Saturday, 23 March 2013

သားကောင်သစ်မိတ္ထီလာ


  The Voice Weekly သတင်းအဖွဲ့

“နာရီစင်ရပ်ကွက်မီးရှို့နေတာ ဗမာအိမ်ရော၊ မွတ်ဆလင်အိမ်ရော အကုန်လောင်တယ်" ဆိုသည်ကား မိတ္ထီလာ စည်ပင်သာယာဈေးအနီးတွင် နေထိုင်သူတစ်ဦး၏ အထိတ်တလန့် ပြောကြားမှုဖြစ်သည်။
မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်နှင့် မိုင် ၈၀ ခန့်အကွာ မိတ္ထီလာမြို့တွင် ဘာသာမတူသူလေးဦး ခိုက်ရန်ဖြစ်ပွားမှုသည် လူထောင်ချီ ပါဝင်သော ပဋိပက္ခကြီး ဖြစ်လာသည်။ လူ ၁၀ ဦး ထက်မနည်း သေဆုံး သည်ဆိုသော သတင်းများ ထွက်ပေါ်နေသည့် ယင်းပဋိပက္ခမှာ မတ်လ ၂၁ ရက်ညနေ ၇ နာရီထိ ပြီးဆုံးခြင်း မရှိသေးပေ။ တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသော လူစုများရှိနေဆဲ ဖြစ်သည်။

ယင်းပဋိပက္ခသည် မတ်လ၂၀ရက် နေ့နံနက် ၉ နာရီအချိန်၌ အစ္စလာမ် ဘာသာဝင်ပိုင် နယူးဝိန့်စိန် ရွှေဆိုင်တွင် ရွှေရောင်းချရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး နာရီပိုင်းအတွင်း ရာချီသောလူအုပ်ကြီး က ရွှေဆိုင်ကို ဖျက်ဆီးသည်အထိ ဖြစ်လာသည်။

ဒေါ်အောင်ဆန်းစုကြည် ရှားပါးဓါတ်ပုံများနှင့်အမေစု ရရှိခဲ့သော ဆုများ
















ဓါတ်ပုံ မခင်ဦး 
ကိုထွန်းဝေ စုဆောင်းပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာမှ အသိအမှတ် ဂုဏ်ပြုသည့် ဆုများစွာရှိသည်။ ရရှိသော ဆုများ၏ ငွေကြေးများကို မြန်မာပြည်သူများ၏ ပညာရေး နှင့် ကျန်းမာရေး(ကဏ္ဍ)အတွက် လှူဒါန်းလေ့ရှိသည်။

** စဉ် ခုနှစ် ရရှိခဲ့သည့် ဆု အမည် ပေးအပ်သည့် ဌာန နိုင်ငံ ဆုကြေး

၁ ၁၉၉၀ သိုးရော်ဖ် ရွပ်ဖ်တို ဆု ရဖ်တို လူ့အခွင့်အရေး ဖောင်ဒေးရှင်း နော်ဝေနိုင်ငံ၏ အလံတော် နော်ဝေ
၂ ၁၉၉၁ စက်ခါရော့ဗ်ဆု ဥရောပ ပါလီမန် ပြင်သစ်နိုင်ငံ၏ အလံတော် ပြင်သစ် ၅၀ ၀၀၀ ယူရို
၃ ၁၉၉၁ နိုဘဲလ် ငြိမ်းချမ်းရေးဆု နိုဘဲလ် ကော်မတီ နော်ဝေနိုင်ငံ၏ အလံတော် နော်ဝေ ၆ ၀၀၀ ၀၀၀ ဆွီဒင် ခရုံနာ
၃ ၁၉၉၆ Companion of the Order of Australia ဩစတြေးလျနိုင်ငံ၏ အလံတော် ဩစတြေးလျ
၎ ၂၀၀၀ လွတ်ငြိမ်းချမ်းသာခွင့် သမ0x081မတ ဆု
၅ ၂၀၀၂ မဒန်ဂျိတ် ဆင့်ဂ်ျ ဆု (Madanjeet Singh Prize) ကမ0x081ဘာ့ကုလသမဂ0x081ဂ ပညာရေး၊ သိပ0x081ပံ နှင့် ယဉ်ကျေးမှု (UNESCO)
၆ ၂၀၀၂ A Doctor of Laws honoris causa Memorial University of Newfoundland ကနေဒါနိုင်ငံ၏ အလံတော် ကနေဒါ
၇ ၂၀၀၄ ဂွမ်ဂျူး လူ့အခွင့်အရေးဆု (Gwangju Prize for Human Rights) ကိုရီးယားသမ0x081မတနိုင်ငံ၏ အလံတော် တောင်ကိုရီးယား
၈ ၂၀၀၇ Honorary Canadian citizenship ကနေဒါနိုင်ငံ၏ အလံတော် ကနေဒါ
၉ ၂၀၀၇ အိုလွတ်ဖ် ပါလ်မယ် ဆု (Olof Palme Prize) အိုလွတ်ဖ် ပါလ်မယ် မိသားစု နှင့် ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ထူထောင်မှု ဆွီဒင်နိုင်ငံ၏ အလံတော် ဆွီဒင် ၇၅ ၀၀၀ အမေရိကန် ဒေါ်လာ

၁၀ ၂၀၀၈ ကွန်ဂရက် ရွှေတံဆိပ်ဆု Congressional Gold Medal) [၈၃] United States Congress အမေရိကန်ပြည်ထောင်စု၏ အလံတော် အမေရိကန်


