Friday 1 November 2013

ဂွင်အသစ် အဆင်သစ်တွေနဲ့ ဦးခင်ညွန့် ရဲ့ နောက်ကွယ်က ခြေဆင်းတွေက ဘာလဲ


  ၂၀၁၅ နိုင်ငံရေးလောကအတွက် ဦးခင်ညွှန့်ရဲ့ ခြေဆင်း


ကဲ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်းကြီး ဦးခင်ညွှန့်ကတော့ လေ့သံတွေ စ ပစ်နေပါပြီ။ လူတချို့နဲ့ စစ်ထောက်လှမ်းရေး ဟောင်းတွေရဲ့ သတင်းစကားတွေအရ သူတို့ အဘဟာ လာမယ့် ရွေးကောက်ပွဲမှာ
ကျောက်တန်းမြို့နယ်ကနေ ၀င်မယ်လို့ ဆိုနေတယ်။

ဦးခင်ညွှန့်ကိုယ်တိုင်ကတော့ သတင်းထောက်တွေကို ဒီကိစ္စနဲ့ပတ်သက်တာ မပြောသေးပါဘူး။

ဒါပေမယ့် သူရ ဦးရွှေမန်း လုပ်ခဲ့တဲ့ ပြီးခဲ့တဲ့သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တယောက်က
ဒီကိစ္စ မေးလိုက်တဲ့အခါ
 "ဒီသတင်းထွက်တာ မှန်တယ် ဆိုရင်တော့ သူ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်၊ သူ့ရဲ့ အခွင့်အရေးပါ၊ သူ (အောင်မြင်မှု) ရရှိခြင်း မရှိခြင်းကတော့ ပြည်သူများကပဲ အဆုံးအဖြတ် ပေးသွားမှာ ဖြစ် ပါ တယ်။ မိမိအနေနဲ့ သီးခြားမှတ်ချက် မရှိပါဘူး" လို့ ဖြေလိုက်တယ်။


လွန်ခဲ့တဲ့ လအနည်းငယ်က သူရ ဦးရွှေမန်းနဲ့ ဦးခင်ညွှန့်တို့ကို မြန်မာ့ရုပ်မြင်သံကြားမှာ တွဲပြီးတွေ့လိုက်ရ တာ ပရိသတ်ကြီး မှတ်မိမယ် ထင်ပါတယ်။
http://mmplayboys.blogspot.jp/2013/10/blog-post_8805.html


ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့က ရန်ကုန်တိုင်း ဒလမြို့နယ်မှာ လုပ်တဲ့ ဘာသာရေး ပွဲတခုမှာပေါ့။ အဲဒီတုန်း က စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်းကြီး ဦးခင်ညွှန့်ရယ်၊ သူရ ဦးရွှေမန်းရယ်၊ ရန်ကုန်တိုင်း အစိုးရ ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့ကို တွေ့လိုက်ကြတယ်ဟုတ်။

မြန်မာပြည်မှာ စစ်ခေါင်းဆောင်တွေ၊ စစ်ခေါင်းဆောင်ဟောင်းတွေအကုန်လုံး လုပ်သမျှ ကိုင်သမျှတွေဟာ စနစ်တကျ ဖြစ်နေကြတယ်ဆိုတာ MM Play Boys ရဲ့ ပရိသတ်တွေ သတိထားမိကြစေဖို့ပါ။

MM Play Boys ပြောချင်တာက ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို တာဝန်က ရပ်စဲလိုက်တယ်။ ဆိုင်းငံ့ပြစ် ဒဏ် ထောင် ၄၄ နှစ်ချတယ်။ ထောင်ထဲမှာ မနေခဲ့ရပဲ အိမ်တော်ကြီးမှာ အကျယ်ချုပ် နေခဲ့ရတယ်။ ထောင် ထဲက မထွက်ခင် သူကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီးထံပါး အသနား ခံစာတစောင် ရေးခဲ့ပြီး အဲဒီ စာထဲမှာ သစ်ခွ ပန်း ရောင်းစားနေရ၊ ဂျာကင်တွေ ရောင်းစားရလို့ ပြောထားတယ်ဟုတ်။

အဲ ဒါတင်မကသေးဘူး။ ပေါက်ကြားလာတဲ့ အကျယ်ချုပ်ကျခံရစဉ် ဗွီဒီယို တခုလည်း ထွက်လာတယ်နော်၊ ဒီ ဗွီဒီယိုကို ဘယ်သူတွေ ရိုက်နိုင်လို့ ဘယ်က ထွက်လာလဲ စဉ်းစားကြည့်ပါ။ ဒါတွေက အကုန်လုံး အစီစဉ် တကျ ဖြစ်နေတာနော်။

စစ်ခေါင်းဆောင်ဟောင်းတွေအပေါ် ပြည်သူတွေ ဘယ်လို သဘောထားရှိတယ်ဆိုတာ ဗိုလ်ခင်ညွှန့်နဲ့ တည် ပြီး သွေး တိုး စမ်း လိုက်တာ။ စစ်ထောက်လှမ်းရေးတွေကို ရန်သူလို သဘောထားသယောင် သတင်းတွေ ထုတ်၊ အတိုက်အခံတွေထဲထိပါ ၀င်လုံးပေါင်း၊ သတင်းတွေနှိုက်၊ အတိုက်အခံတွေကို လူခွဲစည်းရုံး၊ အခု သူတို့ စိတ်ကြိုက် ကွင်းကို ပြင်ဆင်ခဲ့တာ အားလုံး အသိပဲ ဖြစ်လိမ့်မယ်။

အခု အားလုံး အကွက်စေ့ဖို့ အချိန်က နီးလာပြီဆိုတော့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်က လေသံပြန် ပစ်လာ ပြီလေ။ ဒါ အရှင်းကြီးပဲ။ အခုလည်း စစ်ခေါင်းဆောင်တွေက ယူနီဖောင်း ချွတ်၊ အရပ်ဝတ်လဲ စစ်အစိုးရ တဖြစ်လဲ အရပ်သား အစိုးရ အသွင်ပြောင်းပြီး ဒေါ်စုလို လူမျိုးတောင် အရံကွက်နဲ့ သူတို့ အစိုးရ အတည်
ဖြစ် ရေး အသုံးချ ကစားကွက်ထဲ ထည့်ခဲ့တာ။

လက်ရှိ အခင်းအကျင်း အားလုံးကို နေပြည်တော်က စာဖတ်နေသူကြီးက အကုန်လုံး စနစ်တကျ စီစဉ် နေ တယ်ဆိုတာကို သိသာစေဖို့ MM Play Boys က ဖော်ပြလိုက်တာ။

ဒီလောက်ဆို MM Play Boys ရဲ့ ပရိသတ်ကြီး သဘောပါရဲ့လား။


No comments:

Post a Comment