Saturday 21 September 2013

စင်္ကာပူ မှာသာတဲ့လ

 စင်္ကာပူ မှာသာတဲ့လ
--------------------

နွေးထွေး ချွန်ထက်

အလင်္ကာလက်ချောင်းကလေးတွေနဲ့

နှလုံးသားကို ဟင်းလင်းပြင်ဖွင့်ခဲ့တဲ့မေမေ

နာကျင်ချိုမြိန်

ကျိန်စာကို မျိုချခဲ့သူက ငါ

အခုတော့

ငါ့ရဲ့နားထဲကို

နယူတန်ရဲ့ သီဝရီ လောင်းထည့်ပေးခဲ့ အမေ။

လှေနံ ဓားထစ် မှတ်တုန်း ။ ။

တုနှိုင်းမမှီတဲ့ ငွေပန်းချီ ပိုင်ရှင်

စင်္ကာပူမှာထွန်းလင်းနေသည်

တည်ကြည်အေးမြအမေ့ ဟန်ပန်

မြန်မာများချစ်ကြပြန်

အားအင်ဖြည့်စွက် ဂဟေဆက်

ဆုတွေနဲ့ ပြည့်လျက်

မနက်ဖြန်တိုင်းကို သူပိုင်တယ်

သတင်းများကို စောင့်စားမယ်

ဦးညွှန့်ဂုဏ်ပြုတဲ့စုအပြုံး

စင်္ကာပူမှာ လင်းနေတုံး .။ ။


ပြန်လည်မျှဝေပေးးပါတယ်။
ရင်တွင်းဖြစ်လေးပါ
ကိုထွန်းဝေ
21.9.2013


No comments:

Post a Comment