1. Honorary Fellow St Hugh's College (Oxford, UK) 1990
2. Thorolf Rafto Human Rights (Norway) 1990
3. Sakharov Freedom of Thought (European Parliament) 1991
4. Nobel Peace Oslo, Norway 1991
5. Honorary Member International PEN (Norwegian Center) 1991
6. Humanities Human Rights Award (USA) 1991
7. Honorary Member International PEN (Candian Center) 1991
8. Marisa Bellisario Price Italy 1992
9. Annual Award of the international Human Rights Law Group (USA) 1992
10. Honorary President Students' Union London School of Economics and Political Science ( UK ) 1992
11. Honorary Member International PEN (English Centre) 1992
12. Honrary Life Member University of London Union (UK) 1992
13. Honorary Professional Fellowship Law and Society Trust (Sri Lanka) 1992
14. Honorary Doctorate in Political Science Thammasat University (Thailand) 1992
15. International Simon Bolivar prize UNESCO 1992
16. Prix Litteraire des Droits de l'Homme Nouveaux Droits de l'Homme, France 1992
17. Honorary Member World Commission on Culture and Development (UNESCO) 1992
18. Member Academie Universelle des Cultures (Paris) 1993
19. Rose Prize arbejderbevaegelsens Internationale Forum/International Forum of the Danish Labour Movement, Copenhagen 1993
20. Victor Jara International Human Rights Center for Human Rights and Constitutional Law, Los Angeles, USA 1993
21. Member of the Advisory Board Francois-Xavier Bagnoud Center for Health and Human Rights, Harvard University 1993
22. Honorary Doctorate of Law University of Toronto (Canada) 1993
23. The Freedom of the City Commune of Giugliano, Italy 1993
24. Bremen Solidarity City of Bremen, Germany 1993
25. Premio Mujer Progresista (Federacion Mujeres Progresistas / Spanish Federation of Progressive Women, Madrid) 1993
26. Honorary Doctorate Philosophy & Letters, Free University of Brussels 1994
27. Honorary Adviser Forum of Democratic Leaders in the Asia-Pacific 1994
28. The Freedom of the City Aversa, Italy 1995
29. Liberal International Prize for Freedom Britanints Liberal Democracy Party, UK 1995
30. Honorary Doctorate of Laws Queen's University, Canada 1995
31. Jawaharlal Nehru Award for International Understanding (for 1993) India 1995
32. Gandhi Award Simon Fraser University, Canada 1995
33. Honorary Doctorate of Civil Law University of Oxford 1995
34. IRC Freedom Award International Rescue Committee 1995
35. Companion of the Order of Australia Australia 1996
36. Liberal International Prize (UK) 1996
37. Asia Human Rights of Law (Japan) 1996
38. W.Averell Harrimen Democracy Award National Democratic Institute U.S.A 1996
39. Rajiv Shmirti Parashka [Rajiv Gandhi Memorial Award] India 1996
40. Empty Chair Award Women of the Year Lunch, London, UK 1996
41. Honorary Doctorate of Law Charles University in Prague, Czeeh Republic) 1997
42. Honorary Doctorate of Letters Sydney University of Technology, Australia 1997
43. Honorary Doctorate of Letters California Chapman University, U.S.A 1997
44. Honorary Doctorate of Law Natal University, South Africa 1997
45. Honorary Doctorate of Law America University,Washington D.C, U.S.A 1997
46. Distinguished Alumni Award Central University / Delhi University 1997
47. Honorary Citizenship of Rome (Italy) (May 23,1997) 1997
48. Honorary Doctorate of Letters Glasgow University (UK) 1997
49. Pearl S. Buck Woman's Award Pearl S. Buck Foundation (USA) 1997
50. International Award St. Angela's Peace and Justice Group, Waterford (Eire) 1997
51. Profiles in Courage Award Kennedy Society of Denmark 1997
52. Honorary Doctorate Cambridge University (June 1998) 1998
53. Freedom of the City (Oxford, UK) 1998
54. Honorary Doctorate of Laws University of Wales, Cardiff 1998
55. Honorary Doctorate of Laws University of Bristol (UK) 1998
56. Honorary Doctorate of Laws University of Melbourne (Australia) 1998
57. Honorary degree Université catholique de Louvain, Belgium - December 1998
58. Honorary Degree University of Bath (UK) - December 1998
59. Honorary Degree Bucknell University - May 1999
60. Freedom Award International Republican Institute, USA (October 1999) 1999
61. The Freedom of the City of Dublin Award Ireland (November 1999) 1999
62. 2000 CAW Nelson Mandela Human Rights Award Canada (December 2000) 2000
63. Presidential Medal of Freedom Award U.S.A. (December 2000) 2000
64. Collage United Nations Prize 2001 Germany (June 2001) 2001
65. International Social Welfare Prize University of Southern CaliforniaSchool of Social Work- (December 8) 2001
66. Al Neuharth Free Spirit Award U.S. Foundation, Washington, USA 2003
67. MTV Humanitarian Award, "Free Your Mind" MTV Europe, EDINBURGH, UK 2003
68. The 2004 TIME 100, The most influential people in the world today TIME Magazine 2004
69. Kwangju Human Rights Award May 18 Memory Foundation from South Korea 2004
70. TIME's Asia's Hero 2004 TIME MAGAZINE 2004
71. The Honorary Citizen of Paris France 10/12/2004
72. Honorary Doctorate in Politics, Philosophy and Economics Rangsit University, Thailand 13/12/2004
73. Outstanding Women in Buddhism United Nations Gender and Religious department 8/03/2005
74. Honory Degree in Political Science Thammasat University, Thailand 19/06/2005
75. Freedom of the City Award The City Council of Edinburgh, Scotland 16 /06/ 2005
76. Freedom of Galway City Galway city, Ireland June 2005
77. UNISON Honorary Membership UNISON, Britain's largest trade union, June 2005
78. Olof Palme Prize Sweden, February 2006
79. Freedom Award Franklin and Eleanor Roosevelt Institute, USA March 2006
80. New Statesmen Magazine Hero New Statesmen Magazine, May 2006
81. Netaji Subhas Chandra Bose International Deshprem Award, India, 2007
82. Award from University of Cape Town, South Africa

ဒေါ်အောင်ဆန်းစုကြည်ဖြူးမြို့ ဘိုးဘွားရိမ်သာထူးဖောင်ဒေးရှင်းမှ ငွေပဒေသာပင် ကျပ်သိန်း၅၀၀ဆိုက်ထူလှူဒါန်း


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၈နာရီ ၃၀ မိနစ်က ဖြူးမြို့ ဘိုးဘွားရိမ်သာကိုရောက်ရှိပြီး ဘိုးဘွားရိမ်သာ ထူးဖောင်ဒေးရှင်းမှ ငွေပဒေသာပင် ကျပ်သိန်း၅၀၀က ကော့မှုးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည် ဆိုက်ထူလှူဒါန်းခဲ့ပြီး တစ်နှစ်စာ အဟာရ လှူဒါန်းငွေများကို လှူဒါန်းခဲ့သည်။ထို့နောက် ဖြူးမြို့နယ်

အဖွဲ့ချုပ်ရုံးတွင်ဒေသခံပြည်သူများကိုနုတ်ခွန်းဆက်စကားပြောကြားရာ ပြည်သူလူထုမှ သောင်းသောင်းဖြဖြ ကြိုဆိုနုတ်ဆက်ကြသည်။
ဓါတ်ပုံ  NLD
23.3.2013








မိတ္တီလာမြို့ အဓိကရုဏ်း ဒေါ်စု ပြောပြီ ။

မန္တလေးတိုင်း မိတ္တီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် အဓိကရုဏ်းနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နေပြည်တော်က တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကော်မတီ ရုံးခန်းမှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို အခု ထုတ်လွှင့်ပေးမှာပါ။
22.3.2013
ကိုထွန်းဝေ မျှဝေပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေးကော်မတီ) ၏ မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့်ပတ်သက်၍တိုက်တွန်းနှိုးဆော်ချက်




22 March 2013
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေးကော်မတီ) ၏
မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့်ပတ်သက်
တိုက်တွန်းနှိုးဆော်ချက်

