Tuesday 29 October 2013

ဦးရဲထွဋ် ဘုရားဖြစ်သွားခြင်း


သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုတိယ၀န်ကြီးဖြစ်တဲ့ ဦးရဲထွဋ်ဟာ ဘုရားရှင်ဖြစ်နေကြောင်း ဒီမနက် သူ့ ဖေ့စ်ဘုတ်မှာ ဖော်ပြချက်အရ သိလိုက်ရပါတယ်။ ကျွန်တော့တင်တဲ့ အကြောင်းအရာတွေအောက်မှာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ပြောဆိုနေသူများ၊ ရုန့်ရင်းကြမ်းတမ်းစွာရေးသားနေသူများကို ဘာကြောင့် ပိတ်ပင်မပစ်တာလည်းလို့ မေးလာတဲ့ မိတ်ဆွေများအတွက် ဖတ်ဖူးတဲ့ တရားစာလေးတစ်ပုဒ်ကို မျှဝေလိုက်ပါတယ်×× တစ်ခါက ပုဏ္ဏားတစ်ယောက်သည် မြတ် စွာဘုရားအား မကြားဝံ့ မနာသာအောင် လာရောက် ဆဲရေးနေ၏။ ဆဲရခြင်းအ ကြောင်းမှာ သူ့ညီတစ်ယောက်ကို အကျွတ်တရားရအောင် တရားဟောသော ကြောင့် ဟူ၏။ မြတ်စွာဘုရားသည် သူဆဲဆိုသမျှတစ်ခွန်းမျှပြန်မပြောဘဲ ငြိမ်သက် စွာသီတင်းသုံးနေသည်။ ပုဏ္ဏားဆဲ၍ မောသွားသောအခါတွင်မှ ယခုလိုမိန့်ကြား သည်။ “ပုဏ္ဏား၊ သင့်အိမ်သို့ ဧည့်သည်များ လာသောအခါ စားစရာ၊ သောက်စရာများကို ချကျွေးဖူးပါသလော” “ကျွေးဖူးပါသည်” “ဧည့်သည်များ မစားဘဲ ပြန်သွားသောအခါ ထိုစားစရာများသည် မည်သူ့အတွက် ဖြစ်သွားသနည်း” “အိမ်ရှင်ဖြစ်သော ကျွန်ုပ်အတွက်သာ ဖြစ်သွားသည်” “ထို ဥပမာအတိုင်းပင်၊ သင်သည် ငါ့အား ဒေါသနှင့် ဆဲရေး၏။ ငါသည် သင်၏ ဆဲရေးခြင်းကို လက်မခံ။ ဒေါသ မဖြစ်။ ထို့ကြောင့်သင်ဆဲရေးသမျှ အကုသိုလ် ကံများသည် သင့်အတွက်သာ ဖြစ် သွား၏” ကဲ၊ ဘုရားရှင်ဖြစ်သွားတဲ့ ဦးရဲထွဋ်ရေးသားချက်ဖြစ်ပါတယ်။

No comments:

Post a Comment