Monday 19 August 2013

" လိမ္မာပါးနပ်စွာ ဖြင့်သာ..အမေ..

" လိမ္မာပါးနပ်စွာ ဖြင့်သာ..အမေ.." (သုံးသပ်ချက်)
---------------------------------------------

အမေလွှတ်တော်ထဲဝင်ကာစ ...ကျမ်းကျိမ်စာသားပြင်ဖို့ ..
အမေပြောနေချိန် ကျွန်တော်တို့ အားမလိုအားမရဖြစ်ခဲ့ကြပါသည်၊
အခြေခံ ဥပဒေကိုပါ...ပြင်ရန် ရည်ရွက်ချက်ရှိသောအမေသည်
ကျွန်တော်တို့ ဆန္ဒအတိုင်း ဘာမှမထပ်မပြောပဲ လွှတ်တော်ဝင်ခဲ့ပါသည်။

သို့သော် ကျွန်တော်တို့မသိသည်က..


လွှတ်တော်ထဲတွင်..ကိုယ်စားလှယ်အနည်းငယ်သာရှိသော NLD သည်
ဖွတ်ပါတီ နှင့် တမတ်သား ကို လွှမ်းမိုးမှုမရှိနိုင်..ဟူသာအချက်ပင်ဖြစ်သည်၊
NLD ကိုယ်စားလှယ်တစ်ဦး လျှင် ၁၀ မဲ လောက်ပေးခွင့်ရှိလျင်တောင်..
မလွှမ်းမိုးနိုင်ပေ၊
အထဲရောက်မှ ဒင်းတို့က..
နည်းအမျိုးမျိုးနှင့် ဟပေးသည့် နေရာဟပေးပြီး..
အထိန်းခံရသည့်နေရာ အထိန်းခံရသည်..၊
ပညာသားပါပါ အင်အားသုံးခြင်းခံရသည်..၊

ဒါပေမဲ့..အမေအပြုံးမပျက်ခဲ့ပါ...၊
သာမန်လွှတ်တော်အမတ်၏
အခွင့်အာဏာ ထက်ပိုပြီး လုပ်ပိုင်ခွင့်မရှိသော..အမေသည်..၊
သူအရည်အချင်းနှင့် သူ့ပညာ..သူ့မာန ကိုအသုံးချ.ကာ..
နိုင်ငံတကာအလယ်...မျက်နှာပွင့်အောင်နေခဲ့ ပါသည်..၊
ကျွန်တော်တို့ မျက်နှာမငယ်ကြရပါ..၊

အဲဒီမှာ နားလည်သဘောပေါက်လာသည်က..၊
အမေသည်..သူ့လမ်းကိုသူ့မူအတိုင်း..၊
စနစ်တကျ သွာခဲ့သော်လည်း
သူချစ်သော..ကျွန်တော်တို့တွေ..ဂျီကျပါက
လိုက်လျှောခြင်းပင်တည်း၊

------------------

သူမသည်..တိုင်းပြည်၏ စီးပွားရေး၊ ပြည်သူ့အရေး၊ အပါအ၀င်.
ပြဿနာပေါင်းစုံကို တာဝန်ပေးခံရသည့်အတိုင်း..
အောင်မြင်စွာဖြေရှင်းခဲ့သည်.
သူ့ ကံဇာတာကို..စမ်းသပ်သလို..ဖြစ်ခဲ့သော..လက်ပတောင်းကိစ္စကို
ရှဉ့်လဲလျှောက်သာပျားလည်းစွဲသာ ဖြေရှင်းနိုင်သည်မှာ...
အကြီးဆုံးစိန်ခေါ်မှုတစ်ခုကိုတည်ငြိမ်စွာ အောင်မြင်ခဲ့ခြင်းပင်ဖြစ်သည်..၊
ရခိုင်စုံကော်နှင့်...လက်ပတောင်စုံကော်ကို ဖြေရှင်းမှုချင်း နှိုင်းယှဉ်သင့်ပါသည်။

တရားဥပဒေစိုးမိုးရေး ကော်မတီ ၏ လွှတ်တော်ကိုတင်သောအစီရင်ခံစာသည်လည်း၊
အထိနာသည့်သူများ နာနိုင်သော်လည်း.. မှန်ကန်သောအချက်ဖြစ်ကြောင်း..
မည်သူမျှမငြင်းနိုင်ပေ...ငြင်းပါက..သူ့ကော်မတီထံတင်ပြခဲသော တိုင်စာသောင်းကျော်က..
သက်သေများပင်ဖြစ်သည်..၊ တိုင်စာ..တစ်ခုခြင်း ရှင်းပါက..
မည်သို့ ဖြစ်သွား မည်နည်း..၊ လွှတ်တော် + အစိုးရက Action ယူရမည်ဖြစ်သည်.၊
ဒါပေသည့် အမေသည် ...အားလုံးကို ညှာတာခဲ့ပါသည်။
မဟုတ်ပါက..လယ်ယာမြေသိမ်းဆည်းရေးကော်မတီပြဿနာထက်
အဆများစွာ ...ဆိုးရွားစုတ်ပြတ်သွားနိုင်သည်..။