အင်တာနက်လွတ်လပ်ခွင့်ပေးဖို့ Google ဥက္ကဋ္ဌတိုက်တွန်း


Google အကြီးအကဲEric Schmidt ရန်ကုန် နည်းပညာတက္ကသိုလ်မှာ တက္ကသိုလ်ကျောင်းသားများနှင့် တွေ့ဆုံစဉ်။ မတ်လ ၂၂၊ ၂၀၁၃)GoogleအကြီးအကဲEricSchmidtရန်ကုန်နည်းပညာတက္ကသိုလ်မှာ တက္ကသိုလ်ကျောင်းသားများနှင့် တွေ့ဆုံစဉ်။ 

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အသိအမှတ်ပြုနေတဲ့ တချိန်တည်းမှာဘဲ အင်တာနက်နည်းပညာ ထွန်းကားတဲ့ ဒီခေတ်မှာ နောက်ကြောင်း ပြန်လှည့်ဖို့ မဖြစ်နိုင်တော့ဘူးလို့ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ Google ကုမ္မဏီအကြီးအကဲ Eric Schmidt က ပြောဆိုလိုက်ပါတယ်။ တိုင်းပြည်ရဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ ဆက်သွယ်ရေးနည်းပညာဆိုင်ရာ အခြေခံ အဆောက်အဦးတွေကို ပြုပြင်ဖို့ လိုအပ်တဲ့အကြောင်း သောကြာနေ့က ရန်ကုန်တက္ကသိုလ် ၀င်းအတွင်း ပြုလုပ်တဲ့ လူငယ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲအတွင်း Google ကုမ္မဏီအကြီးအကဲက ပြောသွားတာပါ။

ထိုင်းဘုရင် အုတ်ဂူ အစစ်အမှန်ဟု အတည်ပြု



လင်ဇင်းကုန်း သုသာန် တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)
မန္တလေးတိုင်း အမရပူရမြို့ တောင်သမန်အင်းစောင်း လင်းဇင်းကုန်း သုသာန်ရှိ ထိုင်းဘုရင်ဟောင်း ဥတွန်ပုံ၏ အုတ်ဂူမှာ အစစ် အမှန်ဟု အတည်ပြုနိုင်ပြီဖြစ်ကြောင်း တူးဖော်ရာတွင်တွေ့ရှိရသည့် အထောက်အထားများကို ကိုးကား၍ ထိုင်းသမိုင်း ပညာရှင်များက ပြောဆိုသည်။
အုတ်ဂူကို တူးဖော်စစ်ဆေးရာတွင် အရှေ့မြောက်ဘက် အရန် စေတီတိုင်အတွင်းမှ အရိုးများထည့်ထားသည့် မှန်စီရွှေချ သပိတ် တလုံး နှင့် ပန်းချီရေးဆွဲထားသည့် မှန်ချပ်များတွေ့ရခြင်း၊ ထိုင်း ရာဇအနွယ်ဝင်များ၏ ထုံးတမ်းဓလေ့နှင့်အညီ မြှုပ်နှံထားခြင်းများကို တွေ့ရသည့်အတွက် မှန်ကန်သည်ဟု ယူဆခြင်းဖြစ်ကြောင်း သိရသည်။

Friday, 22 March 2013

အိမ်ရှင်ဘာသာဝင်တွေနဲ့ တည့်အောင်နေဖို့လိုတယ်



ယနေ့ နိုင်ငံရဲ့ အစိတ်ပိုင်းတစ်နေရာမှာ အသေးအမွှားကိစ္စလေးကနေ ဘာသာရေး မငြိမ်မသက်မှုတွေ အထိ ရောထွေး ဖြစ်ခဲ့တယ်၊ ထိုအဖြစ်က ရပ်တန့်ဖို့နှင့် ထိုမငြိမ်မသက်မှုကြောင့် ထိခိုက်နစ်နာသူတွေ၊ အကြမ်း
ပတမ်းတွေ မဖြစ်ရလေအောင် သီတဂူဆရာတော်ကြီးက ဘာသာဝင်
အားလုံးတို့အား သတိပေး ဆုံးမထားသည်၊ ဘာသာဝင်အားလုံး သိသင့်သည်၊ လိုက်နာသင့်သည်။ ဒီဗွီဘီက အသံဖိုင် သီတဂူစတား စာအဖြစ် ဖန်တီး၍ မျှဝေလိုက်ပါသည်။

ဧည့်သည်ဘာသာဝင်တွေ

ကိုယ်၊ နှုတ်၊ စိတ် သုံးပါး မငြိမ်းချမ်းသမျှကာလပတ်လုံး၊ နိုင်ငံတော်ရဲ့
ငြိမ်းချမ်းရေး ဘယ်တော့မှ မရနိုင်ဘူး။ ဒီမြန်မာ့မြေပေါ်မှာ နေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ ဟိန္ဒူ
ဘာသာဝင်တွေရှိတယ်။ မြန်မာ့မြေပေါ်မှာ ဗုဒ္ဓဘာသာ ရောက်တာ
နှစ်ပေါင်း ၂၀၀၀ (နှစ်ထောင်) ရှိပြီ။

အဲဒီဘာသာတွေ ရောက်လာတာ နှစ် ထောင်ဂဏန်းမရှိသေးဘူး၊ ရာဂဏန်းပိုင်းပဲ ရှိသေးတယ်၊ ဧည့်သည် အဖြစ်နဲ့ ရောက်လာကြတဲ့ ဘာသာဝင်တွေဟာ အိမ်သည်နဲ့ ယဉ်ယဉ်ကျေးကျေး ချစ်ချစ်ခင်ခင် တည့်အောင်နေဖို့ကောင်းတယ်။

ဘာသာတိုင်း သစ္စာတရားနဲ့ ငြိမ်းချမ်းရေးအတွက်ဖြစ်

ပြီးတော့ တခါ “ဒီဘာသာတရားတွေကို တည်ထောင်ခဲ့တယ်၊ God တို့၊ အမ်လာတို့၊ ရဟူးတို့၊ ဗြာဟ္မာတို့၊ ဗိရှနှိုးတို့၊ ရှီဝတို့၊ ဒို့ဘက်ကပြောရင်
ဗုဒ္ဓတို့ သူတို့တတွေဟာ သစ္စာတရားနဲ့ ငြိမ်းချမ်းရေးအတွက်
ပေါ်လာတာပဲ”လို့ အကုန်လုံး တကမ္ဘာလုံးက ပညာရှိတိုင်းက ယုံကြည်လက်ခံထားကြတယ်။ အဲဒါကို ယုံကြည်လက်ခံထားသည့်
အားလျှော်စွာ ဒီဘာသာတရားတွေကို ကိုးကွယ်ကြတဲ့ ဒီလိုတွေဟာ သစ္စာတရားနဲ့ ငြိမ်းချမ်းရေးကို အကုန်လုံး ၀ိုင်းဝန်း တည်ဆောက်တဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်သင့်တယ်။ သစ္စာတရားကို ဖောက်ဖျက်ပြီးတော့ အမှန်တရားကို ဖယ်ရှား၊ မတရားတွေ၊ အဓမ္မ၀ါဒတွေ အဓမ္မကျင့်သုံးမှုတွေကို ကျင့်သုံးပြီးတော့ ငြိမ်းချမ်းရေးကို
နှောက်ယှက်ကြမည်ဆိုရင်တော့ ဘယ်ဘာသာဝင်ကိုမဆို
ဘယ်ဘုရားကမှ ကြိုက်မှာ မဟုတ်ဘူး။

