Wednesday, 17 July 2013

နေပြည်တော်ကားလမ်းမှတကယ့် အဖြစ်ပျက်ကလေးပါ။



ကျမအတွေ့အကြုံလေးတခုကကိုပြောပြချင်တာပါ။ အခုတလော နေပြည်တော် အမြန်လမ်းဟိုင်းဝေးလမ်း ပေါ်မှာ မကြာခဏဖြစ်ပျက်နေတဲ့ ယာဉ်မတော် တဆ ဖြစ်မှုတွေကို တွေ့နေ၊ ကြားနေ၊ မြင်နေရပါတယ်။

ဘာကြောင့်များအခုလိုတွေဖြစ်နေရတာဘာလဲ လမ်းရဲ့ ချိုးယွင့်ချက်ကြောင့်လား? ဒါမှမဟုတ် ကားမောင်းသူ ကားဆရာရဲ့ အားနည်းချက်ကြောင့်လားဆိုတာတွေကို တွေးချင်စရာပါဘဲ။ ဘာဘဲ ဖြစ်ဖြစ် အခုဆိုရင်တော့ ခရီးသွားပြည်သူတွေ အတွက် ကတော့ နေပြည်တော်အမြန်လမ်းကနေသွားရမှာကို တော်တော်လေးတွေးကြောက် နေကြမှာတော့ အမှန်တကယ်ပါဘဲ။


အမြန်လမ်းပေါ်က ကျမတွေ့ကြုံခဲ့ရတဲ့ တကယ့် အဖြစ်အပျက်ကလေးတခုကတော့ ပြီးခဲ့တဲ့ ၂၀၁၂ ဖေဖော်ဝါရီလ ဆန်းလောက်ကပေါ့ ကျမ မိဘအိမ်ကို ရောက်တုန်း ပုဂံဘုရားဖူးသွားချင်တာနဲ့ ကျမကို လိုက်ပိုဖို့အတွက် ကျမရဲ့ အမေ အဒေါ် နဲအတူ အဒေါ်ရဲ့ အမျိုးသားပါ အပါအ၀င် ၆ ယောက်ခရီးထွက်ခဲ့ကြပါတယ်။

ရှေးဟောင်းပုဂံမြေကိုပေါ့။
ညောင်ဦးကိုရောက်ဖို့ အတွက် လှိုင်းကားပဲ စီးခဲ့ကြပါတယ်။ ပုဂံမင်းသား ဟိုင်းဝေးကားနဲ့ပါဘဲ။
ကျမတို့ စီးလာတဲ့ ကားကတော့ အသွားခရီးစဉ်မှ ဘာမှတော့ထူးထူးခြား မဖြစ်ပေါ်ခဲ့ပါဘူး။ချော်မွှေ့စွာဘဲ ညောင်ဦးကိုရောက်ခဲ့ပါတယ်။

မိဘနဲ့အတူ ပုဂံကဘုရားများကို ကြည်နူးစွာ နဲ့ ဖူးမျှော်ရင် ခရီးစဉ်းကိုအဆုံးသတ်ခဲ့ပြီး ရန်ကုန်ကို ပြန်ဖို့ စီစဉ်ပါတယ်။

ကျမတိုတွေ့ဟာ ညောင်ဦးကနေ ရန်ကုန်သို့ သွားမယ့် ပုဂံမင်းသားအမြန်ကားနဲ့ ညနေ့ ၆း၃၀မှာ ထွက်ခွာခဲ့ကြပါတယ်။ ကျမတို့ စီးနင်းလိုက်ပါလာတဲ့ ကားဟာ မိတ္ထိလာ မြို့ပြင် ဟိုင်းဝေး အ့မြန်ကားလမ်းပေါ်သို့ မရောက်မှီ ကျမတို့ ကားဟာ ည ၁၁ နာရီကျော်လောက်ရှိမယ်လိုတော့ ခန့်မှန်းမိတဲ့အချိန်မှာ ကျမက အိပ်မော်ကျချင်နေသလိုဖြစ်နေပါပြီ။ အဲဒီအချိန်မှာ ကျမဘေးက အမေက ကျမကိုနှိုးပြီး သံဗ္ဗေုဒေ ဂါထာကိုရွတ်ခိုင်းတယ်။

အဲဒီမှာကျမက လန့် နိုးသွားပြီး ဘာဖြစ်တာလဲလိုမေးတော့ ကျမအမေက ရွတ်သာ ရွတ်ခိုင်းနေတယ်။ အဲဒါနဲ့ ကျမလဲ ဘုရားစာကို ရွတ်ဆိုရတော့တာပေါ့။ ကျမလန့် မိတာက ကျမတို့ ကားဘီးများဘာဖြစ်တာလဲ ကားတခုခုဘဲ စက်ချို့ ယွင်းလို့လားလို့ ထင်နေတာပေါ့။

အဲဒီအချိန်မှာ ကားမောင်းတဲ့ ကားဆရာက ပါးစပ်ကနေဘာတွေပြောနေလဲဆိုတော့ မင်းလဲမင်းလမ်းမင်းသွား??

