Wednesday 25 September 2013

ခဲတလုံးနဲ့ ငှက်(၂)ကောင် ပစ်ခဲ့တဲ့ ရိုလိမ်ညာ ဝါဒဖြန့် ရုပ်သံနှင့် သတင်းဆောင်းပါးအား တုန့်ပြန်ခြင်း



ယခုတလော ဖေ့စ်ဘွတ်ခ်မှာ ဦးအောင်သောင်း နှင့် တိုင်းပြည်အန္တရာယ်(ရုပ်သံ)ဆိုတဲ့ Post နဲ့အတူ ဦးအောင်သောင်းအကြောင်း အတိအကျ ရေးသားဖော်ပြထားတဲ့ ရွှေဓူဝံရဲ့ ဆောင်းပါးကိုပါ တွဲလျှက်ဖော်ပြထားတဲ့ သတင်းကို... ဘင်္ဂလီရိုဟင်ဂျာ ဝါဒဖြန့်Page တခုဖြစ်တဲ့ https://www.facebook.com/nyckogyi မှာဖော်ပြထားတာ တွေ့ရပါတယ်..။

ဒီရုပ်သံမှာ ဖော်ပြချက်ဟာ ဘာကိုရည်ရွယ်တယ်.. အများအကြိုက် ဘယ်ဟာကို စောင်းပေးပြီး ဘာကိုဝါဒဖြန့်သွားတယ် ဆိုတာကို သေသေချာချာရုပ်သံကို နားထောင်ကြည့်သူတွေ မြင်တွေ့ကြရမှာပါ..။

ခဲတလုံးနဲ့ ငှက် ၅ကောင်လောက်ကို ဘင်္ဂါလီနည်းနဲ့ ပစ်သွားတယ်ဆိုတာ မြင်တွေ့ကြရမှာ..။ ဒီရုပ်သံကို ယုံကြည်လောက်အောင် အထောက်အကူ ဖြစ်စေတာကတော့ ဦးအောင်သောင်းရဲ့ ဘဝဖြစ်စဉ်နဲ့ ပိုင်ဆိုင်မှု အကြောင်း အသေးစိတ် အချက်အလက်နဲ့ ဖော်ပြပါရှိတဲ့ ရွှေဓူဝံရဲ့ ဆောင်းပါးပါ..။

အဆိုပါ ဘင်္ဂါလီဖေ့စ်ဘွတ်ခ်မှာ လတ်တလော ရရှိတဲ့ သတင်းယောင်ယောင် ဖော်ပြပါရှိတဲ့ ရွှေဓူဝံရဲ့ ဆောင်းပါးဟာ ၂၀၁၂ခုနှစ် မတ်လ(၂၅)ရက်နေ့က ဒီမိုဝေယံဘလော့ဂ်မှာ ဖော်ပြပါရှိပြီး ဖြစ်တဲ့(အရောင်ပြောင်းသော လူလည်ကြီးများဘုရင် ဦးအောင်သောင်း(ခ) ဦးအောင်တောင်း) (ဆောင်းပါးရှင် ရွှေဓူဝံ)ရဲ့ ဆောင်းပါးတပုဒ်ဖြစ်ပါတယ်..။ ဒီမိုဝေယံလင့်ခ် http://www.demowaiyan.org/2012/03/blog-post_9385.html သိုပေမယ့် အဆိုပါ ရိဟင်ဂျာဝါဒဖြန့်ဆိုဒ် မှာတော့ ၎င်းတို့ လက်တလော ရရှိထားတဲ့ သတင်းယောင်ယောင် စာဖတ်သူတွေ ထင်ယောင်ထင်မှား ဖြစ်စေအောင် ဆောင်းပါးအား ရုပ်သံနဲ့ တွဲဖက်ဖော်ပြကာ ဆိုဒ်ဝါးလုပ်ထားပါတယ်..။