မြန်မာ့မြေက ဘာသာဝင်တွေ အိမ်ရှင်ဘာသာနဲ့ ချစ်ချစ်ခင်ခင် နေဖို့လို

အဲဒါကြောင့် “နှစ်ပေါင်း ရာဂဏန်းလောက်သာ ရှိသေးတဲ့၊ မြန်မာ
မြေပေါ်ကို ရောက်လာကြတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ ငြိမ်းငြိမ်း
ချမ်းချမ်း ပြေပြေပြစ်ပြစ်၊ ချစ်ချစ် ခင်ခင်ဗုဒ္ဓဘာသာတွေနဲ့ နေဖို့
ကောင်းတယ်။” ဗုဒ္ဓဘာသာတွေက ဒီနိုင်ငံမှာ နှစ်ပေါင်း နှစ်ထောင်ကျော်ပြီ၊ သူတို့တတွေက ရာလောက်ပဲ ရှိသေးတယ်၊ အဲဒါကြောင့် အိမ်သည်တွေနဲ့ ဧည့်သည်တွေဟာ ချစ်ချစ်ခင်ခင်၊ ညီညီညွတ်ညွတ် ရှိဖို့ကောင်းတယ်။

မြန်မာ့ရာဇ၀င်က မွတ်စလင်

ဒို့နိုင်ငံတော်မှာ မင်းအဆက်ဆက်၊ ပုဂံခေတ်ကပဲ စကြည့်၊ ရခိုင်ရာဇ၀င်
တွေမှာပဲ ဖတ်ကြည့်၊ ဗဒူမင်းညိုတို့ ဘာတို့ဆိုတဲ့ စာဆိုတော်တွေဟာ ရခိုင်ရာဇ၀င်မှာ ရှိတယ်။ ဗဒူမင်းညိုဆိုတာ အဗ္ဗဒူမင်းညိုပဲကွ၊ အဲဒီတော့ ဗမာ့နန်းတွင်းမှာ စနစ်တကျပဲ၊ အမရပူရမှာ ကြည့်လိုက်ရင် အမရပူရမြို့တော်ဝန်ဟာ မွတ်စလင်ဘာသာဝင်တွေ ဖြစ်ဖူးတယ်၊ အဲဒါ မြန်မာ့မင်းတွေက ဒီလို နေရာတွေမှာ သေသေချာချာ သပ်သပ်ရပ်ရပ် ကောင်းကောင်းမွန်မွန် ချစ်ချစ်ခင်ခင် ပေးထားပါတယ်ကွ။

ငြိမ်းချမ်းစွာ လက်တွဲလို

အဲဒါကြောင့် အိမ်ရှင်နဲ့ ဧည့်သည်ဟာ၊ အိမ်ရှင်ကလဲ အိမ်ရှင်ဝတ်နဲ့
ကျေကျေပွန်ပွန် ဧည့်သည်တွေကို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံ လက်ခံ၊ ဧည့်သည်တွေကလဲ အိမ်ရှင်ရဲ့ အိမ်ပေါ်မှာ အိမ်ရှင်ကို ဒုက္ခမပေးနဲ့၊ အိမ်ရှင်ကို ပြစ်မှား ဆော်ကားခြင်း၊ အိမ်ရှင်ကို ရိုက်ပြီးတော့ လုဖို့ မကြိုးစားကြဖို့ အဲဒါ အလေးအနက် တိုက်တွန်းချင်ပါတယ်။

အားလုံး မေတ္တာ ကရုဏာ၊ ဘုရားသခင်တို့ရဲ့ မေတ္တာ ကရုဏာ၊ ပညာ အရိပ်အောက်မှာ အားလုံး ကရုဏာနဲ့တူသော လရောင်ခြည်အောက်မှာ၊ ပညာနဲ့တူတဲ့ နေရောင်ခြည်အောက်မှာ အားလုံး အမြင်ရှင်းလင်းပြီး
အေးအေးချမ်းချမ်း နေထိုင်ကြစေချင်ပါတယ်။


သီတဂူဆရာတော်ကြီး

မတ်လ၊ ၂၁ရက်၊ ၂၀၁၃ နေ့ ဒီဗွီဘီမှာ ပြောသော သီတဂူဆရာတော်ကြီး၏ ငြိမ်းချမ်းရေးဓမ္မ အသံဖိုင်မှ ကူးယူ ဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၃-၂၀၁၃

http://www.sitagustar2020.net/2013/03/by.html

မေတ္တာ ခံယူနေ ရ ရှာ တဲ့ လူနာ ရယ် ဆိုတဲ့ လူသားတွေ

ဆေးရုံ ထဲမှာ တော့ မူစလင်မကြီး ရယ် ဘုန်းကြီး ရယ် မရှိ တော့ ပါဘူး၊ မေတ္တာ နဲ့ ကုပေးသူ ရယ်၊ မေတ္တာ နဲ့ အား ပေး သူ ရယ်၊ မေတ္တာ ခံယူနေ ရ ရှာ တဲ့ လူနာ ရယ် ဆိုတဲ့ လူသားတွေ ပဲ ပေါ့။ ဘာလို့အဲဒီ ဝါဒဟာလွန်မှရောက်လာတာလဲဗျာ????
lotus man

အရေးပေါ် အမိန့် 



သိထားသင့်တယ်လို့  လက်လှမ်းမှီသလောက် တင်ပြလိုက်ပါတယ်

မိတ္ထီလာ မြို့နယ် ၄ ခုကို သမ္မတအမိန့်နဲ့ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီ
(ဒေသ စံတော်ချိန် ညနေ ၄း၃၀)

မိတ္ထီလာ အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာလိုက်ခြင်း
================

နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၁၃)
(၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်)
---------------------

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ
-မိတ္ထီလာမြို့နယ်
-ဝမ်းတွင်းမြို့နယ်
-မလှိုင်မြို့နယ် နှင့်
-သာစည်မြို့နယ်များအတွင်း

ယနေ့မှစ၍ အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။

တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။

ပုံ
သိန်းစိန်

မူရင်း ဒီဗွီဘီ

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ်နိုင်ငံ၏ဖွံဖြိုးရေးဝန်ကြီး တွေ့ ဆုံ



ပြင်သစ်နိုင်ငံ၏ဖွံဖြိုးရေးဝန်ကြီး Pascal Canfin နဲ့ ကိုယ်စားလှယ်အဖွဲ့ ကို ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ
ဒီကနေ့ ညနေကတွေ့ ဆုံခဲ့ ပါတယ်
Daw Aung San Suu Kyi meet with H.E. Pascal Canfin; French Development Minister and his delegation at her residence(Naypyitaw) tody evening.
22.3.2013

