Friday 25 October 2013

တရုတ်ဗျူဟာအရွေ့နဲ့ အမာလိုင်းအုပ်စုရဲ့ ခြေလှမ်းများ

မြန်မာ့နိုင်ငံရေးမှာ တရုတ်ရဲ့ အခန်းကဏ္ဍ ဘယ်လောက်ကြီးတယ်ဆိုတာ အမေရိကန်အပါအ၀င် ကမ္ဘာ့ နိုင်ငံကြီးတွေလည်း သိနေကြတယ်။ 

                ဓာတ်ပုံထဲကသူတွေကို စာဖတ်သူတွေက သိပြီးသားမို့ မိတ်ဆက်မပေးတော့ပါ။


တကယ်တော့ တရုတ်ဟာ အာဏာရှိသူနဲ့ပဲ ဆက်ဆံလေ့ရှိခဲ့တာပါ။ ဒါပေမယ့် မြစ်ဆုံအလွန်ကာလ တရုတ်ရဲ့ အကျိုး စီးပွား ဘီလျံနဲ့ ချီပြီးထိခိုက်နစ်နာခဲ့ရတယ်။ တရုတ်အနေနဲ့ သူ့ နိုင်ငံ၊ သူ့တရုတ် အမျိုးသား ပိုင် စီးပွားရေးလုပ်ငန်းတွေအပေါ် မြန်မာရဲ့ အကာအကွယ်ပေးမှုဟာ သံသယဖြစ်လာနေတာ ဆက်တိုက်ဆိုသလိုပဲ။ 

ဒီအတွက်ကြောင့် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားရေး ၀ါဒီတွေက မြန်မာကို သင်ခန်းစာပေးရမယ်ဆိုတဲ့ အသံတွေတောင် ထုတ်ဖော်ပြောဆိုလာကြတယ်။ 

မြန်မာလူထုအကြား တရုတ်ဆန့်ကျင်ရေး ဘယ်လောက်ထိ အမြစ်တွယ်နေလဲဆိုတာ သုတေသီ ဟန်ဆောင် ထားတဲ့ တရုတ်ထောက်လှမ်းရေးတွေ တသုပ်ပြီး တသုပ် မြန်မာပြည်ကို လာလေ့လာကြ တယ်။ 

မြစ်ဆုံကိစ္စဟာ တရုတ်အနေနဲ့ အတော်မျက်ကလူးဆန်ပြာ ဖြစ်သွားခဲ့ရလို့ပါဘဲ။ ဒီမှာပဲ တရုတ်အာဏာ ပိုင်
တွေက မြန်မာမှာ ထားတဲ့ သံအမတ်ကို လဲလိုက်တယ်။ မြန်မာအပေါ် ထားတဲ့ ပေါ်လစီကို ပြန်သုံးသပ် လာတယ်။ 

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD၊ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ အခြား ဒီမိုကရေစီအင်အား စုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်သူရော၊ မကိုင်သူတွေရောနဲ့ မြန်မာမီဒီယာတွေထဲကို စိမ့်ဝင် ထိုး
ဖောက် ဖျားယောင်းသွေးဆောင်ပြီး ၀ယ်လို့ရတဲ့သူကို ၀ယ်တယ်။ ရံလို့ရတဲသူကို ရံတယ်။ ကာလို့ရတဲ့ သူကို ကာတယ်။ ဒီအထဲ ပြည်ပအခြေစိုက် အဖွဲ့အစည်းတချို့နဲ့ မီဒီယာသမားတချို့တောင် ပါသွားခဲ့တယ်။ ဒီလိုနဲ့ မြစ်ဆုံပြန်စရေး အတိုက်အခံ ဆိုသူတွေကို တရုတ်ပြည်ထိပါ ဖိတ်ပြီး သဘောထားပြန်တောက်
ကြည့် တယ်။ 

