Thursday, 13 September 2012

စည်ဗျောသံဝေ

https://www.facebook.com/photo.php?fbid=277393829038355&set=a.116579221786484.20330.100003032208873&type=1&notif_t=like


စည်ဗျောသံဝေ သီချင်း ရေးသားသူ ကိုမင်းကိုနိုင် အက ချောစုမျိုး တီးဝိုင်း မင်္ဂလာဒိုး ဂျပန် ************ ၁၉၉၀ ဝန်းကျင်က အင်းစိန်ထောင်မှာ ရေးခဲ့တဲ့သီချင်း၊ ကိုရီးယားမှာ
ကကြတာ....... အခုမှ (၂၀၁၂)မှ ပြန်ကြည့်ရတယ်။ နို့စို့အရွယ်က ခွဲခဲ့ရတဲ့ရင်သွေးကို အသက်(၂၀)အရွယ်ရောက်မှ ပြန်တွေ့ရသလို..........။
 ကိုမင်းကိုနိုင်။





ဒီသီချင်းက ကိုပေါ် ရဲ့ သီချင်းပါ သူကိုယ်တိုင်ထောင်ထဲမှာရေးထားခဲ့တာပါ
ကျနော်တို့ ဂျပန်ကနေ ကိုရီးယားကို သွားရောက်တီးပေးခဲ့ပါတယ် ဒါနဲ့ မှတ်မှတ်ရရဆိုပြီး ကျနော် ကဗျာ ရေးပေးခဲ့ပါတယ် ။


 ဘရဏီနတ်သား လေးတဲ့
******************

ဖြူဖွေးတဲ့နှလုံးသားပိုင်ရှင်

ပီပြင်တဲ့ အစ်ကိုရဲ့ အရည်အချင်းတွေ

မငြင်းနိုင်တဲ့ရည်မှန်းချက်တွေကြောင့်

ကြောက်ရပါတဲ့ အာဏာသား



ကြောက်လို့ပင်တကယ်ဖျား။




ဟိုထောင်ရွှေ့  ဒီထောင်ပြောင်းနဲ့ 

ဗလောင်းဗလဲ နဲ့ အပြောင်းအလဲတွေကြောင့်

ဒေါင်းကိုမွေးပေးတဲ့ အစ်ကို့ စိတ်ဓါတ်

အဆက်မပြတ် ၈၈ရဲ့ မော်ကွန်းတစ်ရပ်

မှတ်ကျောက်ရယ်တင် ကြောက်စိတ်ရယ်မ၀င်

မှတ်တမ်းတင် သမိုင်းတွင်ထင်ထင်ရှား။


ဒေါင်းသခင်ကြီးရယ်လို ကျွန်တော်တင်စား ။

သက်ပြင်းတွေ အကြိမ်ကြိမ်ချ

လောကရဲ့အထောင်းအထုကို

အကြောင်းပြုရှာပြီး

ကဗျာတွေရေး တေးသီချင်းတွေစပ်

ပစ်မှတ်ထိတဲ့ အစ်ကို့သီချင်းကို

ဆိုရင်းစိတ်ဓါတ်တွေတက်

အလင်းအတွက် လွတ်ကြောင်းကြံ

ခွပ်ဒေါင်းအလံ ခိုင်ခိုင်မြဲ

အပိုင်ဆွဲပြီ ရဲရဲတက်

ရင့်ကျက်ပြတ်သား ယုံကြည်ချက်များနဲ့

လူသားအကျိုး တကယ်သယ်ပိုးမယ့်

ခွပ်ဒေါင်းမျိုးခိုင် မင်းကိုနိုင်။ ထွန်းဝေ FB Tun Wai (U Tun Wai)

ဒါက ကိုပေါ် ထောင်ထဲမှာရှိနေတုံးက ကျနော်ရေးထားတာပါ အခု သူ့ စာမျက်နှာက ဗွီဒီယို ဖိုင် ရှယ်ရင်းနဲ့  ရေးထားတာလေးတွေ့ လို့ မိဘပြည်သူများကို ပြန်မျှဝေတာပါ ရွှင်လန်ချမ်းမြေ့ ကြပါစေ။
ကိုထွန်းဝေ


No comments:

Post a Comment