ဓါတ်ပုံ  ကိုဆန်နီ
 ဘားမားဗွီဂျေ

မိတ္ထီလာခရိုင်တွင် အရေးပေါ် အခြေအနေ ကြေညာ



မိထ္ထီလာမြို့ရှိ ချမ်းအေး ရပ်ကွက် မတ်လ ၂၂ ရက်နေ့က မီးလောင်နေစဉ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)
သမ္မတဦးသိန်းစိန်က  ပဋိပက္ခများဖြစ်ပွားလျက်ရှိသော မိတ္ထီလာခရိုင်အတွင်းရှိ ၄ မြို့နယ်တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး အခြေအနေများထိန်းသိမ်းနိုင်ရန် တပ်မတော်၏ အကူအညီကိုပါ ရယူဆောင်ရွက်မည်ဖြစ်ကြောင်း အမိန့်ညွှန်ကြားချက်တရပ်ထုတ်ပြန်လိုက်သည်။
မိတ္ထီလာခရိုင် အတွင်းရှိ မိတ္ထီလာမြို့နယ်၊ ၀မ်းတွင်းမြို့နယ်၊ သာစည်မြို့နယ်၊ မလှိုင်မြို့နယ် များတွင် ဆူပူအကြမ်းဖက် မှုများ ပိုမို များပြား ကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက် ရုံဖြင့် အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်း များ ထိရောင်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း၊ ပြည်သူများ၏ လုံခြုံရေး၊ တည်ငြိမ် အေးချမ်း စွာနေနိုင်ရေးတို့အတွက် အရေးပေါ်အခြေအနေ ကြေညာရခြင်းဖြစ်ပြီး တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက် ရမည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်၏ အမိန့်ညွှန်ကြားချက်တွင် ဖော်ပြထားသည်။
မိတ္ထီလာမြို့ပေါ်တွင် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းဖြစ်ပွားအောင် လုပ်ဆောင်သူများ၊ လှုံ့ဆော်သူ များကို ပစ်ခတ်နှိမ်နင်းသည် အထိ ထိန်းသိမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခပုံစံဖြစ်အောင် ဖန်တီးမှုကို အစိုးရက လုံးဝလက်မခံနိုင်ကြောင်း၊ ထို့ကြောင့် ပဋိပက္ခဖြစ်အောင်လှုံ့ဆော်သူများ၊ လုပ်ဆောင်သူ များ အားလုံးကို တားဆီးအရေးယူသွားမည် သမ္မတဦးသိန်းစိန်၏ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ် ပြန်ကြားရေး ဒုတိယဝန်ကြီး လည်းဖြစ်သူ ဦးရဲထွဋ်က ဧရာဝတီသို့ ပြောသည်။
“တတ်နိုင်သမျှလုံခြုံရေးအင်အားတိုးချနေတယ်၊ လိုအပ်ရင် ပုဒ်မ ၁၄၄ထုတ်ပြန်ထားတဲ့အပေါ် အဆင့်အတိုင်း လုပ်သွား မှာပါ၊ နောက်ဆုံးအဆင့်အနေနဲ့ဆိုရင်တော့ ပစ်ခတ်ရတဲ့ အထိကို ထိန်းသိမ်းပြီးလုပ်မှာပါ”ဟု ဦးရဲထွဋ်က ဆိုသည်။
လက်ရှိတွင် မြို့ပေါ်ရှိ အစ္စလမ်ဘာသာဝင် များကို ရဲတပ်ဖွဲ့ဝင်များ အပါအဝင် သံဃာတော်များ၊ လူငယ်များက လုံခြုံစိတ်ချ ရသည့် နေရာများသို့ ပို့ဆောင်နေကြောင်း၊ အခြေအနေများ အေးဆေးတည်ငြိမ်ရေး ပြည်သူများပါ ၀ိုင်းဝန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။
“၁၄၄ ကို ထိထိရောက်ရောက် မလုပ်ကောင်းလားဆိုပြီး အပြစ်တင်တယ်၊ ရဲတပ်ဖွဲ့က နှိမ်နင်းတော့လည်း သံဃာတော်ကို တွေ ပစ်လို့ လူတွေကိုပစ်လို့ ဆိုပြီး အပြစ်တင်ကြတယ်၊ လုံခြုံရေးအင်အားနဲ့ တင်မရပါဘူး ပြည်သူတွေကပါ ကူညီမှ ရမယ်”ဟု ဦးရဲထွဋ်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယက ဦးဝင်းတင်က လက်ရှိအခြေအနေသည် စိုးရိမ်စရာကောင်းနေပြီး ထိန်းသိမ်းမရ ပါက နိုင်ငံအတွက် အရေးပေါ်အခြေအနေဖြစ်သွားနိုင်ကြောင်း၊ ယင်းကဲ့သို့ဖြစ်ပါက စစ်တပ်က ၀င်ရောက်လာမည်ဖြစ် ကြောင်း၊ ဘာသာရေးကိုအခြေခံကာ အဓိကရုဏ်းများဖန်တီးနေသည့်အတွက် ဆိုးကျိုးများစွာရှိလာနိုင်ကြောင်း၊ နိုင်ငံတကာတွင်  မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ ကျဆင်းနိုင်ကြောင်း ပြောသည်။
“ဘာသာရေး အခြေခံဖြစ်တာမကောင်းပါဘူး၊ သူ့ဘာသာ ကိုယ့်ဘာသာ အားလုံးက ယုံကြည်ချက်ရှိကြတာပဲ၊ ဘာသာရေး ဇောင်းပေးနေရင် ပြဿနာတွေ ပိုကြီးထွားလာနိုင်တယ်”ဟု ဦးဝင်းတင်က ဆိုသည်။
နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ချုပ်က လက်ရှိ မိတ္ထီလာပဋိပက္ခတွင် ဝင်ရောက် စွတ်ဖက် မည်မဟုတ်ကြောင်း၊ သံဃာတော်များပါဝင်သော အဓိကရုဏ်းကြီးတခုဖြစ်သွားမည်ကို အလွန်စိုးရိမ်မိကြောင်း၊  သံဃာ မဟာနာယက အဖွဲ့အနေဖြင့် မှတ်ချက်တစုံတရာ မပေးလိုကြောင်း သံဃာ မဟာနာယက အဖွဲ့ဝင် ဆရာတော် ဦးဝါယမက ဧရာဝတီသို့ ပြောသည်။
မိတ္ထီလာမြို့ပေါ်ရှိ အဆောက်အအုံ၊ဈေးဆိုင်နှင့်  ဗလီများ ပျက်စီးနေပြီး လူအသွားအလာကင်းမဲ့ ပြီး ခြောက်ကပ် တိတ်ဆိတ် လျက်ရှိနေကြောင်း မိတ္ထီလာဒေသခံများက ပြောသည်