ခက်တာက ၈၈ မျိုးဆက်အပါအ၀င် အတိုက်အခံဆိုသူတွေက လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ တူတာတွဲလုပ်၊ မတူတာခွဲလုပ်မယ်ဆိုတဲ့ သဘောထားကို ပေးခဲ့ကြတော့ တရုတ်ကြီးလည်း ပြန်စဉ်းစား သွားရတယ်။ 

မြန်မာပြည်မှာ အာဏာတကယ်အခုချိန်ထိ ရှိနေတာ ဘယ်သူလည်းပေါ့။ ဒီတော့ နောက်ဆုံး အဖြေက တွေ့ သွားတယ်။ စစ်တပ်ပဲတဲ့။ 

ဒါကြောင့် စစ်တပ်ရဲ့ အကြီးအကဲ ကာ/ချုပ် မင်းအောင်လှိုင်ကို တရုတ်ပြည် ဖိတ်၊ ဒူးတိုက်ဆွေးနွေးရတာ
ပေါ့။ 

ဒီနေရာ မှာ ကာ/ချုပ် မင်းအောင်လှိုင်က တရုတ်ကို မသွားချင်ပဲ သွားခဲ့ရတယ်လို့ MM Play Boys တို့က သတင်းရခဲ့တယ်။ ဖြစ်နိုင်ခြေရှိပါတယ်။ 

အရင်တပ်ချုပ်ကြီးက ဗိုလ်ချုပ်ဝေလွင်နဲ့ တဆင့် ပြော လိုက်တာကတော့ တရုတ်ဟာ ထာဝရ အိမ်နီးချင်း၊ မဖြစ်မနေ သွားရမယ်။ မသွားရင် အားလုံးရဲ့ အကျိုး စီးပွား ထိခိုက်ကုန်ရင် မကုန် မသာပေါ်ကုန်မယ် ဆိုတော့ မင်းအောင်လှိုင်လည်း သုပ်ခြေတင် ချန်ဒူးကနေ ပီကင်းထိ ပြေးရတော့တာပါဘဲ။ 

ဒါပေမယ့် ပြဿနာက အထည်အကြီးအတိုင်း ရှိနေသေးတယ်။ ဒါက မြန်မာပြည်တွင်းက တရုတ်မုန်းတီး
ရေး ဆန့်ကျင်ရေး စိတ်တွေနဲ့ လှုပ်ရှားမှုတွေပဲ။ 

ဒါတွေဟာ ပြီးခဲ့တဲ့ နှစ်က ရခိုင်ကိစ္စနဲ့ ကိုယ်ရှိန် သတ်သွားပေ မယ့် အကင်းမသေဘူးဆိုတာ တရုတ်က သိနေတယ်။ တရုတ်ရဲ့ အရွေ့က မြန်မာအပေါ် တအိအိ ဖိကျလာခဲ့တယ်။ 

ဒါကြောင့် အရင်က ဆက်ဆံကခဲ့တဲ့ စာဖတ်နေသူကြီးရယ်၊ ရှစ်လုံး ခေါ် သီဟသူရတင်အောင်မြင့်ဦးနဲ့ ဦးအောင်သောင်းတို့ အုပ်စုကို ပြန်ပြီး မျက်နှာသာပေး တိတ်တဆိတ်ဆက်ဆံမှုမျက်နှာစာ ပြန်ဖွင့်တယ်။ 

ဒီဘက်က ဦးအောင်သောင်းတို့လည်း ရေငတ်နေသူ ရေတွင်းထဲ ကျဆိုသလိုပဲ၊ အကြံတူတော့ မိတ်ဆွေ
ပေါက်ဖော်ဟောင်းကြီးတွေနဲ့ အလွမ်းသင့်ပြီးသား။ 

