Monday 15 July 2013

"၆၆နှစ်မြောက်အာဇာနည်နေ့၁၀:၃၇တွင်Phone Alarm Ringtone များဖြင့်ငြိမ်သက်အလေး ပြု ကြပါစို့"





အာဇာနည်နေ့အတွက် အလေးပြုနိုင်ရန် ဥသြဆွဲသံအား ဖုန်းမြည်သံစနစ်အဖြစ် ထည့်သွင်းနိုင်ရေးအတွက် နည်းပညာကျွမ်းကျင်သူများဖြင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု အဖြူရောင်တွဲလက်များအဖွဲ့မှ သိရသည်။

လာမည့် ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် ၆၆ နှစ်မြောက် အာဇာနည်နေ့တွင် တရားဝင် ဥသြဆွဲ အလေးပြု ခွင့်မရနိုင်ပါက ပြည်သူများအနေဖြင့် ဥသြသံအား ဖုန်းမြည်သံ(Ringtone)အဖြစ် ရယူပြီး လက်ကိုင်ဖုန်းများအတွင်း အချက်ပေးစနစ် (Alarm) ထည့်သွင်းခြင်းဖြင့် အလေးပြုနိုင်ရန် ယင်းကဲ့သို့ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု အဖြူရောင်တွဲလက်များအဖွဲ့မှ ကိုဘိုဘိုက ဆိုသည်။

"အခု အိုင်တီသမားတွေနဲ့ ဆွေးနွေးနေပါတယ်။ အလွယ်ကူဆုံးနဲ့ အမြန်ဆုံး ရယူနိုင်မယ့် စနစ်ကို ပြုလုပ်ပေးမှာပါ။"ဟု ၄င်းက ပြောသည်။

လက်ရှိတွင် "အဖြူရောင်တွဲလက်များ" ဖေ့စ်ဘွတ်စာမျက်နှာပေါ်၌ အဆိုပါ ဖုန်းမြည်သံ ရယူနိုင်ရန် လင့်ခ်ပေးထားပြီး လက်ကိုင်ဖုန်းများတွင် အလွယ်တကူရယူနိုင်ရန် မိုဘိုင်းအယ်ပလီကေးရှင်း ပုံစံဖြင့်လည်း ဆောင်ရွက်ရန် လျာထားကြောင်းသိရသည်။

သုတလင်း (ပေါ်ပြုလာ မြန်မာသတင်းဂျာနယ်)။

သြဥ ဆွဲသံကို sound cloud မှ ဒေါင်းလုပ် ရယူနိုင်ပါသည်။
https://soundcloud.com/kohtike-1/martyr-siren-sound

(လက်ဖက်ရည်ဆိုင်များ၊ မော်တော်ကားများမှလည်း အဆိုပါ အသံများကို မနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဖွင့်၍ ဝမ်းနည်းကြောင်း ဂုဏ်ပြုနိုင်ပါသည်။)

No comments:

Post a Comment