မီးဘေးဒုက္ခသည်များနှင့်၈၈ မျိုးဆက်ကျောင်းသားများ



မိထ္တီလာမြို့ မီးဘေးသင့်ပြည်သူများအား အားပေးကူညီနေသော ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ
ဓါတ်ပုံ  စမ်းချောင်းကိုကိုကြီး
22.3.2013








မိတ္ထီလာကိစ္စ ထိရောက်စွာအရေးယူဖော်ထုတ်သွားမည်

စွဲစွဲမြဲမြဲ မှတ်ထားရမယ့် ဆရာတော်မိန့် ခွန်း သီတဂူ ဆရာတော် ဆရာတော် ဦးဥာဏိဿရ တန်ဖိုးကြီးတဲ့ ဆုံးမစကား


ဘာသာတရား အားလုံးဟာ သစ္စာတရားနဲ့ငြိမ်းချမ်းရေးအတွက် ပေါ်ပေါက်လာတာဖြစ်ပြီး ဘယ်ဘာသာကိုပဲ ကိုး ကွယ်ကိုးကွယ် သစ္စတရားနဲ့ ငြိမ်းချမ်းရေးကိုပဲ ၀ိုင်းဝန်းတည်ဆောက်တဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်သင့်တယ်လို့ သီတဂူ ဆရာတော် ဆရာတော် ဦးဥာဏိဿရ က ဒီမိုကရက်တစ်မြန်မာ့အသံကို မိန့်ကြားသွားပါတယ်။
ဒီဗီံဘီ