ဗိုလ်သိန်းစိန်တို့ ပြုပြင်ပြောင်းလဲရေး သမားတွေက တရုတ်ရင်ခွင်ကနေ အမေရိကန် ရင်ခွင်ကို ချည်းကပ် ချင်သူတွေ၊ တနည်းအားဖြင့် တရုတ်နဲ့ အမေရိကန် ကြား နိုင်ငံရေး ကစားပြီး မုန့်ပိုကျွေးအောင် တောင်းနေ ချိန်၊ မြန်မာပြည်ကြီး အမေရိကန်နဲ့ နီးသွားရင် ငါတို့ ရှားထားသမျှတွေနဲ့ ရှားစားဖို့အတွက် အခက်တွေ့ ကုန်မှာ ကို စိုးရိမ်ကြီးလာတယ်။ 

တရုတ်အားကိုး ဦးအောင်သောင်းတို့ အမာလိုင်းတွေက တချိန်က စွမ်းအားရှင်ဆိုတာတွေနဲ့ လူပြန်စု၊ စနစ်တကျ မဟာစီမံကိန်းကြီးတွေချ၊ မထင်မှတ်ပဲ ကျိုးပေါက်လာတဲ့ အနောက်တံခါး အရေးကို အသံကုန် ကုန်းအော်ပြီး ဒီအနာမီးကို မငြိမ်းအောင် နည်းအဖုံဖုံ သုံးလာကြပြီး လူမျိုးရေး၊ ဘာသာရေး အဓိကရိုဏ်း
တွေ ဖြစ်ဖို့ အကုန် ကွက်တိ အချိန်ကိုက် လုပ်ခဲ့တယ်။ 

ဒီလိုကိစ္စမျိုးက ဦးအောင်သောင်းက ကျွမ်းပြီးသာပါ။ ဒီပဲယင်းမှာ ဒေါ်စုကို လုပ်ကြံဖို့ လုပ်တုန်းကတည်းက အတွေ့အကြုံရှိပြီးသား။ ဒါကြောင့် သူလုပ်သမျှ စာဖတ်နေသူကြီးက ဘာမှ ၀င်မပြောဘဲ ကြည့်နေပေး တယ်။ 

ဒီပဲယင်း စကားစပ်လို့ ၊ ဒီပဲယင်းတုန်းက သုံးခဲ့တဲ့ ပညာမဲ့ ဆင်းရဲတဲ့စွမ်းအားရှင်တွေကို MM Play Boys စုံစမ်းတော့ အရေးပါတဲ့ တာဝန်ယူခဲ့သူတွေ ဆိုတာ ပျောက်နေတယ်။ မိသားစုကလည်း ဘယ်ရောက်နေ မှန်း မသိတာ ဖွင့်မပြောရဲအောင် ဖြစ်နေကြတယ်။ ငွေလေး မစို့မပို့ရပြီး သူတို့ဘ၀တွေ ဘယ်ပျောက်မှန်း မသိ ပျောက်ချက်သား ကောင်းနေတယ်။ စွမ်းအားရှင် တဦးအဆိုအရ လက်စဖျောက်လိုက်တယ် ဆိုဘဲ။ 

ဒီတော့ ဦးအောင်သောင်းလည်း ဆက်လုပ်ဖို့ စာဖတ်နေသူကြီးရဲ့ အားရော၊ တရုတ်လို အိမ်နီးချင်း အင်အားကြီး ဆွေမျိုးပေါက်ဖော်အားကြီးရှိတော့ ဆက်လုပ်လာလိုက်တာ ယနေ့ထိ မပြီးနိုင် ဖြစ်ပါတယ်။ 

အခု ဗုံးကွဲမှုတွေရဲ့ နောက်ကွယ်၊ လူမျိုးရေး ဘာသာရေး အဓိကရုန်းတွေရဲ့ နောက်ကွယ်မှာ အမာလိုင်း သမားတွေ ဘယ်လို ရှိနေတယ်ဆိုတာ MM Play Boys က ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 

MM Play Boys 

kotunwai

ဗုံးကွဲမှုတွေနောက်ကွယ်က အမာလိုင်း အုပ်စု 

No comments:

Post a Comment