ငါတိုကို မနှောင့်ယှက်နဲ့ဆိုပြီး??
ပြောနေတာကိုကြားရတယ်။

ကျမတို့ ကားပေါ်မှာလိုက်ပါစည်းနင်းလာတဲ့ ခရီးသွားတချို့လဲ အိပ်မောကျနေတာကိုတွေ့ ရပါတယ်။ ကျမတို့မိသားစုက ကားဆရာရဲ့ ရှေ့  ဆုံး သုံးတန်းမှာ နေရရတဲ့အတွက် သူတိုတွေပြောနေတာကို ကြားနေရတာပါ။ အဲဒါနဲ့ ကျမလဲ ကားအရှေ့  ဆုံးကိုလှမ်းကြည့်လိုက်တဲ့ အခါမှ ကားရှေ့  တည့်တည့် မှ ဆိုင်းကယ်နဲ့ လူနှစ်ယောက်ကို ဝေးဝေးမှာ လှမ်းမြင်လိုက် ပါတယ်။

ကားကလည်းအပေါ်မီးကို အဆုံးထိကိုထိုးတာတာကြောင့် အဲဒီ ယောကျာင်္လေးနှစ်ယောက် က မွှေလိမ်မွှေကောင်နဲ့ ကားရှေ့ကနေ ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ ဆိုင်ကယ် ကို မောင်းတာကိုတွေ့နေရတယ်။

အဲဒါနဲ့ ကျမလဲ စိတ်ထဲကနေ ဘယ်လိုကြီးပါလဲ!!! ဒီလူနှစ်ယောက် ညဘက်ကြီး ဒီလိုမှောင် မည်းနေတဲ့ အမြန်ဟိုင်းဝေးလမ်းပေါ်မှ မကြောက်မရွံ့ နဲ့ပေါ့၊ အဲလိုပဲ စိတ်က ထင်လိုက်ပါတယ်။ ကျမလဲ မျက်စီပြန်မှိတ်ပြီး အိပ်ဖို့ ကြိုးစားလိုက်ပါတယ်။ အဲဒီအချိန်မှာ ကျမအဒေါ် ကကြောက်လန့်တကြားနဲ့ အနောက်ကို ခေါင်းလှည့်ပြီး ကျမအမေကို ဘုရားစာပဲ ရွတ်၊ မေတ္တာပို့ ခိုင်းနေတာကိုကြားလိုက်တယ်။

အဲဒါနေ ကျမတို ကားဟာ ညနက်သန်းခေါင်အချိန်မှာ တော့ ခရီးတစ်ထောက် ရပ်နားတဲ့ နေပြည်တော် အမြန်လမ်းပေါ်မှာ ဖွင့်ထားတဲ့ ၁၀၅ ဂိတ် ကိုရောက်ရှိလာခဲ့ပါတယ်။ ကျမတို့ စီးနင်းလာတဲ့ ကားဟာ ပိုင်အိုးနီးယား စားသောက်ဆိုင်မှ တစ်အောင့်နားကြပါတယ်။

ကျမတို့တွေ ကားပေါ်ကနေ ဆင်းရော ကျမ ဦးလေးနဲ့ အဒေါ်ကပြောတော့ပါလေရော။ခုဏ က ဖြစ်ပျက်သွားတဲ့ အဖြစ်ပျက်ကလေးကိုပေါ့။ ကျမတိုကို နင်တို့တွေဘာမှ မမြင်လိုက် ရဘူးလာလို့ မေးတယ်။ ကျမက တော့မြင်တော့မြင်တယ် ဒါပေမယ့် ဆိုင်ကယ်စီးတဲ့ လူနှစ်ယောက်ကပုံမှန်တေ့မဟုတ်ဘူးလိုတော့ထင်တယ်လို့ ကျမက မှတ်ချက်ပေးပြီး ကျမရဲ့အဒေါ်ကိုပြောလိုက်မိတယ်။