Thursday, 21 March 2013

မိတ္ထီလာအရေး စိုးရိမ်နေရဆဲ


လုံခြုံရေး ရဲတပ်ဖွဲ့ကို မန္တလေး၊ နေပြည်တော်၊ ရန်ကုန်တို့မှ အင်အားများ ညတွင်းချင်း ခေါ်ယူခဲ့ရ (ဓာတ်ပုံ – ဧရာဝတီ)
မိတ္ထီလာအရေး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပိုမိုတင်းကြပ်စွာ ကိုင်တွယ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တိုက်တွန်းလိုက်ပြီး ရဲတပ်ဖွဲ့ကလည်း ရုန်းရင်းဆန်ခတ်မှုများကို အပြီးသတ် ထိန်းချုပ်နိုင်ရန် ကြိုးစားနေသော်လည်း အခြေအနေမှာ ထိန်းမနိုင်သိမ်းမရ  ဖြစ်နေသေးကြောင်း သိရသည်။
“အခုအချိန်က ပုဒ်မ ၁၄၄ ထုတ်ထားတဲ့အတွက် ရဲတွေအနေနဲ့ ဥပဒေစိုးမိုးဖို့ တိတိကျကျ ကိုင်တွယ်ဖို့ လိုတယ်။ နှောင့်နှေးကြန့်ကြာ မနေဖို့ ဒီမနက်ပဲ မန္တလေး အစိုးရအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားတယ်” ဟု မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ဧရာဝတီကို ပြောဆိုသည်။
မိတ္ထီလာမြို့တွင် ဖြစ်ပျက်နေသော ရုန်းရင်းဆန်ခတ်မှုများကို လက်ရှိ အခြေအနေအထိ ထိန်းသိမ်းရန် ကြိုးစားနေရဆဲဖြစ် ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့ရုံးက ပြောဆိုသည်။ အခင်းဖြစ်ပွားရာ နေရာတော်တော်များများကို လုံခြုံရေးရဲတပ်ဖွဲ့များမှ သွားရောက်ထိန်းချုပ်သော်လည်း ရုန်းရင်းဆန်ခတ်မှုများ၊ ဖျက်ဆီးလုယက် မီးရှို့မှုများ ဖြစ်ပျက်နေသေးကြောင်းလည်း တာဝန်ကျ ရဲဝန်ထမ်းက ပြောသည်။
“ ကျနော်တို့လည်း အတတ်နိုင်ဆုံး ထိန်းသိမ်းနေပါတယ်။ ဒီနေ့တော့ အပြီးထိန်းချုပ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ကျနော်တို့က တနေရာကို ထိန်းနေတုန်း တခြားတနေရာက ပြန်ဖြစ်နေသေးတယ်။ အခုချိန်ထိ မီးလောင်တာတွေ ရှိ နေသေးတယ် ” ဟု ၄င်းက ဆိုသည်။
မျက်မြင်သက်သေများ၏အဆိုအရမူ မိတ္ထီလာမြို့တွင်း နေရာအတော်များများ ကျီးလန့်စာစားဖြစ်နေရပြီး အစ္စလမ်ဘာသာဝင်များ ပိုင်ဆိုင်သော အိမ်များ၊ဈေးဆိုင်များနှင့် အခြား ပိုင်ဆိုင်မှုပစ္စည်းကို ဖျက်ဆီး မီးရှို့ခံနေရသောကြောင့် အမျိုးသမီးနှင့် ကလေးငယ်များစွာ ခိုလှုံနေရသည့် အစ္စလမ်ရပ်ကွက်က မိတ္ထီလာ အခြေစိုက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် အခြားရပ်မိရပ်ဖများကို လုံခြုံရေးအတွက် အကူအညီ တောင်းခံကြကြောင်း သိရသည်။
မိတ္ထီလာမြို့ မင်္ဂလာဇေယျုံရပ်ကွက်အတွင်းရှိ ဗလီတစ်ခုတွင် ယမန်နေ့ညထဲက ပုန်းအောင်းနေသော အစ္စလမ်ဘာသာဝင်များကို လူအုပ်စုဖြင့် အကြမ်းဖက်ရန် လာသည့်အတွက် ရဲများအနေဖြင့် တားဆီးကယ်တင်ခဲ့ရာတွင် လူအုပ်စုကြီးကို ရ သောနည်းဖြင့် ထိုးဖောက်ကယ်တင်ခဲ့ရကြောင်း ခရိုင်ရဲတပ်ဖွဲ့ဝင်က ပြောသည်။
“ အကုန်လုံးတော့ ကယ်တင်လိုက်နိုင်တယ်။ အဲဒီမှာ ရဲတွေပါ ပိတ်မိနေတယ်။ လူအုပ်ကြီးက အစ္စလမ်ဘာသာဝင်တွေကို သတ်မှာစိုးလို့ သူတို့ကို ကယ် တင်ရာမှာ လူအုပ်ကြီးကို ထိုးဖောက် ကယ်တင်ရတယ်။ အခုဖြစ်နေတာက တကယ်လုပ်တဲ့ လူတွေက လုပ်ပြီးထွက်ပြေးသွားတာ။ ပြီးတော့ ဟိုနားတစ်စ၊ ဒီနားတစ်စ လုပ်သွားတာ ” ဟု ၄င်းက ဆက်ပြောသည်။
လုံခြုံရေးရဲတပ်ဖွဲ့ကို မန္တလေး၊ နေပြည်တော်၊ ရန်ကုန်တို့မှ အင်အားများ ညတွင်းချင်း ခေါ်ယူ၍ တိုးချထားရာ တပ်ဖွဲ့ဝင် အင်အား ၆၀၀ ကျော်ရှိနေပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း အခြေအနေကို ထိန်းချုပ်မနိုင် ဖြစ်နေရကြောင်းသိရသည်။ ရန်ကုန်-မန္တလေး ကားလမ်းမပေါ်တွင်လည်း ဘုန်းတော်ကြီးများပါဝင်နေသည့် လူအုပ်က လာသမျှ ကားကို တားဆီးပြီး စစ်ဆေးနေကြောင်း၊ ဂျစ်ကားတစီး မီးရှို့ခံရကြောင်းလည်း သတင်းရရှိသည်။
မြို့တွင်းသို့ ရောက်နေသော ဧရာဝတီသတင်းထောက်၏ ပြောဆိုချက်အရ ဆူပူအကြမ်းဖက်နေသူများသည် သတင်းထောက်များကိုလည်း ဓာတ်ပုံရိုက်ခွင့် မပေးကြောင်းနှင့် အဝေးမှ ခိုးပြီး ဓာတ်ပုံရိုက်နေရကြောင်းသိရသည်။
“အခြေအနေက တော်တော်ဆိုးနေတယ်။ ရဲက ခရိုင်ရဲတပ်ဖွဲ့ရုံးရဲ့ ကိုက် ၁၀၀ အကွာမှာ ဖြစ်ပျက်နေတာ သွားမတားရဲဘူး။ သူတို့ပါ ပြန်ရန်ရှာခံထိမှာ စိုးရိမ်နေပုံပဲ” ဟု ဧရာဝတီ သတင်းထောက်က ပြောဆိုသည်။
သေဆုံးသူ အရေအတွက်ကိုမူ ယခုတိုင် အတိအကျ မသိရှိရသေးပေ။ မိတ္ထီလာမြို့သို့ ရောက်ရှိနေသော ဧရာဝတီသတင်းထောက်ကို ခရိုင်ရဲတပ်ဖွဲ့က ညနေ ၆ နာရီတွင် ပြောကြားချက်အရ လူ ၁၄ ဦး သေဆုံးသည်ကို မြင်တွေ့ခဲ့သည်ဟု ပြောဆိုသော်လည်း  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်ကမူ ၁၀ ဦး သေဆုံးကြောင်း ပြောသည်။ သို့သော်  မိတ္ထီလာဆေးရုံကမူ လူ ၅ ဦး သေဆုံးသည်ဟု ဆိုသည်။ ဆေးရုံသို့ လူ ၂၇ ယောက် (ကျား ၂၃+ မ ၄) ရောက်ရှိလာရာ ၃ ယောက်မှာ သေဆုံးနေပြီးဖြစ်ကြောင်း၊ ၂ ယောက်မှာ ဆေးရုံသို့ ရောက်အပြီး သေဆုံးသွားကြောင်း၊ ၅ ယောက်မှာ ပြန်ဆင်းသွားနိုင်ပြီဖြစ်၍ လတ်တလော ဆေးရုံတွင် ၁၇ ယောက် ဆေးကုသခံနေကြောင်း မိတ္ထီလာဆေးရုံက ဧရာဝတီသို့ ပြောဆိုသည်။
အဓိကရုဏ်း ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး ရန်ကုန်ရှိ အမေရိကန် သံရုံးက ယနေ့ နေ့စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရက် မစ်ချယ်က မိတ္ထီလာတွင် ဖြစ်ပေါ်နေသည့် မတည်မငြိမ်မှုကို ယနေ့ မတ်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် အကြမ်းဖက်မှုများနှင့် အိုးအိမ်ပျက်ဆီးမှုများ အတွက် စိုးရိမ်ကြောင်း ပြောဆိုထားသည်။ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အသက်အိုးအိမ် စည်းစိမ် ပျက်ဆီးဆုံးရှုံးသွားသူများ၏ မိသားစုများအတွက် များစွာ ၀မ်းနည်း စာနာမိကြောင်းနှင့် အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိဖြစ်စဉ်များအရ မိတ္ထီလာမြို့ပေါ်တွင် ဖြစ်ပျက်နေသော အနေအထားများသည် ရက်ပိုင်းအတွင်း ပြေငြိမ်းနိုင်သော် လည်း ယခုလို လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်လာစေရန် လှုံဆော်မှုများ ဖြစ်နိုင်ခြေ ကို ယခင်ကတည်းက မြင်တွေ့ခဲ့ရကြောင်း၊ ယခုမှ အချိန်တန်သောကြောင့် ထုတ်ဖော်ပြောကြားရခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ၄င်းအဖွဲ့၏ ရုံးခန်းတွင် ယမန်နေ့ညက ပြုလုပ်သော အရေးပေါ် သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့ပြင် တရားဥပဒေစိုးမိုးရေးအတွက် မည်သည့် ရာဇ၀တ်မှုများကိုမဆို ရာဇ၀တ်မှုရှုထောင့်မှ သုံးသပ်ပြီး တာဝန်ရှိ သူများအနေဖြင့် ပွင့်ပွင့်လင်းလင်း ကိုင်တွယ်ရန် လိုအပ်ကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်များအတွက် ကာကွယ်ရန် တာဝန်ယူရမည်ဖြစ်ကြောင်း ကိုမင်းကိုနိုင်က ဆက်ပြောသည်။
“ အားလုံးက စွမ်းသမျှတော့ လုပ်ကြပါတယ်။ အသက်တွေ ကယ်တင်နိုင်ခဲ့တာလည်း ရှိခဲ့ပါတယ်။ အကြမ်းဖက်တဲ့ အထဲမှာ အဖိတ်အစဉ်တွေလည်း ရှိခဲ့ပါတယ်။ နောက်ထပ်မဖြစ်အောင်၊ နောက်ထပ် မပြန့်ပွားအောင် အားလုံး အတတ်နိုင်ဆုံး ၀ိုင်းဝန်းထိန်းသိမ်းကြပါ ” ဟု ယနေ့ ရွှေညဝါဆရာတော်၊ ဦးဝီရသူတို့နှင့် အတူ မိတ္ထီလာသို့ သွားရောက်နေစဉ် ဧရာဝတီကို ပြန်လည်ဖြေကြားခဲ့သည်။ “တပြည်လုံးမှာ မပြန့်ပွားအောင် ဆက်ပြီးတော့ ထိန်းကြရမယ်။ ရန်ကုန်ရောက်ရင် သက်ဆိုင်ရာ သံရုံးတွေကိုရော၊ အသိ ပေးရမယ့် လှုပ်ရှားတက်ကြွတဲ့သူတွေရော၊ သြဇာတိက္ကမ ရှိတဲ့သူတွေရော မေတ္တာရပ်ခံမယ်။ ဒီကိစ္စကို အဆက်မပြတ် နိုးနိုးကြားကြားနဲ့ ထိန်းသိမ်းရမှာပေါ့ ” ဟုလည်း ဆိုသည်။
ထိုဖြစ်ပျက်မှုများ၏ အဖြစ်မှန်ကို စုံစမ်းပြီး တစ်ပတ်အတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ပြန်လည် အစီရင်ခံစာ တင်သွင်းရန် မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို ဥက္ကဌခန့်ကာ စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့ စည်းလိုက်ကြောင်း အမိန့်အမှတ် ၁၉/ ၂၀၁၃ ဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းလိုက်သည်။
ယနေ့ညနေ အခြေအနေများအရ မိတ္ထီလာမြို့အတွင်းသို့ GSM၊ CDMA ဖုန်းများကို ခေါ်ဆို၍မရတော့ကြောင်း၊ ဒေသခံများ အနေက မိမိတို့၏ လုံခြုံရေးအတွက် စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို


