Tuesday 1 October 2013

ကေအိုင်အေနဲ့ ၁၇ နှစ်လောက် ငြိမ်းချမ်းရေး ယူထားရဲ့သားနဲ့ ဘာကိစ္စကြောင့် ငြိမ်းချမ်းရေး စတင် ပျက်ပြားခဲ့သလဲ


ကိုရဲမိုးရေ ကျွန်တော် မနေနိုင်လို့ ၀င်ရေးမိပြန်ပြီ ။

ကေအိုင်အေက လဂျားယန်ကို ၀ိုင်းမှ ငြိမ်းချမ်းရေးစကား ဆိုတယ်ဆိုတဲ့အချက်က မှန်မမှန်တော့ ကျွန်တော် လေ့လာပါဦးမယ်။

ဒါပေမယ့် ကေအိုင်အေနဲ့ ၁၇ နှစ်လောက် ငြိမ်းချမ်းရေး ယူထားရဲ့သားနဲ့ ဘာကိစ္စကြောင့် ငြိမ်းချမ်းရေး စတင် ပျက်ပြားခဲ့သလဲ ဆိုတဲ့ ကိစ္စကလေးကို ကော ရှင်းပြပေးပေါခင်ဗျား။

နောက်တစ်ချက်က အခု ရှမ်းမြောက်မှာ တိုင်းရင်းသာလက်နက်ကိုင်နှစ်ဖွဲ့ (တအောင်းနဲ့ရှမ်း) နဲ့ တပ်မတော်နဲ့ စစ်မျက်နှာနှစ်ဖက်ဖွင့်ပြီး ဖြစ်နေတဲ့ တိုက်ပွဲတွေ ဟာ အဲဒီအဖွဲ့တွေက ကျောက်ဖြူ ကူမင်း ရေနံပိုက်လိုင်းလမ်းကြောင်းကို စိုးမိုးချင်လို့ တပ်မတော်က တိုက်နေရတာပါ ဆိုတဲ့ စကားကို တစ်နေ့က သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပေါ်တင် ထုတ်ဖော်ပြောကြားလာပါတယ်။

အဲဒီတော့ ကျွန်တော် လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က ကြိုတင်သုံးသပ်ထားတဲ့ အချက်ဖြစ်တဲ့

ကေအိုင်အပြီးရင် ဘယ်သူလာမလဲ ....ဆိုတာတွေ ...

တပ်မတော်နဲ့ ကေအိုင်အေ အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တိုက်ပွဲတွေဟာ ကျောက်ဖြူ ကူမင်း ရေနံပိုက်လိုင်းလမ်းကြောင်းကို နယ်မြေရှင်းလင်းချင်လို့ ဆိုတဲ့ စကားက မမှန်ဘူးလား ဆိုတာကို ကြုံရင် ၀င်ဖတ်ပြီး ဖြေပေးသွားပါခင်ဗျား။
 
မူရင်း ငရဲသား 
ပေးပို့ ထားပါတယ်။
1.10.2013

No comments:

Post a Comment