Thursday 8 August 2013

မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ရှစ်လေးလုံး အရေးတော်ပုံဂုဏ်ပြုကဗျာ "



"အသက်များစွာ စတေး၊
ရဟန်းရှင်လူ ကျောင်းသား ပြည်သူတို့ရဲ့သွေးများနဲ့
နီမောင်းမောင်း အရောင်ဖြာ
ဟောဟိုမှာ ဒီမိုကရေစီရောင်နီပျို့တက်
အရုဏ်တက်ပြီ


လက်တစ်ကမ်းမှာ အလင်းဖြာတဲ့ အရုဏ်ကို
ရိုကျိုးမြတ်နိုးစွာ ထိန်းသိမ်း၊ ငြိမ်းချမ်း စွာစောင့်ရှောက်၊
ဤကမ္ဘာမှာ ပြည်သူလောက် ကြီးမြတ်သော အရာရှိသည်မရှိ
ပြည်သူ၏ဆန္ဒလောက် စူးရှသောကဗျာသည်မရှိ၊
ပြည်သူ၏ လှုပ်ရှားမှုမြင် ကွင်းလောက်ကောင်းမွန်သော ပန်းချီသည်မရှိ၊
ပြည်သူသည် ပြည်သူ့အတွက် လက်နဲ့မရေး
အသက်နဲ့ရေး၏ ဆေးနဲ့မခြယ်သွေး နဲ့ခြယ်၏၊
ဘယ်သူကြည့်ကြည့် ညွှတ်တုံ့မိစရာ ဇာတိမာန်ထက်၊
                            ကြက်သီး ထစရာဟောဒီမှာ 
                                   မဟာသူရဲကောင်းများ ပန်းချီကား"

No comments:

Post a Comment