Wednesday, 8 August 2012

ပခုက္ကူမြို့ မှ ၈၈၈၈ နှစ်ပတ်လည် အခမ်းအနား





ပခုက္ကူမြို့ ရွှေနှလုံးသားပရဟိတ လူမှုကူညီရေးအဖွဲ့ မှ ဦးဆောင်ပြီး ၈၈၈၈ နှစ်ပတ်လည် အခမ်းအနားကို ယနေ့ (၈-၈-၂၀၁၂)ရက်နေ့ နံနက် ၈း၀၀ နာရီက ပခုက္ကူမြို့ အမှတ် ၈ ရပ်ကွက်ရှိ ဦးသန့်ရှင်းနေအိမ်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ အခမ်းအနားသို့ရွှေနှလုံးသား ပရဟိတ အဖွဲ့ဝင်များနှင့် ပခုက္ကူမြို့အမျိုးသားဒီမိုက
ရေစီအဖွဲ့ချုပ်မှ ပါတီဝင်အချို့ တက်ရောက်ကြခဲ့ကြပြီးမကွေးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ညီလာခံ ကျင်းပရေးကော်မတီ ဥက္ကဌ ဦးလှိုင်အေးမှ အဖွင့် အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ ယင်းအခမ်းအနားတွင် အသက်၇၀ ကျော် အထီးကျန်အဖော်မဲ့ ၊ စက်မှု တက္ကသိုလ်ကျောင်းသားဟောင်း နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးအား လူမှုကူညီရေး ထောက်ပံ့ငွေ ပေးအပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာကြသူများအား မုန့်ဟင်းခါးဖြင့် တည့်ခင်းဧည့်ခံကာ နံနက် ၉း၃၀ တွင် အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်းသိရသည်။ ယင်းအခမ်းအနားသည် ၂၄ နှစ်တာ အတွင်း တရားဝင် ကျင်းပခွင့်ရရှိခြင်း ဖြစ်သည်။

Popular Myanmar News Journal

No comments:

Post a Comment