ထို့ပြင်သူမသည်.၊ပညာရေးကျန်းမာရေး လှုပ်ရှားမှုတွေ..အဆင့်မြင့်မာအောင်
သွယ်ဝိုက်ဝေဘန်ခဲ့သည် ..၊ နိုင်ငံတကာတက္ကသိုလ်ကြီးများသို့သွားရောက်
မိန့်ခွန်းပြောပြီး. ပညာရေးကိုအလေးအနက်ထားသင့်ကြောင်းလက်ရှိအစိုးရ
ကို ဖိအားပေးခဲ့သည်၊ ရသမျှပညာရေးဆိုင်ရာအခွင့်ရေးများတောင်းဆိုခဲ့သည်။
ရန်ကုန်ဆေးရုံအပါအ၀င် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်မှုများ၊
ပညာရေးစနစ်များ ပြောင်းလည်းလာခြင်းသည်.. မည်သူ၏
ဖိအားကြောင့်...ဆိုတာ.ရှင်းလင်းလှသောအဖြေပင်ဖြစ်ပါသည်။
သူ့ကို ယုံကြည်လို့ အပ်နှံသော ဂျပန်နိုင်ငံ၏ ကူညီထောက်ပံ့မှုငွေများနှင့်
တရုတ်ကို ကြောက်သောသူကြီး၏ အပုတ်နံ့ထွက်နေသော..
ငြိမ်းချမ်းရေးကော်မတီငွေများ နှင့် နိုင်းယှဉ်ကြည့်ပါလေ..၊

ထိုသို့ဖြစ်နေသည့်တိုင်..
" ဒေါ်စု လွှတ်တော်ထဲဝင်ပြီးမှ..
တိုင်းပြည် တိုးတက်အောင်ဘာလုပ်ခဲ့လို့လဲ.."
ဟူသော ဝေဘန်မှုကြုံတွေ့နေရဆဲဖြစ်ပါသည်။

မေးခွန်းကို ပြန်ပြင်စေချင်ပါသည်..
ဒေါ်စုသမ္မတ ဖြစ်ပြီးမှ တိုင်းပြည်မတိုးတက်ပါက..
ဒီမေးခွန်းကို ကျွန်တော်တို့လဲ ထောက်ခံကာမေးမြန်းမည်ဖြစ်ပါမည်..၊
အခုကျတော့. ..ဘာအခွင့်အာဏာမှမရှိသူကို
တိုင်းပြည်နဲ့ ပတ်သက်တဲ့...စီးပွားရေး
နိုင်ငံရေး....ပေါ်လစီများချမှတ်စေလိုသော..
သဘောပင်ဖြစ်နေသည်..

မည်သည့်စကားကိုပြောပြော..စည်းထားသောအမေသည်
သာမန်အကြံများပေးယုံအပြင် ဘာများတတ်နိုင်မည်နည်း။
သူမ...နားမလည်တာတော့မဖြစ်နိုင်ပါ...တတ်ကျွမ်းနားလည်ပါလိမ့်မည်၊
နိုင်ငံတော်သမ္မတ ကို "ဟိုဟာလုပ်သင့်တယ် ဒီဟာလုပ်သင့်တယ်"ဆိုပြီး..
ပြောဆို အကြံပေးပါက မည်သူတွေ ဘာဖြစ်သွားမည်နည်း။
အခုတောင်..သမ္မတ.၊ ဥက္ကဌ တို့က.သူနဲ့...မနည်း ကို ..
တန်းလိုက်ညှိနေကြရ တာတာလေ..၊

--------------------

ဒီကြားထဲ ဘင်္ဂံလီ ပြဿနာရှိပါသေးသည်.

