Wednesday 21 August 2013

“အမျိုးသားစာဆိုကြီးဒဂုန်တာရာ၏နောက်ဆုံးခရီးကို ဦးကျော်သူနီဗ္ဗာန် ယာဉ်မောင်းပို့ ဆောင်မည်”



ညောင်ရွှေမှာပရဟိတဟောပြောပွဲသွားရောက်ခိုက်အမျိုးသားစာဆိုကြီးဆရာကြီးဒဂုန်တာရာအနိစ္စရောက်သွားကြောင်း
သတင်းကြားရတဲ့အတွက်နာရေးကူညီမူအသင်း(ရန်ကုန်)
ဥက္ကဋ္ဌဦးကျော်သူနှင့်အဖွဲ့ ဟာအောင်ပန်းမြို့ သို့ သွားရောက်ခဲ့ကြသည်။ယမန်နေ့(သြဂုတ်၁၉ရက်နေ့ )ည၈နာရီခွဲမှာ
ဆရာကြီးဒဂုန်တာရာခေါင်းချရာနေအိမ်သို့ ရောက်ရှိပြီးကွယ်လွန်သူအမျိုးသား စာဆိုကျေးဇူးရှင်ကြီးဆရာဒဂုန်တာရာ၏ကြွင်းကျန်သောရုပ်ခန္ဓာအားဂါရ၀ပြုခဲ့ကြကြောင်း၊
ကျန်ရစ်သူမိသားစုကိုအားပေးစကားပြောကြားကြောင်းနှင့်ဈာပနကိစ္စများကိုကူညီဆောင်ရွက်ပေးနိုင်ရန်ဆွေးနွေးတိုင်
ပင်ခဲ့ကြောင်းလည်းသိရသည်။နိုင်ငံ့အရေးမှာပြည်သူ့ဘက်ကအမြဲမားမားမတ်မတ်ရပ်ခဲ့ သလိုငြိမ်းချမ်းရေးအတွက်အမြဲရှေးရှူခဲသူအမျိုးသားစာဆိုကြီးဆရာဒဂုန်တာရာ၏နောက်ဆုံးခရီးကိုဦးကျော်သူကိုယ်တိုင်နီဗ္ဗာန် ယာဉ်မောင်းပို့ ဆောင်ခွင့်ရမည်ဖြစ်ကြောင်းလည်းသိရသည်။ယနေ့ မှာတောင်ကြီးမြို
့ဟောပြောပွဲသို့ သွားရောက်မည့်ဦးကျော်သူမှာမနက်ဖြန်(သြဂုတ်၂၁ရက်နေ့)မှာအောင်ပန်းသို့ပြန်လာပြီးမွန်းလွဲ၂နာရီ
မှာကျင်းပမည့်အမျိုးသားစာဆိုကြီးဆရာကြီးဒဂုန်တာရာ၏ဈာပန
အခန်းအနားတွင်နိဗ္ဗာန် ယာဉ်မောင်းပို့ ဆောင်မည်ဖြစ်ကြောင်း
သိရပါသည်။

ကိုမျိုး မြန်မာစာ

No comments:

Post a Comment