Saturday 22 September 2012

ကျောက်တော်မြို့တွင် လူသတ်တရားခံ ထောင်ဖောက်ပြေး


ကျောက်တော်မြို့တွင် လူသတ်မှုဖြင့်ဖမ်းဆီးထားသော ဘင်္ဂလီနှစ်ဦး
၂၁ ရက်နေ့ နံနက် ၁း၃၀ ခန့်အချိန်တွင် ကျောက်တော်ရဲစခန်းအချုပ်ခန်းမှ ဖောက် ထွက် လွတ်မြောက်သွားကြောင်းသတင်းရရှိပါသည်။
ထိုသို့ ဖောက်ထွ

က်သွားခြင်းမှာ ပုဆိုးကိုသံတိုင်အားလိမ်ကာ ထွက်သွား ခြင်း ဖြစ်ကြောင်းလည်း သိရှိရပါသည်။
ထိုသူတို့သည် မကြာသေးမီက သရက်အုပ်ကျေးရွာမှာ ဦးကျော်မောင်ချေ အားသတ်ဖြတ်ခဲ့သော တရားခံများဖြစ်ပြီးရ
ဲစခန်းတွင်
ဝန်ခံထွက်ဆိုထား သူများလည်းဖြစ်ကြောင်းလည်းသိရသည်။
ယင်းသို့လွတ်မြောက်သွားခြင်းသည် ရဲစခန်းတွင်လုံးဝတာဝန်ရှိပြီး ပြန်လည် ဖမ်းဆီးနိုင်ခြင်းမရှိလျင်...............။
ရခိုင်သားများအားသတ်ဖြတ်ခဲ့သော အဆိုပါ တရာခံအား ယင်းသို့ လွတ် မြောက်သွားမှုမှာ သံသယမကင်းကြောင်းများရှိကြောင်းလည်းသိရှိရပါသည်။
ယနေ့တွင် ရဲများက အပူတပြင်းရှာဖွေနေသော်လည်း တွေ့ရှိခြင်းမရှိသေး ကြောင်းနှင့် ထိုသို့လွတ်မြောက်သွားခြင်းမှာ ရဲသားများအရက်သောက် ပြီး အိပ်နေခြင်းများကြောင့်ဖြစ်သည် ဟုလည်း ကျောက်တော်မြို့သူသားများက ပြောကြားခဲ့ပါသည်။
ညနေပိုင်းက ရဲသားများအရက်ဝယ်သွားသည်ကို တွေ့လိုက်ရကြောင်း လည်း ပြောဆိုကြပါသည်။
ယင်းအတွက် အပူတပြင်း တရားခံကိုလိုက်ရှာနေသော်လည်း ပြန်လည် မတွေ့သေးကြောင်းနှင့် တာဝန်ရှိသူများသည် တရားဥပဒေအရ အရေးယူ ခြင်းခံရမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

Source: Chan Nyein Moe

No comments:

Post a Comment