ကြံဖွတ်သည်.ရခိုင်ပါတီကိုနိုင်ချင်ဇောများဖြင့်.ဘင်္ဂံလီ ၈ သိန်းလောက်ကို
အ၀င်ခံထားခဲ့သည်။သူတို့၏မဲများ ဖြင့် လွှတ်တော်တွင် ကုလား ၃ ဦးရောက်နေယုံမက.
နှစ်ပေါင်းများစွာ အဂတိတရားလက်ကိုင်ထားပြီး ပြည်တွင်းသို့အ၀င်ခံခဲ့ကြသော
သမိုင်းတရားခံများကို ...ညံ့ဖျင်းစွာမေ့လျော့ မသိချင်ယောင်ဆောင်ကာ
ဦးဥာဏ်ဝင်း ပြောသောစကားကို အထအနကောက်နေသောသူများက
ဘာသာရေးခေါင်းစဉ်ပြကာ...တိုက်ခိုက်နေကြပါသေးသည်။

ဦးဥာဏ်ဝင်း ကိုဒီလောက်အလေးအနက်ထားကြမှန်း ခုမှသိရသလို
နိုင်ငံတော်သမ္မတ၏ ခိုးဝင်လာသူတွေမရှိပါဘူး..ဆိုသောစကားကိုလဲ
အတင်းဖြစ်ညှစ်ကာ..မေ့ပစ်နေကြသည်..၊

အရင်က ဘုန်းကြီးတွေကို ငါကိုင်တုတ်ခဲ့သော သူများမှာလဲ
အခု မျိုးချစ်သူရဲကောင်းများအသွင် တလွှားလွှားဖြင့်တွေ့ကြရသည်..၊
ကိုယ်ခံအားနည်းသူများကလဲ...မျောပါသွားကြသည်..၊

ထိုသို့သော နိုင်ငံရေး တိုက်ကွက်များကို သူမ ခံနေရသော်လည်း
အပြုံးမပျက်ခဲ့ပါ...၊
ကြားဖြတ်ကာလက..သူမ ပါတီ၏ လူထုထောက်ခံမှုအနေအထားနှင့်..၊
ဖွတ်ပါတီ၏အနေအထားကိုကြည့်ရင်..
သူမပါတီသည်..ရွေးကောက်ပွဲအနိုင်ရဖို့ အတွက်..
ကုလားထောက်ခံမှုကိုလုံးဝ...မလိုအပ်ပါပေ..၊

------------------------

တကယ်တော့..သူတို့တွေ..တကယ်ကို ကြောက်နေပါသည်.၊

(၁) ၁၅ နှစ်လောက် ပြည်သူကိုလိမ်ညာအချိန်ဆွဲရေးသား ခဲ့သောနာဂစ်ဥပဒေ၏
ဟာကွက်များအား ဒေါ်စုက အချိန်အနည်းငယ်အတွင်း ပြည့်စုံအောင်လုပ်နိုင်တာမျိုးကို
မြန်မာ့သမိုင်းတွင်...လုံးဝရေးသားချင်ပုံမရပါ ..၊ ထိုဥပဒေသည် ..ဦးသန်းရွှေ ၏ နောက်ဆုံးသိက္ခာပင် ဖြစ်သောကြောင့်တည်း။

(၂) စစ်အစိုးရလက်ထက်က..ပွင့်လင်းမြင်သာမှုမရှိသောစီမံကိန်းအရှုပ်ထုတ်များ..၊
အပေးအယူများသည် လက်ရှိအစိုးရလက်ထက်တွင် ဖုံးကြဖိကြ၊ ကြိတ်ရှင်းကြနှင့်
အချိန်ဆွဲနိုင်သော်လည်း..၊၂၀၁၅ တွင်သာ ဒေါ်စုအစိုးရတက်လာပါကပြတ်သားစွာ
ဖေါ်ထုတ်အရေးယူ ခံရနိုင်စရာများ ရှိနေနိုင်ပါသည်။
ထိုဇယားများကို...မည်သို့အရေးယူဆောင်ရွက်မည်ကို ခေါင်းခဲနေကြပုံရသော..
ကာယကံရှင်များသည်..တနည်းပဲလုပ်စရာရှိပါသည် ၊ ဘယ်နည်းဖြစ်မည်နည်း ?

