Sunday 11 August 2013

မိုးမခရဲ့  ၀မ်းနည်းကြောင်း သတင်းဖြစ်ပါတယ်။

မိုးမခရဲ့  ၀မ်းနည်းကြောင်း သတင်းဖြစ်ပါတယ်။

ကင်ဆာရောဂါ ခံစားနေရသော သတင်းစာဆရာ မောင်ဝံသ (၆၉နှစ်) ဟာ ယနေ့နံနက်ပိုင်းက ဆေးရုံမှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရှိရပါတယ်။ လွန်ခဲ့တဲ့ ၆ လ ခန့်ကတည်းက အဆုတ်ကင်ဆာနဲ့ ဆေးကုသမှု ခံနေရပြီး လွန်ခဲ့တဲ့လက အာရုံကြောဝေဒနာများ ပိုမိုဆိုးဝါးလာခဲ့ရာက နောက်ဆုံး ကွယ်လွန်ခဲ့တယ်လို့ ဆိုပါတယ်။


သတင်းစာဆရာ၊ စာရေးဆရာမောင်ဝံသ (ဦးစိုးသိန်း) သည် ပြည်သူ့ခေတ် ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာ ဖြစ်ပြီး အတွေးအမြင် စာစောင်၏ ထုတ်ဝေသူဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သူ ဆရာ မောင်ဝံသသည် ၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် အရေးတော်ပုံတွင် ပါဝင်ခဲ့ပြီးနောက် ၁၉၉၀ ရွေးကောက်ပွဲ ကာလက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုဦးစီး အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည်။ ဆရာမောင်ဝံသသည် ၎င်း၏ ပြည်သူ့ခေတ် ဂျာနယ်၌ လက်ရှိမြန်မာပြည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရေးသားဖော်ပြနေသကဲ့သို့ ၎င်း၏ facebook စာမျက်နှာ တွင်လည်း ပွင့်လင်းစွာ ဝေဖန်ရေးသားခဲ့သည်။

ဆရာမောင်ဝံသ အမေရိကန်ပြည်ထောင်စုသို့ ၂၀၁၀ နှစ်ကုန်ပိုင်း ရောက်ရှိနေချိန်အတွင်း၊ မိုးမခနှင့် အင်တာဗျုး အစီအစဉ်များ ပြုလုပ်ခဲ့ဖူးသည်။ ထိုစဉ်က စစ်တပိုင်းအစိုးရနှင့် ဒေါ်စုတို့ အတိုက်အခံအင်အားစုများအတွင်း အပြုသဘော ဆက်ဆံရေးများ ဖြစ်ပေါ်ခြင်း မရှိသေး၊ နိုင်ငံရေးအကျဉ်းသားများလည်း ဖမ်းဆီးခံထားရဆဲဖြစ်သည်။ စာနယ်ဇင်းလွတ်လပ်မှုများလည်း မရှိသေးပေ။ ထိုစဉ်က သတင်းစာဆရာတဦးနဲ့ မိုးမခစကားလက်ဆုံ ဆိုပြီး ဆရာမောင်ဝံအမည်ကို ဖော်ထုတ်ခြင်း မရှိဘဲ တင်ဆက်ခဲ့ဖူးသည်။

ယခု ဆရာမောင်ဝံသ ကွယ်လွန်ခဲ့ပြီ ဖြစ်သဖြင့် ဆရာ့ကို ဦးညွှတ်ဂါရ၀ပြုသော အားဖြင့် အဆိုပါ အင်တာဗျုး ၃ ခုကို ပြန်လည် တင်ဆက်လိုက်ပါသည်။

သတင်းစာဆရာတဦးနဲ့ မိုးမခစကားလက်ဆုံ ဒေါ်စုနဲ့ အင်န်အယ်ဒီ ဟာ ပြည်ထောင်စုဖြိုခွဲသူလား
မိုးမခ နိုဝင်ဘာ ၂၆၊ ၂၀၁၀
သတင်းစာဆရာတဦးနဲ့ မိုးမခစကားလက်ဆုံ - ဒေါ်စုနဲ့ အင်န်အယ်ဒီက ရန်လိုသတဲ့လား
မိုးမခ ။ နိုဝင်ဘာ ၁၉၊ ၂၀၁၀
သတင်းစာဆရာတဦးနဲ့ မိုးမခစကားလက်ဆုံ - ဒေါ်စုနဲ့ အင်န်အယ်ဒီ ဟာ ဆူးညှောင့်ခလုတ်တွေလား
မိုးမခ ။ နိုဝင်ဘာ ၂၀၊ ၂၀၁၀

မိုးမခ၀ိုင်းတော်သားများက ဆရာမောင်ဝံသကွယ်လွန်ခြင်းအတွက် မိသားစုများနှင့်အတူ ၀မ်းနည်းကြောင်း ထုတ်ပြန်အပ်ပါသည်။
http://moemaka.com/archives/37207?fb_source=pubv1#sthash.TyE2afJu.dpuf

1 comment: