Saturday 19 April 2014

နံ့သာကုန်းမိုးကုတ်ဝိပသနာဓမ္မရိပ်သာကျောင်းကောင်းကင်ထက်မှရဟန္တာတစ်ပါး

နံ့သာကုန်းမိုးကုတ်ဝိပသနာဓမ္မရိပ်သာကျောင်းကောင်းကင်ထက်မှရဟန္တာတစ်ပါးဖူးမျှော်ရပါသည် လို့  15.4.2014 နေ့က ပုသိမ်မြို့ မှာဖူးမျှော်ခဲ့ရသူ ကာယကံရှင်နဲ့  ကျနော် စကားစမည်ပြောဖြစ်ပါတယ်။ MaLei...... ကောင်းမြတ်သောနှစ်သစ်မှာ အေးချမ်းပျော်ရွင်မှု့ များစွာဖြင့်ဘဝကိုဖြတ်သန်းနိုင်ပါစေ ကျနော်....အမမေးစရာရှိလို့ ပါ

 MaLei.....ဟုတ် ကျနော် ....ဘုန်းကြီးရဟန္တာတစ်ပါး ကြွသွားတာ ကိုယ်တိုင်မြင်ရတာလား? MaLei......ဟုတ်ပါတယ် တကယ်သေသေချာချာမြင်လိုက်ရလို့ တခါမှမကြုံဘူးတဲ့ ဝမ်းနည်းသလို ဝမ်းသာသလိုခံစားရပါတယ် နောက်စိတ်ထဲမှာ အဲလိုမျိုး အဲဒါကြောင့်မျှဝေခံစားစေချင်တာပါ။
ကျနော်.... အဲဒီအချိန်ထဲမှာ ပေါ့ အမေစိတ်တွေဘယ်လိုမျိုးဖြစ်ပေါ်ပါသေးလဲ? MaLei.....အင်း ပြောရရင် အများကြီးဘဲ ကျနော်.... ပြောပါသိချင်လို့ ပါ။ MaLei....ကျမ အဲလောက်ထိသီလ သမာဓိ မပြည့်စုံသေးပါဘူး။ ကျနော်.... သိသလောက်ပေါ့။ MaLei....ဒါပေမဲ့ ဒီလိုဖူးလိုက်ရတော့ ငါ့ဘဝ မှာလိုအပ်တာတွေအများကြီးဘဲ ကောင်းတာတွေလုပ်ဖို့ လိုပါသေးလားပေါ့။ ကျနော်....သာသနာမှာတော်တော်လေး ပေါ့ပဌန်းဆက်ပါတယ်လို့ ဆိုရပါမယ်။ MaLei....အဓိကတော့ ဗုဒ္ဓဘာသာဟာ ဘယ်လောက်ထိမြင့်မြတ်ပြီး ကိုယ်လုပ်မှကိုယ်ခန္တာ ငြိမ်းချမ်းမယ်ဆိုတာတွေ မပြောပြတက်လောက်အောင်ဘဲ နောက်ပြီးဘာတွေပြောချင်သေးလဲအမ အရင်က ရိပ်သာတို့ ဝိပဿဘာနာကိုပုံမှန်လောက်ဘဲလုပ်ခဲ့တာ ကျနော်....ဟုတ်ကဲ့ပါ အခုကျနော်တင်လိုက်ပါ့မယ်
 MaLei.....အခု ဒီရက်တွေစူးစူးစိုက်စိုက် လုပ်ခဲ့တယ် အဲဒီကောင်းတာတွေလုပ်ခဲ့လို့  ဖူးခွင့်ရတာလားဆိုပြီး အားတက်မိတယ် ကျမတို့ ကမိရိုးဖလာဗုဒ္ဓဘာသာကိုးကွယ်သလိုဖြစ်နေတာလေ အခုတော့ သေချာတာတော့ ကိုယ်လုပ်မှ ကိုယ်ခန္တာငြိမ်းချမ်းမယ် သံသရာဆိုတာလည်းဖြတ်နိုင်မယ်ဆိုတာပါ ဒီပုံရိပ်က ကျမကိုအများကြီး ကောင်းအောင်ကြိုးစားဖို့ သတိပေးသလိုခံစားရတယ် တကယ်တော့ သံသရာကရှည်လွန်းတယ်လေ ဖြတ်နိုင်ဖို့ ခတ်ခဲပေမဲ့ ကြိုးစားပြီးလုပ်ပါ့မယ် ရိပ်သာကဆရာတော်လည်း သင်ပေးတာအရမ်းကောင်းတယ် မျှဝေခံစားစေချင်တာပါ ****************************************************
ကျနော် ရဟန္တာ သတင်းတင်ကို တင်ဖို့ အတွက်မူရင်းပိုင်ရှင်နဲ့  အားလုံးစကားပြောတာလေး ပြန်လည်မျှဝေတာပါ မိမိတို့ အတွက်ကျနော့်မိတ်ဆွေတွေ အားလုံးအတွက်ဖြစ်ပါစေလို့ ကျနော်ဆုတောင်းပေးလိုက်ပါတယ်။
 လေးစားလျက်
ကိုထွန်းဝေ
18.4.2014






















No comments:

Post a Comment