Friday 27 September 2013

ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရ စကား...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(၂၅ )နှစ်ပြည့်ငွေရတု၊ ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရ စကား...

လူတွေဟာဆင်းရဲတဲ့ဒဏ်ကိုခံနိုင်တယ်၊ချမ်းသာတဲ့ဒဏ်ကိုမခံနိုင်ဘူးလို့ပြောကြတဲ့စကားတွေရှိပါတယ်။ နိုင်ငံရေးအရ အခွင့်အရေးလေးများချမ်းသာတော့မယ့်အရိပ်အယောင်မြင်ရင် အဲဒီဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့အရေးကြီးပါတယ်။ ဒီဒဏ်ကိုမှ မခံနိုင်ရင် ကိုယ်မကြိုက်တဲ့စနစ်ကိုပဲ ကိုယ်ကိုယ်တိုင် တစ်ကျော့ပြန် ဖန်တီး အသက်သွင်းသူတွေ ဖြစ်သွားနိုင်တဲ့ အန္တရာယ်ဟာ လက်တစ်ကမ်းမှာ စောင့်ကြိုနေပါတယ်။ကျွန်မတို့ အဖွဲ့ဝင်တွေဟာ နောက်နောင်ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေအမျိုးမျိုးကို ရင့်ကျက်မှုရယ်၊ အသိဥာဏ်ရယ်၊ လုံ့လ၀ီရိယရယ် အတူပေါင်းစပ်ပြီး နောင်လာမယ့် ရွှေရတုကာလအထိ တည်တည်ငြိမ်ငြိမ်ကျော်ဖြတ်သွားနိုင်မယ်ဆိုတာ ယုံကြည်ကြောင်း ငွေရတုအခါသမယမှာသ၀ဏ်လွှာ ပါးလိုက်ပါတယ်။

အောင်ဆန်းစုကြည်

ပြန်လည်မျှဝေပေးပါတယ်။

Tun Wai 27.9.2013

No comments:

Post a Comment