ကျမရဲ့အဒေါ်နဲ့ ဦးလေးဖြစ်သူက “ဘယ်ကတောင်ပုံမှန် မဟုတ်ရ မှာလဲ’’ သူတိုတွေ့လိုက်တာက ပထမတော့သူတို့လဲ ရိုးရိုးဆိုင်ကယ် စီးလာတဲ့ သူတွေဘဲ ထင်နေတာတဲ့ ဦးလေးနဲ အဒေါ် က ရှေ့ဆုံးတန်း ဆိုတော့ တွေ့နေရတယ်။

အဲဒီလူနှစ်ယောက်က ကားရှေ့တည့်တည့်ကနေ မောင်းတာ ပထမကာသမားက တည့်တည့်မောင်းနေတာကိုကြည့်ပြီး ဦးလေးနဲ အဒေါ်က ဒီလူနှစ်ယောက်တော့ ကားတိုက်တော့မှာဘဲလိုထင်နေတာ။

အဲဒိအချိန်မှာ ကားဆရာက တည့် တည့်ဝင်တိုက်ပြီးမောင်းတယ်။ အဲဒီလူနှစ်ယောက်က မြင်ကွင်းကနေ ပြန်ပျောက် သွားတယ်။ နောက်ဝေးဝေးကိုရောက် သွားတယ်။ နောက်ပြန်နီးလာပြန်တယ်။

နီးလာတဲ့ အခါမှာတော့ ဆိုင်းကယ်နောက်မှာ စီးလာတဲ့ သူက ခေါင်းကိုအနောက်လှည့်ပြီးကျမတို့ ကားကိုကြည့်လိုက် ပါတယ်။

ကားဆရာက သိနေတယ် သူတွေက ပုံမှန်လူတွေမဟုတ်ဘူးဆိုတာကိုပေါ့။
ဆိုင်ကယ်စီးတဲ့ လူနှစ်ယောက်က မိထ္ထိလာလမ်း အမြန်အဝေးပြေးလမ်း ကနေ စပြီးတွေ့တော့တာဘဲ ကိုယ့်စိတ်ကပဲ ခြောက်ခြားနေသလား၊ အမြင်မှားနေသလား မတွေးတတ်ပါ။ တဖက်က ဒီလမ်းမကြီးမှာ ယာဉ်တိုက်မှုနဲ့ သေဆုံးသူ မနည်းတော့ဘူးဆိုတဲ့ အသိကလည်း ရှိနေတာပါလိမ့်မယ် ထင်ပါတယ်။

ဦးလေးနဲ အဒေါ်ကတော့ မေတ္တာပို့ပေးလိုက်ပါတယ်။ ဒါကြောင့် ကျမဦးလေးနဲ့ ဒေါ်လေးက ကျမတို့ကို ဘုရားစာရွတ်ခိုင်းပါလားဆိုတာကို သိလိုက်ရပါတယ်။ တကယ့်အဖြစ်ပျက်ကလေးပါ။

ကျမဆိုလိုတာက ဒီအမြန်လမ်းမကြီးမှာ မကြာခဏ ယာဉ်မတော်တ ဆမှုကြောင့် သေဆုံးရသူတွေများလာနေပြီး ခရီးသွားတွေရဲ့ စိတ်ထဲတောင် ဟိုလိုလို ဒီလိုလို ထင်ယောင်ထင်မှား ဖြစ်ရတာတွေဟာ ကောင်းတဲ့ လက္ခဏတော့ မဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် ဒီလမ်းမကြီးကနေ ခရီးသွားကြမယ့်သူတွေအနေနဲ့ ခရီးလမ်းတလျှောက်က သတ္တ၀ါအားလုံးကို မေတ္တာ စိတ်လွှမ်းခြုံပြီး သွားဖို့လည်း အကြံပြုချင်သလို ဒီလို ယာဉ်မတော်တဆမှု အဖြစ်များနေမှုကို နိုင်ငံတော် အစိုးရဆိုတာ ကြီးကလည်း အလေးတယူစဉ်းစားပြီး ပြုပြင်သင့်တာ၊ ပြင်ဆင်သင့်တာတွေ အမြန်ဆုံး အကောင်အထည်ဖော်သင့်ပြီ ထင်လို့ ကျမ ရေးသား တင်ပြလိုက်တာပါ။

မူရင်း Thin HtetZay
17.7.2013

ပြန်လည်မျှဝေပါတယ်။

No comments:

Post a Comment