by Ko Baloi on Wednesday, August 8, 2012 at 7:31am ·
စာအမှတ်။ ။ ပမကဖ/ ဗလ/ ၀၀၈/ ၁၂
နေ့စွဲ ။ ။ ၈. ၈. ၂၀၁၂
၁- ယနေ့ ကျရောက်လာသည့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်နေ့သည သမိုင်းဝင် မြန်မာတနိုင်ငံလုံးဆိုင်ရာ ဒီမိုကရေ စီပြည်သူ့အရေး တော်ပုံ ၂၄ နှစ်ပြည့်အထိမ်းအမှတ်အခါသမယနေ့ဖြစ်သည်။ ထိုနေ့တွင် လှည်းနေလှေအောင်း မြင်း
စောင်း မကျန် မြန်မာနိုင်ငံရှိပြည်သူများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိဖို့အတွက် မဆလ ( တပါတီ ) အာဏာ
ရှင်စနစ်ဆိုးကြီးကို အကြမ်းမဖက်သည့်နည်းလမ်းဖြင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ပြသတိုက်ပွဲဝင်ခဲ့
သည့် မြန်မာ့သမိုင်းဝင် နေ့ထူးနေ့မြတ် အခါသမယနေ့လည်းဖြစ်သည်။
၂- မြန်မာတနိုင်ငံလုံးဆိုင်ရာ ရှစ်လေးလုံးအထိမ်းအမှတ်အခမ်းနားနေ့သည် ၂၄ နှစ်တာကြာမြေ့ခဲ့သော်လည်း ( မဆလ )
မှ မွေးဖွါးပေးလိုက်သော စစ်အာဏာရှင်အကြွင်းအကျန်များကို အကြောင်းအမျိုးမျိုးကြောင့် ဖယ်ရှားနိုင်ခဲ့ခြင်း အလျှင်းမ
ရှိသေးပေ။ ဤသည်မှာ ကျနော်တို့၏ အားနည်းချက်များလို့ဆိုလျှင်ရသော်ငြားလည်း၊ ဖိနှိပ့်မှုများကြားမှ ရုန်းထွက်
လာသော၈၈ မျိုးဆက်များ၏ နိုင်ငံရေးသည် ယနေ့ထက်တိုင် လှုပ်ရှားရုန်းကန် ရှင်သန်နေဆဲဖြစ်သည်။ ရှစ်လေးလုံးလူ
ထုအရေးတော်ပုံကြီးမှ မွေးဖွါးသန့်စင်ပေးလိုက်သည့် မြန်မာ့နိုင်ငံရေးသည် ယနေ့ထက်တိုင် ပျောက်ပျက်သွားခြင်းမရှိ
ပဲ မြန်မာ့နိုင်ငံ၏ နိုင်ငံရေးလောကတွင် ထီးထီးကြီးရပ်တည်နေလျှက်ရှိနေပေသည်။
၃- ယနေ့ မြန်မာနိုင်ငံရေးသည် မည်သို့ပင်ဖြစ်ပေါ်ပြောင်းလဲစေကာမူ ကျွန်ူပ်တို့သည် ပြည်သူများ၏ အဓိကရည်မှန်းချက်
များဖြစ်သည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများရရှိရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးမာန်ဏ္ဍွိုင်ကောင်းမွန်လာ
ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးနှင့် စတု
ထ္တမာန်တိုင်ပေါ်ပေါက်ရေးတို့အတွက် နိုင်ငံရေးနည်းလမ်းများဖြင့် ငြိမ်းချမ်းစွာဆက်လက်တိုက်ပွဲဝင်သွားဦးမည်ဖြစ်သည်။
၎- ထို့ကြောင့် ယနေ့ကျရောက်လာသည့် ၂၄ နှစ်ပြည့် ရှစ်လေးလုံး ( ၈၈၈၈ ) ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံ အခါသမ
ယနေ့တွင် ကျွန်ူပ်တို့ ပြည်ပရောက်ကျောင်းသားများအဖွဲ့အစည်းမှ နိုင်ငံတကာရောက် ၈၈ မျိုးဆက်များနှင့် ပြည်တွင်း
ရှိ ၈၈ မျိုးဆက်များအားတိုက်တွန်းနိုးဆော်လိုသည်မှာ၊ ကျွန်ူပ်တို့၏ အဓိကမူလရည်ရွယ်ချက်ဖြစ်သည့် စစ်မှန်သောဒီမိုက
ရေစီနှင့် လူ့အခွင့်အရေးများရရှိရေးတို့အတွက်မဆုတ်မနစ်သော ဇွဲလုံးလ၊ ဝိရိယတို့ဖြင့် စွမ်းစွမ်းသာမာန်တိုက်ပွဲဝင်ကြ
ပါရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။
( ပြည်ပရောက်အမျိုးသားကျောင်းသားများအဖွဲ့ ( မြန်မာပြည် ) ဗဟို ( ဒိန်းမတ်နိုင်ငံ )

No comments:
Post a Comment