Monday 10 September 2012

<လူဖမ်းပွဲကြီးပြန်စနေသည်>ဖက်ခွက်စားတွေ မြန်မြန်လွှတ်ပေးပါ

 မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ပိတ်လှောင်ခံထားရသည့် မသွဲ့သွဲ့ဝင်းအား ၁၂ နာရီ ခန့်တွင် နန်ချွန်ဆိပ်ကမ်းတွင် ဖမ်းဆီးသွားကြောင်း။ ပထမသတင်းဖြင့် နောက်ဆက်တွဲ သတင်း (10-9-2012 ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ရင်ပြင်တော်တွင် ဆားလင်းကြီးမြို့နယ် ၀က်မှေးကျေးရွာ လက်ပံတောင်းတောင် ကျေးရွာနှင့် လယ်ယာမြေသိမ်းခံရသော ဒေသခံတောင်သူ (၁၀)ဦးခန့် ဘုရားဝတ်ပြုဆုတောင်းနေသည်ကို ဒေသဆိုင်ရာ အာဏာပိုင်များက ဟန့်တားသည့်အနေဖြင့် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ရင်ပြင်တော်ဝင်ပေါက်အားလုံးအား ထိုဒေသခံများအား ထွက်ပေါက်မရှိစေရန် ယခုအချိန်ထိ ပိတ်လှောင်ထားသဖြင့် ဆုတောင်းပြည့်ဘုရားကြီးသို့ လာရောက်ဘုရားဖူးမြှော်ကြသူများ အခက်ကြုံတွေရသည်။) လောလောဆယ် အမှတ်(၁) ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။
 Aung Bo Hein
လက်ပန်းတောင်း တောင်စီမံကိန်းနဲ့ ပတ်သတ်ပြီး မုံရွာခရိုင် ဗကသ မှလူငယ်လေးတစ်ဦး အဖမ်းဆီးအထိန်းသိမ်းခံရကြောင်း သတင်းများပျံ့နံ့နေပါသည်(ဆက်လက်စုံစမ်းနေပါသည်)

 ၁၀ စက်တင်ဘာ ၂၀၁၂။ မသွဲ့သွဲ့ဝင်း အပါအ၀င် ဆားလင်းကြီး တောင်သူ (၁၂)ဦးကို ထိန်းသိမ်းထားတဲ့ မုံရွာ အမှတ်(၁) ရဲစခန်းရှေ့ အခြေအနေ။

 မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ရင်ပြင်တော်တွင် ဆားလင်းကြီးမြို့နယ် ၀က်မှေးကျေးရွာ လက်ပံတောင်းတောင် ကျေးရွာနှင့် လယ်ယာမြေသိမ်းခံရသောကြောင် ဘုရားဝတ်ပြုဆုတောင်း
နေသည် ဒေသခံတောင်သူ (၁၂ )ဦးအား ဒေသဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီးချုပ်နှောင်ထားခြင်းကိုချက်ခြင်းလွှတ်ပေးပါ။ချက်ခြင်းလွှတ်ပေးပါ။


မုံရွာ ရဲစခန်းရှေ့တွင် ဖမ်းဆီးထားသည့်မသွဲ့သွဲ့ဝင်းတို့အား ပြန်လွတ်ပေးရန် တောင်းတိုနေကြပါတယ်။
 
အနောက်ဘက်ကမ်းကိုပြန်မလား ? မပြန်ဘူးလား ? မပြန်ရင်ဖမ်းမယ် ဟု မသွဲ့သွဲ့ဝင်းအားမေးနေစဉ်

တွေ့ရသောပုံ။

ရဲမှူးကြူအင်းနှင့် မသွဲ့သွဲ့ဝင်း။

ဓါတ်ပုံ အောင်နေမျိုး  

No comments:

Post a Comment