Thursday 11 July 2013

ရည်းစားဟောင်းဖြစ်သူမှ ခေါ်ဆောင်သွားပြီး လက်ကောက်အား လုယူသွားမှု





၆.၇.၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန် သာကေတမြို့နယ်နေမနုနုထွေး
(ဘ)ဦးအုန်းလွင်သည် မိတ်ဆွေဖြစ်သူဦးကျော်လင်းထွေးမိသားစုနှင့်
အတူ သာကေတမြို့နယ်၊ ကျောက်တိုင်မှတ်တိုင်အနီးရှ
ရွှေပုဇွန်အအေးဆိုင်တွင် စားသောက်နေစဉ် ယခင်က
ခင်မင်ရင်းနှီးသူဖူးသူ ဦးကျော်ကျော်ထွေးနှင့် ရည်းစားဟောင်းဖြစ်သူ သင်္ဃန်းကျွန်းမြို့နယ်နေ အောင်နိုင်ဦးတို့ရောက်ရှိလာပြီး အတူတူအအေး သောက်ခဲ့ကြပါသည်။
အအေးသောက်ပြီးအပြန်တွင် မနုနုထွေးသည် အောင်နိုင်ဦး၊ ဦးကျော်ကျော်ထွေးတို့နှင့် အောင်နိုင်ဦး၏ကားဖြင့်အတူပြန်
လာရာ ဦးကျော်ကျော်ထွေးအားနေအိမ်သို့ပို့ပေးခဲ့ပြီးနောက်
အောင်နိုင်ဦးမှ စကားပြောစရာရှိ၍ လိုက်ခဲ့ရန်ခေါ်သဖြင့် ကားဖြင့်လိုက်ပါလာခဲ့ရာ ၎င်းအားလက်ထပ်ရ မည်ဖြစ်ကြောင်း၊ မယူလျှင်သတ်ပစ်မည်ဟုပြောဆိုကာ သန်လျင်ဘက်သို့
မောင်းနှင်ခဲ့ပါသည်။
မနုနုထွေးမှနေအိမ်သို့ပြန်ပို့ပေးရန်ပြောဆိုပြီး ကားပေါ်မှ
ဆင်းရန်ပြုလုပ်စဉ် အောင်နိုင်ဦးမှ ဆံပင်ဆွဲပြီးလည်ပင်းအား
လက်ဖြင့်ရိုက်နှက်ခဲ့ကာ ဆက်လက်မောင်းနှင်ခဲ့ရာ
အေးနန္ဒာတည်းခိုခန်း ရှေ့သို့ရောက်ရှိစဉ် ကားအားရပ်တန့်ခဲ့၍
ဆင်းပြီး ဖုန်းဖြင့်ဓါတ်ပုံရိုက်မည်ပြုစဉ် ဖုန်းအားလုယူရိုက်ခွဲခဲ့ကာ စိန်ပွင့်များပါရွှေ(၁)ကျပ်သားခန့်ရှိလက်ကောက်(၁)ကွင်း၊
တန်ဘိုးငွေကျပ် (၁၅)သိန်း အားဆွဲချွတ်လုယူကာမောင်းနှင
သွားခဲ့သဖြင့် အောင်နိုင်ဦးအားအရေးယူပေးပါရန်
၉.၇.၂၀၁၃ ရက်နေ့တွင်သာကေတနယ်မြေရဲစခန်းသို့လာရောက် တိုင်ကြားခဲ့၍ (ပ)၄၆၅/၂၀၁၃၊ ပုဒ်မ ၃၈၂ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment