တနိုင်ငံလုံး ငြိမ်းချမ်းရေး၊ စစ်ပွဲရပ်စဲရေးကိုရည်ရွယ်၍ ယနေ့နံနက်ပိုင်းမှ ညနေပိုင်းထိ ဆန္ဒပြပွဲကို စီစဉ်သူများအား အရေးယူမည် ဟု ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ရဲမှူးကြီးမြင့်ထွေးက သတင်းမီဒီယာများအား ပြောကြားလိုက်သည်။

ယနေ့ဆန္ဒပြသူများမှာ ခွင့်ပြုချက်မရရှိပဲ စီတန်းလှည့်လည်ခဲ့သဖြင့် ဖြတ်သန်းရာ မြို့နယ် ၁၀ မြို့နယ်က အရေးယူမှုကို ပြုလုပ်မည်ဟု လည်း ၎င်းက ပြောသည်။ အရေးယူရာတွင် ယင်းမြို့နယ်များတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် လျှောက်ထားသူများအား အရေးယူသွားမည်ဟုလည်း ၎င်းကရှင်းလင်း ပြောဆိုသည်။
ကချင်ငြိမ်းချမ်းရေး ကွန်ရက် အပါအ၀င် အဖွဲ့အစည်း ၂၀ က ဦးဆောင်ပြုလုပ်သည့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သူများသည် နံနက် ၁၀ နာရီဝန်းကျင်တွင် ဆူးလေ စေတီအနီးမှ စတင်ကာ ဗိုလ်တထောင်၊ တာမွေ၊ ဗဟန်း ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ကမာရွတ် အစရှိသည့်မြို့နယ်များကို ဖြတ်သန်း၍ အင်းလျားကန်ဘောင်တွင် ငြိမ်းချမ်းရေး ကျောက်တိုင်စိုက်ထူခဲ့သည်။ ။

Punk ၀တ်စားဆင်ယင်သူများကလည်း ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြရာတွင် ပါဝင်ခဲ့ကြသည်။
by Yangon Press International on Friday, September 21, 2012 at 8:41pm ·
ညနေ ၆နာရီ၊ စက်တင်ဘာ ၂၁၊ ၂၀၁၂၊ YPI
No comments:
Post a Comment