Thursday 21 March 2013

အမေ မိသားစု အရိပ်ကလေးများ

ငွေသော်တာရောင်ခြည်လို
လှပတဲ့ အမေ့ မျက်နှာကဗျာမမှီ
ဘယ်လိုစာသားနဲ့ တင်စားလို့ မဆုံးနိုင်
အမေစုမိသားစုဓါတ်ပုံလေးက
ဘယ်လို စကားနဲ့ မှ ပုံဖွဲ့ လို့ မရ
တသသနဲ့ အမေအကြည့်တွေ

အမေ့ရခဲ့တဲ့ ဘွဲ့ 
အမေ့ ကြိုးစားနေတဲ့
မြန်မာနိုင်ငံသား တိုင်းလွတ်လပ်ခွင့် များ
မြန်မာပြည်သူတွေ အတွက်
တရားဥပဒေစိုးမိုးရေး ကို
အမေကြိုးစားနေတယ် ဆိုတာ ..
အမြဲယုံကြည်မိပါ၏..။ ။

ကိုထွန်းဝေ
21.3.2013

No comments:

Post a Comment