Sunday 18 August 2013

အ ဝေး မှာ မ နေ ကြ ပါ နဲ့။

အ ဝေး မှာ မ နေ ကြ ပါ နဲ့။


တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်နေစိတ်ထားတွေ၊
အမြင် ကျဉ်းမြောင်းတဲ့ အတွေးအခေါ် အယူအဆတွေ၊ ကိုယ်ချင်းစာတရား ကင်းမဲ့တဲ့ အပြုအမူ အပြောအဆို အမူအကျင့်တွေ၊ တရားလမ်းကြောင်း တိမ်းစောင်းတဲ့ လုပ်ထုံးလုပ်နည်းတွေ၊

လူတစ်ယောက်ကို အဆိုးမြင် စိတ်နဲ့ ဆိုးကွက်ကိုပဲ အမြဲကြည့်ပြီး အပြစ်ပြော အပုတ်ချတတ်တဲ့ အကျင့်စရိုက်တွေကို မစွန့်လွှတ်နိုင် သမျှတော့ …


တရားတွေ ဘယ်လောက်ပဲ အားထုတ် အားထုတ် တရားထူး တရားမြတ်နဲ့ရော နိဗ္ဗာန်ချမ်းသာနဲ့ပါ အဝေးကြီး ဝေးနေဦးမှာပါပဲ။

ကိုယ့်အနေအထားနဲ့ မဖြစ်နိုင် တာကို ဖြစ်ချင်နေရင် ကိုယ် ရပိုင် ခွင့် မရှိတာကို ရချင်နေရင် ဖြစ်ချင် ရချင် စိတ်က လွှမ်းမိုးနေလို့ တရားထဲမှာ သမာဓိ မရတော့ပါဘူး။

ကိုယ် ရသင့်ရထိုက်လို့ ကိုယ့်မှာ ရရှိနေတာနဲ့ မကျေနပ်၊ မရောင့်ရဲနိုင် သမျှတော့ လောဘမီး အမြဲနှိပ်စက်နေလို့ စိတ်လည်း မအေးချမ်းနိုင် သလို တရားထူးတရားမြတ်နဲ့လည်း အဝေးကြီး ဝေးနေဦးမှာပါပဲ။

အဝေးမှာ မနေကြပါနဲ့။

အရှင် ဆန္ဒာဓိက။
( ရွှေပါရမီ တောရ )

No comments:

Post a Comment