(၃) တိုင်းပြည်ကို မဟာဗျူဟာအရ လွမ်းမိုးထားနိုင်သော တရုတ်သည်.
အနောက်အုပ်စုအပါအ၀င် ကမ္ဘာမှ လက်ခံသော ဒေါ်စုသာအာဏာရပါက..
၎င်း တို့၏ သြဇာပြုတ်ကျသွားမည်ကို လည်းကောင်း၊ လွယ်လွယ်ရထားသော
စွမ်းအင်ဆိုင်ရာအရင်းအမြစ်များ..၊စီမံကိန်းများ အပါအ၀င်..၊
အချက်အခြာကျသောမြေများအား ဆုံးရှုံးရမည်ကိုလည်းကောင်း
မဖြစ်လိုပေ...။
အန္ဒိယသမုဒ္ဓရာသို့ ထွက်ပေါက်အဖြစ်ရရှိထားသော.ရခိုင်ပြည်နယ်. ကျောက်ဖြူဒေသကို
ဆုံးရှုံးရမည်စိုးသဖြင့် ရထာလမ်းရောကားလမ်းပါ အမြန်ဖေါက်နိုင်သလို..
၂၀၁၅ ခုနှစ် တွင်..ပညာတတ်ပြီး နိုင်ငံရေးအသိပညာကြွယ်ဝသော..
ကမ္ဘာ့ခေါင်းဆောင်များလေးစားခံရသော...ဒေါ်စု (သို့မဟုတ်)
ပညာရှင်တစ်ဦး မြန်မာနိုင်ငံကို ခေါင်းဆောင်လုပ်နေခြင်းမရှိမှ
ဖြစ်ပေလိမ့်မည်..၊
သူတို့...လိုချင်တာသည်.. ကင်ဂျုံအွမ်လို ခေါင်းဆောင်မျိုး..၊
အာဖရိကတိုက်က အာဏာရှင်လိုခေါင်းဆောင်မျိုးသာဖြစ်သည်။
ထို့ကြောင့်....တရုတ်ဘာလုပ်မည်ကို..သုံးသပ်စေချင်ပါသည်..၊

(၄) ကျန်တာတွေကတော့. အဂတိလိုက်စားမှုအပါအ၀င် ငွေကြေးကိစ္စ..၊
အရှုပ်အထွေးများ ၊ ငွေမဲခ၀ါချမှုများ ၊ မူးယစ်ဆေးဝါးကိစ္စများ ကျုးလွန်ထားကြသော
ခရိုနီများ ၊ Higher Level အာဏာရှင်ဟောင်းများ ၊ အစိုးရအကြီးအကဲများ..
ဝန်ထမ်းအကြီးအကဲများနှင့်..စစ်ခေါင်းဆောင်များဖြစ်သည်...၊
သူတို့လဲ..ကြောက်ကြဦးမည်ဖြစ်သည်.. ၊ တစ်ချိန်က တိုင်းမှုးတွေရဲ့ နောက်ကြောင်းကို
စုံစမ်းခိုင်းရုံမျှနှင့်ထောက်လှမ်းရေးတစ်ဖွဲ့လုံးကို မြေလှန်သော သာဓကကို ကြည့်ကြပါလေ..၊

သူတို့အားလုံးပေါင်းပြီး.အမေကိုနှိပ်ကွပ်ထားခဲ့ကြတော့
အမေ..က...ပြန်လက်စားခြေမှာကိုကြံ့ဖန်ပြီး ကြောက်နေကြသည်..

ဒါပေသည့် အမေသည်.......ဖြူစင်ခဲ့ပါသည်။
အာဃာတ စကား တစ်ခွန်းမှ....မဟခဲ့ပေ..၊

အမေသာ...လူထုထောက်ခံမှုလိုချင်လို့..
.နိုင်ငံရေးအမြတ်ထုတ်ချင်သူဆိုပါက...
သူ့ကိုနှိပ်ကွပ်ခဲ့တာတွေကို..စီကာပတ်ကုံးပြောကာ..
ပြည်သူ့မျက်ရည်ခြူခဲ့တာ...ကြာပေါ့နော်..
ကုလားကိစ္စလောက်ကို...ပြောစရာမလိုပါ..၊

အဲဒါကြောင့်...၊
အပေါ်က...အချက်တွေကို...
မှန်မှန်ကန်ကန် လေ့လာသုံးသပ်ကြစေလိုပါတယ်..၊

ကျွန်တော်...တို့ အမေဟာ.. ပရိယာယ်များတဲ့
ဒေသကြီးမှာ...သူ့ကိုယ်ပိုင်အလင်းရောင်လေးနဲ့..
လိမ္မာပါးနပ်စွာ..နေနေရတာပါ...လို့...သဘောပေါက်ကြရင်ဖြင့်..

..................

(ပုရစ်)

လော်ဘီလုပ်တယ်ပဲထင်ထင်ပေါ့ဗျာ..
အပိုဆာဒါးတွေ တစ်ခုမှမပါ ပါဘူး..၊
လွတ်လပ်စွာ. Share နိုင်ပါတယ်ဗျာ..၊

No comments:

Post a Comment