Monday 26 August 2013

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ပါဝင်သောတိုင်းရင်သားလူမျိုးများ အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ



 ယနေ့မွန်းလွဲ ပိုင်းကနေုပြည်တော်ရှိ ပြည်သူ့လွှတ်တော်ရုံး အမှတ် (၂၀) တွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ရေးဆွဲတင်ပြသော တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်ဆောင့်ရှောက်သည့် ဥပဒေကြမ်းဆွေးနွေးပွဲကို ကျင်းပရာ ပြည်နှင့်နယ်တိုင်း တိုင်းရင်းသားရေးရာ ၀န်ကြီးများနှင့် နိုင်ငံရေးပါတီများမှ
ခေါင်ဆောင်များ အပါအ၀င် ကိုယ်စားလှယ်နှစ်ဦးကို ဖိတ်ကြားရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဂျော်နီတို့တက်ရောက်ခဲ့ကြသည်။ လည်းကောင်းဆွေးနွေးပွဲကို ပြည်ထောင်စုလွှတ်တော်နာယက ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်နှင့်ဒုတိယ ဥက္ကဌများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များအပါအ၀င်၊ တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။

မူရင်း  NLD

27.8.2013
ပြန်လည်မျှဝေပါတယ်။.


No comments:

Post a Comment