(လင့်ခ် https://www.facebook.com/photo.php?v=10201099507763872 ) ရုပ်သံထဲမှာတော့ ထိုင်းနိုင်ငံအတွင်း ဖမ်းမိတဲ့ ဘင်္ဂလီ ရိုဟင်ဂျာများပုံအား ရခိုင်ဖြစ်စဉ် ဖြစ်သယောင် ဖော်ပြထားပြီး ၂၀၀၇ခုနှစ် ရွှေဝါရောင် တော်လှန်ရေးအတွင်းမှ ဗဟန်းကြားတောရလမ်းမှ ဖြစ်စဉ်အားလည်း သံဃာတော်များမှ လတ်တလော ဖြစ်ပေါ်နေသော ဘာသာရေး အဓိကရုန်းများမှာ ဝင်ရောက်ဖျက်ဆီးနေသယောင် ဖော်ပြထားပါတယ်..။ ထိုကဲ့သို့ အများစိတ်ဝင်စားသည့် ဦးအောင်းသောင်း ဆောင်းပါး သတင်းမှန်အား သတင်းမှားဖြင့် ရောနှောကာ ၎င်းတို့လိုချင်သည့် အနေအထားရောက်အောင် ရုပ်သံနဲ့ ဆွဲဆောင်ဝါဒဖြန့် ဖော်ပြသွားတာကို မြင်တွေ့ရမှာပါ..။ အဆိုပါ သတင်းတင်သူရဲ့ Wall ပေါ်က သတင်းအချက် အလက်တွေကိုလည်း စီစစ်လေ့လာဖို့ လိုပါတယ်..။

ကျွန်တော်ယခုလို ရေးသားရခြင်းဟာ ဦးအောင်သောင်းအား ကာကွယ် ရေးသားနေခြင်း မဟုတ်ပါ...။ ယခုလတ်တလော ထွက်ပေါ်နေသော နာမည်ကြီး သတင်းများရဲ့ ဟာကွက် လွတ်ကွက်တွေကို ကိုယ်ပိုင်တွေးခေါ်မှုနဲ့ ဆင်ခြင် သုံးသပ်နိုင်ဖို့ပါ..။ ကျွန်တော်တို့ ဖေ့စ်ဘွတ်တခွင် သတင်းများပြန်ရှယ်တဲ့ အခါမှာ အထူးသတိထားစေ လိုတာ ကတော့ မိမိကိုယ်တိုင် မရှယ်ခင် တင်သူရဲ့ Wall ပေါ်ကတင်ထားတဲ့ သတင်း အချက်အလက်များကို ပြန်လည်လေ့လာ ဆန်းစစ်ပြီး တင်သင့်မတင်သင့် ရှယ်သင့် မရှယ်သင့် ပြန်လည် စဉ်းစားလေ့လာ သုံးသပ်ဖို့ လိုအပ်တာပါပဲ..။

သတင်းထူးတယ် ဆိုပြီး ရှယ်မိရင်တော့ ကျွန်တော့်တို့ စာဖတ်သူတွေ အမြင်မှား အထင်မှား ဝေဝါးမှုကိုလည်း ဖြစ်စေမှာပါပဲ..။ ထို့အတူ ကွန်မာန့်များ ရုန်းရင်းကြမ်းတမ်းများ ဝင်ရောက်ရေးသားပါကလည်း အဆိုပါရေးသားသူရဲ့ Profileနဲ့ Wall ပေါ်က ရေးသားချက်များကို ပြန်လည် ဝင်ရောက်လေ့လာ ကြည်ရှု စီစစ်ပြီးမှ ပြန်ဖြေသင့်မဖြေသင့် ပြန်ရေးသင့်မရေးသင့် ဆင်ခြင်သုံးသပ်ကြဖို့ အပြုသဘောဆောင် စေတနာဖြင့် တိုက်တွန်းလိုက်ရပါတယ်..။


ဒီမိုဝေယံ


ဝါဒဖြန့်သူများရဲ့ အသုံးချခံ မဖြစ်ဖို့ အပြုသဘောဆောင် စေတနာဖြင့် တိုက်တွန်းလိုက်ရပါတယ်..။

ပြန်လည်မျှဝေပေးပါတယ်။

25.9.2013

No comments:

Post a Comment