Tuesday, 18 September 2012

လုပ်ချလိုက်ပြန်ပြီ

ဟာ လွန်ခဲ့တဲ့ နှစ် (၂၀) လောက်က တောင်သူတွေထံ ကနေ စည်ပင်သာယာဌာနက သိမ်းယူထားခဲ့တဲ့ မြေတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော်နေထိုင်သူတွေရဲ့ နေအိမ် တွေကို စည်ပင်၊ ရဲ စတဲ့ ရာနဲ့ချီတဲ့ အာဏာပိုင်တွေက ဘူဒိုဇာ မြေထိုးစက်တွေသုံးပြီး ဒီကနေ့ အဓမ္မ ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။

မြရည်နန္ဒာရပ်ကွက်က ကျူးကျော်မြေတွေ

ပြည်ကြီးတံခွန်မြို့နယ်နဲ့ အမရပူရမြို့နယ်တွေက ကျူးကျော်ရပ်ကွက်တွေ
ကိုတော့ လာမယ့် ကြာသပတေးနေ့မှာ ဖယ်ရှားသွားဖို့ အကြောင်းကြား
ထားတယ်လို့ သိရပါတယ်။

ကျူးကျော်နေထိုင်သူတွေအနေနဲ့ အသာတကြည်ဖယ်မပေးဘူးဆိုရင် ဒီကနေ့ မြရည်နန္ဒာရပ်ကွက် မှာလို မြေထိုးစက်တွေ၊ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အသုံးပြုပြီး အင်အားသုံး ဖယ်ရှားဖို့ အာဏာပိုင်တွေ
ဘက်က စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
RFA

No comments:

Post a Comment