Print This Post
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် နှင့် ပြဿနာတက်ခဲ့သော ယဉ်ထိန်းရဲ တပ်သား စံသိန်းထွေးကို နေပြည်တော်ရှိ အကြီးအကဲတဦးက ခေါ်ယူထားကြောင်း ကမာရွတ်မြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စုရုံး အမှတ် ၂၅ မှ တာဝန်ကျ အရာရှိက ဧရာဝတီသို့ ပြောသည်။
“အကြီးအကဲက ခေါ်လို့ နေပြည်တော်ကို ပို့လိုက်ပြီ။ ဟို Case ဖြစ်ကတည်းက ပို့လိုက်တာ” ဟု သူက ဆိုသည်။
နေပြည်တော်မှ အကြီးအကဲဟု ဆိုသော်လည်း ၎င်းတို့အနေဖြင့် သေချာမသိရှိဘဲ နေပြည်တော် ယဉ်ထိန်းတပ်ဖွဲ့မှူးမှ တဆင့် ခေါ်ယူထားခြင်း ဖြစ်ကြောင်း၊ ရန်ကုန်ရုံးတွင် ခွင့်ယူထားကြောင်း၊ နေပြည်တော်မှ ခေါ်ဆိုရခြင်း အကြောင်းကို ၎င်းတို့ အဆင့်ဖြင့် မသိရှိနိုင်ကြောင်း ယင်းယာဉ်ထိန်းရုံးမှ တခြား အရာရှိတဦးကလည်း ပြောသည်။
နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်
ယခုလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဖိုးလပြည့်သည် ၉ ဂ/  ၉၉၁၄ ကို မောင်းနှင်လာပြီး တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်း မီးပွိုင့်တွင် ကားလမ်းရှင်းပေးရန် တောင်းဆိုသောကြောင့် ယဉ်ထိန်းရဲက လမ်းရှင်းပေးရာ မီးနီနေစဉ် မီးစိမ်းပေးခဲ့သော်လည်း ပွိုင့်ဖြတ်စဉ် မီးဝါသွားသဖြင့် ကားပြန်လှည့်လာပြီး တာဝန်ကျရဲကို လက်သီးဖြင့် ဆင်းထိုးခဲ့ကြောင်း၊ ညနေ ၃ နာရီခန့်တွင် ဗိုလ်မှူးဆိုသူတဦး ထပ်မံရောက်ရှိလာပြီး ယဉ်ထိန်းရဲ တပ်သား စံထွေးအောင်ကို ခေါ်ယူကာ ၎င်း၏ အိမ်တွင် ရေခဲရေဖြင့်ပက်ခြင်း၊ ပါးရိုက်ခြင်းတို့ ပြုလုပ်ခဲ့သေးကြောင်း လူမှုကွန်ရက် အင်တာနက် စာမျက်နှာများတွင် ဖော်ပြထားသည်။
၎င်းဖြစ်စဉ်ကို မှန်ကန်ကြောင်း ယဉ်ထိန်းရဲတပ်သား စံသိန်းထွေးက ပြည်တွင်း အပတ်စဉ်ထုတ် လူထုပုံရိပ်ဂျာနယ်သို့ အတည်ပြုခဲ့ပြီး ၎င်းအန္တရာယ်ကင်းရန်အတွက် အထက်တာဝန်ရှိသူများကို တိုင်ကြားမှု ပြုလုပ်တော့မည် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
အစိုးရ ယူနီဖောင်းဝတ် ၀န်ထမ်းတဦးကို တာဝန်ချိန်တွင် လက်ရောက်မှုပြုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၃ အရ အရေးယူနိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် တထောင်ချမှတ်နိုင်ကြောင်း၊ တာဝန်ဝတ္ထရား နှောင့်ယှက်မှုတွင် နှစ်ပိုင်းရှိပြီး ပုဒ်မ ၁၈၆ အရ ပြည်သူ့ဝန်ထမ်းကို ဟန့်တားနှောက်ယှက်သည်ဟု ယူဆပါက ထောင်ဒဏ် ၃ လ (သို့မဟုတ်) ငွေဒဏ် ကျပ်ငါးရာ၊ ပုဒ်မ ၁၈၉ အရ ပြည်သူ့ ၀န်ထမ်းကို နစ်နာစေမည့် ခြိမ်းခြောက်မှုဟု ယူဆပါက ထောင်ဒဏ် နှင့်ငွေဒဏ်များ ပြစ်ဒဏ်ခံရနိုင်ကြောင်း ရန်ကုန်ရှေ့နေကွန်ရက်မှ ဦးကြီးမြင့်က ပြောသည်။

အမေ မိသားစု အရိပ်ကလေးများ

ငွေသော်တာရောင်ခြည်လို
လှပတဲ့ အမေ့ မျက်နှာကဗျာမမှီ
ဘယ်လိုစာသားနဲ့ တင်စားလို့ မဆုံးနိုင်
အမေစုမိသားစုဓါတ်ပုံလေးက
ဘယ်လို စကားနဲ့ မှ ပုံဖွဲ့ လို့ မရ
တသသနဲ့ အမေအကြည့်တွေ

အမေ့ရခဲ့တဲ့ ဘွဲ့ 
အမေ့ ကြိုးစားနေတဲ့
မြန်မာနိုင်ငံသား တိုင်းလွတ်လပ်ခွင့် များ
မြန်မာပြည်သူတွေ အတွက်
တရားဥပဒေစိုးမိုးရေး ကို
အမေကြိုးစားနေတယ် ဆိုတာ ..
အမြဲယုံကြည်မိပါ၏..။ ။

ကိုထွန်းဝေ
21.3.2013

မိတ္ထီလာမြို့၊ မင်္ဂလာဇေရုံ ရပ်ကွက်ရှိ လူနေအိမ်များ မီးလောင်ကျွမ်းနေစဉ်

မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်း မိတ္ထီလာမြို့၊ မင်္ဂလာဇေရုံ ရပ်ကွက်ရှိ လူနေအိမ်များ မီးလောင်ကျွမ်းနေစဉ် မြင်တွေ့ရပုံ
photo: RFA/ Win Naung Toe

RFA Burmese