Friday 31 October 2014

ထပ်သီးအစည်းအဝေး ကျင်းပ


မြန်မာ့နိုင်ငံရေးမှ ထိပ်သီးခေါင်းဆောင် ၁၄ ဦး ဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတ
အိမ်တော် ငုရွှေဝါခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲမှ စတင်၍ကျင်းပနေပြီဖြစ်သည်။
လက်ရှိအစိုးရလက်ထက်တွင် ပထမဆုံးအကြိမ်ကျင်းပသော နိုင်ငံရေးခေါင်းဆောင်
များဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ဒီချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၊ ကာချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရ
ဦးရွှေမန်းအပါအဝင် အစိုးရ၊ တပ်မတော်၊လွှတ်တော်၊ နိုင်ငံရေးပါတီ၊ ရွေးကောက်ပွဲ
ကော်မရှင်တို့မှ ခေါင်းဆောင် ၁၄ ဦးစလုံး စုံညီစွာ တက်ရောက်ကြောင်း နိုင်ငံတော်
သမ္မတရုံးတွင် သတင်းရယူနေသော 7 Day Daily သတင်းထောက်က သတင်း
ပေးပို့သည်။



မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ရှေ့မတိုးနိုင်ဘဲ အကျပ်ဆိုက်နေချိန်၊ အိုဘားမား
အပါအဝင် ထိပ်သီးခေါင်းဆောင်အချို့ တက်ရောက်မည့် အာဆီယံထိပ်သီးအစည်း
အဝေးမတိုင်မီ ရက်ပိုင်းအလိုတွင်ကျင်းပ၍ဟန်ပြဆွေးနွေးပွဲသာဖြစ်နိုင်ကြောင်း
နိုင်ငံရေးလေ့လာသူအချို့က ဝေဖန်မှုများရှိသည်။
မည်သို့ပင်ဆိုစေ နိုင်ငံအတွက် ခေါင်းဆောင်များကြား အပြန်အလှန်ယုံကြည်မှုနှင့် ဘုံသဘောတူညီချက်များ ရှာဖွေရန်လိုအပ်ချိန်တွင် မျက်နှာစုံညီထိပ်သီးအစည်း
အဝေးကို ကြိုဆိုရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူအချို့ကလည်း သုံးသပ်မှု
များရှိသည်။ သမ္မတ၏ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကမူ ယခုဆွေးနွေးပွဲမှာ နိင်ငံရေး
အကျပ်အတည်းကြောင့် ပြုလုပ်ခြင်းမဟုတ်ဘဲ နိုင်ငံရေးအကျပ်အတည်းလည်း မရှိကြောင်း၊ ခေါင်းဆောင်များအကြား နိုင်ငံ့အနာဂတ်အတွက် ဘုံသဘောတူညီ
ချက်ရှာဖွေရန်ဖြစ်ကြောင်း ပြောသည်။
ထို့အပြင် ခေါင်းဆောင်များအကြား ဆွေးနွေးပွဲများမှာ ရှေ့ဆက်၍လည်းပြုလုပ်မည်
ဟု သမ္မတ၏ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က အောက်တိုဘာ ၃၀ ရက်တွင် 7 Day Daily သို့ ပြောသည်။
သတင်း7 Day.
လေးစားလျက်
ပြန်လည်မျှဝေပေးပါတယ်။
31.10.2014











No comments:

Post a Comment