Monday 7 April 2014

မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ(ဂျပန်)စတင် ထုတ်ဝေ

၂၀၁၄ ခုနှစ် မြန်မာပြည် သင်္ကြန်အမီ တင်ဆက်ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အားစုက သံချပ်များ ဖြန့်ချိလိုက်ပါတယ်။ နိုင်ငံတကာရောက် မြန်မာမိသားစုများနှင့် မြန်မာပြည်တွင်းမှ အောင်ပွဲရ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ကို ထောက်ခံအားပေးနေသော မိဘပြည်သူများအတွက် စိတ်သောက ကင်းဝေးနိုင်စေရန် နှင့် ဒုက္ခအပေါင်းမှ ကင်းငြိမ်းစေရန် ရည်ရွယ်ချက်ဖြင့် ခေတ်နဲ့ စနစ်ကိုထင်ဟပ်ပေါ်လွင်စေတဲ့ အတွက်တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးတို အားလုံးမျှော်လင့်နေကြတဲ့အတိုင်း ကျနော်တို့ နိုင်ငံမှာပြည်သူအားလုံးမျှော်လင့်နေတဲ့  အပြောင်းအလဲတွေ စတင်ပါပြီလို့ 


အားလုံးမျှော်လင့်လို့ ကြေငြာ ပြီးမှာဘဲ ဘာမှမပြောင်းလဲဘဲ အရင်အတိုင်းခေါက်ရိုးကျိုးနေတဲ့ အမြင်တွေကိုသိကြမြင်ကြပြီးဖြစ်ပါတယ်။

ကဲ လမ်းဆုံက ဂျမ်းဘုံတို့ ရေ ဘာတွေဟစ်ထားတယ် ဘာတွေဆိုထားတယ်ဆိုတာ သိချင်ရင် ယူကျု နဲ့  ဖေ့ဘုတ်မှာ အသုံးတော်ခံ တင်ဆက်ပြသသွားမှာပါ.။

ယခု နှစ်သံချပ်များကို ဦးဝင်းရွှေ၊ ကိုမျိုးသန့် ၊ ကိုအေးမင်းကို၊ ကိုရဲ နှင့် ကိုထွန်းဝေတို့ မှ ရေးသားခဲ့ကြခြင်း ဖြစ်ပါတယ်၊၊

၁။စင်တက်မင်္ဂလာ

၂။မီးစာတဖက် ရေမှုန့် တဖက်

၃။စစ်တပ်သမိုင်း

၎။မြန်မာပြည်မှာ

၅။တွန်းပါ

၆။ဦးဝီရသူယိမ်း အက

၇။မျှော်လင့်စောင့်စား2015

၈။မြန်မာပြည် ရောင်းရန်မဟုတ်

၉။သတိတွေရ

စတဲ့ တေးသံချပ်များ ပါဝင်ပါတယ်။

အများပြည်သူအားလုံး ကြည့်ရှုနိုင်ရန် သံချပ်သီချင်းခွေ နဲ့ ဗွီဒီယိုတွေ ထုတ်လုပ်ပြီး ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ လာမယ့် ဧပြီလ ၁၃ ရက်နေ့မှာ ဂျပန်ပြည် ဟီဘီရပန်းခြံမှာမှာ ကျင်းပမယ့် မြန်မာပြည်သားတွေရဲ့ တိုကျိုသင်္ကြန်ပွဲတော်မှာလည်း ဖျော်ဖြေကြမှာ ဖြစ်ပါတယ် ဦးဝင်းရွှေ 0904666 4547 ၊ဦးမျိုး သန့်  08050632509 နှင့် ၊ kotunwai@gmail.com , တို့ ကို ထံ မေးမြန်း ဆက်သွယ်နိုင်ကြောင်း သိရှိရပါတယ်။

ဗွီဒီယို.ရိုက်ကူးတည်းဖြတ် ကိုဇေယျာအောင် (ဂျပန်)

http://www.youtube.com/user/zayyar20283

http://www.youtube.com/user/kotunwai

ဒီနေရာတွင် ဒေါင့်လုပ်ယူပြီး ကြည့်ရှု့ နိုင်ပါတယ်။

7.4.2014

No comments:

Post a Comment