Thursday, 13 September 2012

"မြန်မာနိုင်ငံ ပညာရေး ဖောင်ဒေးရှင်း ဖွဲ့ ရန် စီစဉ်"


‎"မြန်မာနိုင်ငံ ပညာရေး ဖောင်ဒေးရှင်း ဖွဲ့ ရန် စီစဉ်"

မြန်မာနိုင်ငံ ပညာရေး ဖောင်ဒေးရှင်း ဖွဲ့ စည်းရန် အတွက် ဖြစ်မြောက်ရေး စည်းရုံးရေး ကော်မတီမှ အသင်းဝင်များနှင့် ပညာရေး အလှူဒါနပြုလိုသူများ အား ဖိတ်ခေါ်လျက် ရှိကြောင်းသိရသည်။
အဆိုပါ ဖောင်ဒေးရှင်းဧ။် ရည်ရွယ်ချက် မှာ နိုင်ငံသား တိုင်း အခြေခံ ပညာ တတ်မြောက် ရန်၊ ခေတ်မီ ပညာရပ်များ ဖွံဖြိုး တိုးတက်ရေး အတွက် လိုအပ် ချက် များ ကူညီပေးသွားရန်၊ ပညာ သင်ကြားရန် အခက်အခဲ ရှိသောေ ကျာင်း သား ကျောင်းသူ များအား ကူညီထောက်ပံ့ ရန်နှင့် အကူ အညီ လို အပ်နေသော အခြေခံ ပညာကျောင်းများကို ဦးစားပေး ကူညီ သွားရန် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ပညာရေး ဖောင်ဒေးရှင်း ဖြစ်မြောက် ရန်အတွက် ဖြစ်မြောက်ရေး စည်းရုံးရေး ကော်မတီ အား စက်တင်ဘာလ (၂)ရက်နေ့ က စတင်ဖွဲ့ စည်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖောင်ဒေးရှင်း သို့  ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရန်နှင့် ပညာရေး အလှူဒါနပြုလိုသူများ အနေ ဖြင့် နာယကကြီးများနှင့် ဖောင်ဒေးရှင်း ဥက္ကဌ ပန်းတိုင်ဦးသန်းမောင် ဖုန်း-၀၉၅၁၁၉၁၂၅၊ဦးဝင်းချို (ဓူဝံစာပေ) ဖုန်း-၀၉၇၃၂၀၄၁၁ နှင့် ၀၁- ၇၀၆ ၀၅၅ သို့ ဆက်သွယ်မေးမြန်းကာ လှူဒါန်းနိုင်ကြောင်း သိရှိ ရသည်။

ခိုင်နွယ်ဦး

No comments:

Post a Comment