Monday 30 September 2013

ကမ္ဘာ့သာသနာပြု ၀ိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ ဆုံးပြီ

ကမ္ဘာ့သာသနာပြု ၀ိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာသည် ၂၀၁၃ခုနှစ် စက်တင်ဘာလ ၂၉ရက် အိန္ဒိယစံတော်ချိန် ည ၁၀နာရီ ၄၀မိနစ် အချိန်တွင် နေအိမ်၌ ဘ၀တပါးသို့ ငြိမ်းချမ်းစွာ ကူးပြောင်းသွားကြောင်း သတင်းရရှိပါသည်။ ကွယ်လွန်ချိန်တွင် ဆရာကြီးသည် အသက်၉၀အရွယ်ရှိပြီ ဖြစ်ကြောင်းသိရှိရပါသည်။ ဆရာကြီး၏ အန္တိမဈာပနအား အောက်တိုဘာလတစ်ရက် အင်္ဂါနေ့ မနက် ၁၀နာရီ ၃၀မိနစ်အချိန်တွင် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


No comments:

Post a Comment