Wednesday 30 October 2013

မြန်မာကို ကမ္ဘာကသိတာ သူ့ ကြောင့် ယုံရဲလား



မြန်မာကို ကမ္ဘာကသိတာ သူ့ ကြောင့် ယုံရဲလား

ဆွေမျိုးအစဉ်အဆက် ၀ိုင်းသမကြတာ မှတ်မိပါလား

ဗိုလ်ချုပ် အောင်ဆန်းတုံးက လဲ ဦးနေ၀င်းပရောဂ တွေကနောက်ကွယ်ကနေရူးချင်ယောင်ပြီး ၀ိုင်းကစ်တာ လေ
ဂဌုံဦးစောက လက်သည် တရားခံဖြစ်ရော

နဲနဲမှ အလွတ်မပေးတဲ့  အစကရိုးတဲ့ အစိုးရလေ သူ့ အဖေ ကိုယ်မှာ သေနတ်ကျည်ဆံတွေ အပြည့်နဲ့  ဆုံးရုံးရရှာတဲ့  အဖိုးအောင်ဆန်းရဲ့ အောင်ဆန်းဘ၀ဖြစ်စဉ်တွေကို ပါးပါးလေးနဲ့ သိထားခဲ့တယ်

ဟော

အခုခေတ်ဖေ့ ဘုတ်ကြီးပေါ်လာတော့ ဘူးပေါ်သလို လိမ်စဉ်တွေ လိမ်မရတော့ အွန်လိုင်းနဲ့ တိုက်ခိုက်ကြတာတွေ

မြန်မာကို ကမ္ဘာကသိတာ သူ့ ကြောင့် ယုံရဲလား

ပါးစပ်နဲ့ အငှားသုံးပြီး ခပ်မာမာအကြပ်ခံရတာတွေ ဒုနဲ့ ဒေးပေါ့

2003ခုနှစ်က ဒီပဲယင်း ရဲ့ တရာခံကိုလက်သည်ရှာတော့ ဗိုလ်ချုပ်စိုးဝင်းကိုအငှားသုံးခဲ့သေးတယ် အခုသူသေသွားတော့ ရှင်ဘုရင်ရူးကြီးက ပေါကြောင်ကြောင် အကွက်တွေ သတ်ကွင်း အဆင်သစ်တွေ ပုပ်သင်ညိုလိုအရောင်ပြောင်းပြီးဘ၀င်ခိုက်စရာမရှိတဲ့ အောက်လုံးတွေသုံးပြီး အရပ်ဝတ်လဲခဲ့ကြပါပြီ
ဦးရွှေမန်းဝင်လုံးတာ အမေစု တောင် ကပြရတဲ့ ဗွီဒီယိုလေးကြည့်ဘူးကြမှာပါ
ဒါဆို ၂၀၁၅ က ဦးသန်းရွှေရဲ့  တိုက်ကွက်တွေ အသုံးမတဲ့ တော့ ပတ်တိုက်နေကြတာတွေ သတိမူသင့်ပါပြီ

ကဲကဲ

မြန်မာကို ကမ္ဘာကသိတာ သူ့ ကြောင့် ယုံရဲလား

နောက်တစ်ခု က

သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုတိယ၀န်ကြီးဖြစ်တဲ့ ဦးရဲထွဋ်ဟာ ဘုရားရှင်ဖြစ်နေကြောင်း ဒီမနက် သူ့ ဖေ့စ်ဘုတ်မှာ ဖော်ပြချက်အရ သိလိုက်ရသေးတယ်

ရူးတာတွေ ရပ်သင့်ပြီကိုရဲထွဋ်ရေ

တကယ်ဆို ဒေါ်စု က မြန်မာလူမျိုး မြန်မာနိုင်ငံသားစစ်စစ်ပါ
သူ့ သားနှစ်ဦးလဲ မြန်မာလူမျိုးခံယူထားပါတယ်။

လျောက်ငြင်းမနေနဲ့ တော့

မြန်မာကို ကမ္ဘာကသိတာ သူ့ ကြောင့် ယုံရဲလား

သူ့ လိုလူ ကမ္ဘာမှာ ဆုတွေယူပြ
တာ မဟာဆိုတဲ့ ဂုဏ်ကို သိရင် မြန်မာသတင်းစာက ရိုးသားရင် မြန်မာလူမျိုးတွေကို အမှောင်ချထားတာ ရပ်သင့်ပါပြီ

မြန်မာကို ကမ္ဘာကသိတာ သူ့ ကြောင့် လို့  သိထားခဲ့ရင် တော့ ကျေနပ်ရမှာပါ

ဖေ့ဘုတ်ပေါ်မှာ

ဝိုင်းစားမနေနဲ့  လျောက်ကြပ်တာလွယ်သလို ပြန်ဖြီဖို့ အခက်တွေ့ နေရင် အမေစုလို လူကို သန်း၆၀ကျော်ထဲမှာ
ရှာရမလို မလွယ်သေးပါဘူး

မြန်မာကို ကမ္ဘာကသိတာ သူ့ ကြောင့်ဆိုတာ ယုံလိုက်တော့

အခုခေတ်အစိုးရလုပ်နေတဲ့ လူတွေ ၀န်ကြီးကတော် တွေ အသိုင်းအ၀ိုင်းကြားမှာ

သူလိုလူနဲ့ ယှဉ်ခဲ့ရင် မြေကြီးလက်ခတ်မလွဲ သေချာပေါက် ရှုံးမှာကိုဝန်ခံပေးရဲလား

ဘာဘဲပြောပြောပေါ့

လေထဲမှာဘဲဖြစ်စေ အာချောင်တာဘဲဖြစ်ဖြစ်

သေနတ်နဲ့ပဲ သတ် သတ် ပါးစပ်နဲ့ပဲ ကြပ်ကြပ် သူတို့လို အောင်ဆန်းသွေးစစ်စစ်

မိသားစုဆွေစဉ်မျိုးဆက်လိုက် ပေးဆပ်သူ မြန်မာလို့  ကမ္ဘာမှာသိစေခဲ့တာ

တသက်မှာတခါ အနှစ်တရာရှာမှရှားတဲ့  တမိပေါက် တယောက်ထွန်းသူ မို့

သား

အစဉ်ဦးချလိုက်ပါတယ်။

ဦးညွတ်ပါတယ်အမေ။


လေးစားလျက်
အမေ့သား
မောင်ထွန်းဝေ
29.10.2013

မူရင်း  Tun Wai

No comments:

Post a Comment