Saturday, 25 August 2012

ကြက်ခြံစောင့် မြန်မာအမျိုးသမီး တစ်ဦးအဓမ္မပြုကျင့် သတ်ဖြတ်ခံရ”



SATURDAY, 25 AUGUST 2012
ဘန်ကောက်မြို့ အရှေ့ဘက် ကီလိုမီတာ ၈၁ အကွာအဝေးတွင်ရှိသော ချွန်ပူလီ မြို့ ဧက ၁၀၀ရှိသော ကြက်ခြံတွင်ရှိသော မြန်မာအလုပ်သမား တစ်ဦးအား လောနိုင်ငံသား.နိုင်လတ်
(၃၀ နှစ်)က အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ကြောင်း ထိုင်းလတ် သတင်းစာတွင် ဖေါ်ပြထားသည်။

၎င်းဖြစ်စဉ်မှာ သြဂုတ်လ ၁၆ ရက်နေ့ည တွင် ကိုနိုင်လတ်နှင့်သူငယ်ချင်း၎ ဦးတို့ ဘီယာ ထိုင်သောက်ရင်းစကားပြောနေစဉ် ဘီယာအလုံး ၂၄ အကုန်တွင် ကိုယ့်အခန်းကိုပြန်ရန် ဝိုင်းခွဲလိုက်ကြသည်။

ကိုနိုင်လတ်မှာ အခန်းတွင် မိန်းမရှိသော်လည်း အခန်းကိုမပြန်ဘဲ မြန်မာအလုပ်သမ မနန်းကြွယ် (၄၀ )နှစ် အိပ်နေသော အခန်းကိုဝင်ပြီး အဓမ္မပြုကျင့်ခဲ့သည်။ မနန်းကြွယ်က လက်မခံသဖြင့် တစ်ဦးနှင့် တစ်ဦး ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့သည်။

သူမက အကူညီတောင်းရန် အပြင်ကိုထွက်ဖို့ ပြင်စဉ် နိုင်လတ်က လည်ပင်းကိုညစ်၍ ကြက်ခြံ အနီးတွင်ရှိသော ကန်စွန်းရွက် စိုက်ထား သောရေမြောင်းတွင်နှစ်သတ်ခဲ့သည်။

မနက်မိုးလင်း၍ အလုပ်ဆင်းကြသောခါ လုပ်ဖေါ်ကိုင်ဘက်သူငယ်ချင်းများက မနန်းကြွယ်ကို မတွေ့သဖြင့်လိုက်လံရှာဖွေ သောအခါ ကန်းစွန်းရွက်စိုက်ထားသော ရေမြောင်းဘေးတွင် သေဆုံးနေသော
အလောင်းကို တွေ့ရှိခဲ့ကြသဖြင့် သူမ၏လုပ်ဖေါ်ကိုင်ဘက်များက မြို့နယ်ရဲစခန်းကို အကြောင်းကြားခဲ့သည်။

မြို့နယ်ရဲစခန်းမှတာဝန်ရှိရဲများ လာရောက် စစ်ဆေးမှုပြုလုပ်ရာ ကြက်ခြံအတွင်းရှိသော အလုပ်သမား အားလုံးကို ခေါ်စစ်ဆေးသောအခါ ကိုနိုင်လတ်မှာ အလုပ်လုပ်နေသည့်နေရာတွင် မရှိပဲ အလုပ်သမားများနေသော တိုက်တန်းဘေးတွင် အိပ်နေခဲ့သည်။

ရဲများကမသင်္ကာ၍ခေါ်ကြည့်သောအခါ ကိုနိုင်လတ်၏လည်ပင်းနှင့်ရင်ဘတ်တွင်လက်သဲကုတ်ရာများစွာ
ကိုတွေ့သဖြင့် ရဲစခန်းကိုခေါ်ယူကာ စစ်ဆေးမှုပြု လုပ်ခဲ့ သည်။

ကိုနိုင်လတ်က ဟုတ်မှန်ကြောင်း သူသတ်ကြောင်းထွက်ဆိုခဲ့သည်ဟု ထိုင်းလတ် သတင်းစာတွင် ရေး သားဖေါ်ပြထားသည်။

ရွှေလုပ်သား ဘလော့
အချိန် 11:03:00

No comments:

Post a Comment