


နယူးေ၇ာက်မြို့  Queens College  အဆိုတော် Carole King မှ 'You've Got A Friend' အမည်၇ှိ သီချင်းဖြင့်                      ဂုဏ်ပြုသီဆိုပေးပြီးနောက် လာေ၇ာက်နှုတ်ဆက်နေစဉ်...


နယူးယောက်မြို့က တိုင်းရင်းသား တွေနဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှာတော့ မွန်းလွဲပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုလံဘီယာ တက္ကသိုလ်ကို သွားရောက်ပြီး တက္ကသိုလ် ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံပြီး သြ၀ါဒစကား ပြောကြားတာ၊ ကျောင်းသားတွေ
နဲ့ အမေးအဖြေ လုပ်တာတွေကို ပြုလုပ်ခဲ့ပါတယ်။

အကြောက်တရားနဲ့ အမုန်းတရားဟာ သိပ်ပြီး နီးကပ်နေတာကြောင့် အကြောက်
တရားကြောင့် အမုန်းတရား ဖြစ်ပေါ်လာတယ် ဆိုတဲ့အချက်ကို ဒေါ်အောင်ဆန်းစုကြည်က
ကိုလံဘီယာ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေကို အထူး ဂရုပြု ပြောဆို
သွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၂၂ ရက်နေ့မှာ သူ့ရဲ့ အမေရိကန်
ပြည်ထောင်စု ၁၇ ရက်ကြာ ခရီးစဉ် ဒုတိယ ခရီးတထောက် ဖြစ်တဲ့ နယူးယောက်မြို့
မှာ ဒုတိယနေ့ အဖြစ် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံတာ၊ အမေရိကန် တက္ကသိုလ်နှစ်ခု က ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံတာတွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
                                              Queens College,in New York,September 22, 2012
                                                                         Getty Images
နယူးယောက် ရှိ ကွင်း ကောလိပ် တွင် မြန်မာ မိသားစု များ နှင့် တွေ့ ဆုံရာ
တွင်  အဆိုတော် ကာရိုလ် ကင်း က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ဂုဏ်ပြု သည့် အနေဖြင့် " မိတ်ဆွေ အများ ကြီး မင်း ရပြီ "ဆိုသည့် သီချင်း ကို စန္ဒယား ဖြင့် သီဆို တီးခတ်စဉ်။

No comments:

Post a Comment