Sunday 11 August 2013

ဝမ်းနည်းခြင်း

ဆရာမောင်ဝံသ ကွယ်လွန်တဲ့ အတွက် ကျနော်မှမိသားစုနှင့် အတူ ထပ်တူကြေကွဲဝမ်းည်းမိပါတယ်။ ဆရာရဲ့  စာပေသတင်းကြားမိတိုင်း အမြဲဘဲ အားရကျေနပ်မိပါတယ်။ ယခုဆရာမရှိတော့တဲ့အတွက် မိသားစုနှင့်အတူ ဖြေဆည်မရနိုင်ပါ။ ဘာနဲ့ မှအစားထိုးမရနိုင်ပါ.။ စာပေတံခွန်ပညာရှင်ဖြစ်ပါတယ်.။
အမှောင်ထုထဲက တိုင်ပြည်ကို စာပေနဲ့ အလင်းရောင်ပေးခဲ့သူပါ
ဆရာရဲ့  စာပေကို ကျနော် တတ်နိုင်သမျှ ကျနော်၏ ဘလော့နှင့် ဖေ့ဘုတ်များတွင် ဆရာရေးသမျှလက်လှမ်းမှီသမျှ ဖော်ပြပေးခဲ့ပါတယ်။ အမှောင်ခေတ်ကိုအန်တုမယ့် ကြယ်တံခွန်ကြွေကြတာနှင့်အတူတူ ခံစားမိပါတယ်။သူ့ မိသားစုနှင့်အင်အားတစ်ခုလျော့သွားခဲ့ပြန်ပြီ.

ဆရာကောင်းရာသုဂတိ ရောက်ပါစေ
ဒီမိုကရေစီအတွက် ဆရာတာဝန်ကျေခဲ့ပါပြီ
ကျနော်နဲ့ စာရိုက်ခဲ့တဲ့အချိန်တွေသတိရနေမယ်ဆရာရေ

လေးစားစွာဖြင့်
ကိုထွန်းဝေ
11.8.2013

No comments:

Post a Comment