Sunday 11 August 2013

လွမ်းဆွတ်မိပါသည်ဆရာ။



မဖြေရက် အနေခက်ပြန်ပြီ
ကြွေပြန်ဘီ ကြယ်တပွင့်
လင်းလဲ့ကြယ်စင်


သွားနှင့်ဦး ဆရာမောင်ဝံသ
ခေတ်စနစ်တွေမလှတော့
မီးရှူးပန်းတစ်ဆူ ငြိမ်းရှာရက်တယ်
အမှောင်ခေတ်ကိုအန်တုမယ့်
သူ့ အရေးအသားဟန် မာန်ထက်တယ်
အာဏာရှင် အရပ်သား
ကြောက်လှတဲ့ ကလောင်တစ်ဆူ
အစားထိုးစာရာ မရှိ
အနေရကြပ် အသေရထက်တဲ့လောကကြီးမို့ 
အတော်ဆိုးတဲ့ နှစ်ထောင့်သုံးပါတကား။

ကိုထွန်းဝေ

11.8.2013

No comments:

Post a Comment