ထောင်ဒဏ် (၄၂)နှစ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးရွှေထူးကို ဒီကနေ့ ညမှာ တောင်ကြီးထောင်ကနေ လွှတ်ပေးလိုက်တယ်လို့
ထောင်အာဏာပိုင်တွေပြောကြောင်း သားဖြစ်သူ
ကိုရွှေသွေးကပြောပါတယ်။
ဦးရွှေထူး (ခ) ဦးအောင်ဇေယျဟာ အထက (၁) မန္တလေးမြို့ရဲ့ အထက်တန်းပြကျောင်းဆရာဟောင်း တဦးဖြစ်ပါတယ်။
သူ့ကို မြန်မာ့တပ်မတော်တပ်မဟာ(၁၃) တပ်မင်းကြီး ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘဖြူ (ငြိမ်း) နိုင်ငံ့ဂုဏ်ရည် ပထမအဆင့် နှင့် ဒေါ်မြသွေးတို့မှ (၂၀) ရက် နိုဝင်ဘာလ ၁၉၄၄ ခုနှစ်တွင် မွေးဖွားခဲ့တာပါ။
(၁၉၈၈) ရှစ်လေးလုံးလူထုလှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်ခဲ့ပြီး (၁၉၉၃) ခုနှစ်မှာ ထောင်ဒဏ် (၃)နှစ်ချမှတ်ခံခဲ့ရပါတယ်။ (၁၉၉၆)ခုနှစ်မှာ အကျဉ်းထောင်လွတ်မြောက်လာပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ပြီး (၁၉၉၈)ခုနှစ်မှာ ပြန်လည်အဖမ်းခံခဲ့ရပြီး
ထောင်ဒဏ်စုစုပေါင်း (၄၂)နှစ် ချမှတ်ခံခဲ့ရပါတယ်။
အဲဒီနောက် (၂၀၀၀)ခုနှစ်မှာ မန္တလေးအိုဘိုးအကျဉ်းထောင်ကနေ တောင်ကြီး
အကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။

No comments:
Post a Comment