Monday 22 July 2013

ဥပုသ်စောင့်

ဝါဆိုလပြည့်နေ့ မှာ ဆရာကြီးမင်းသုဝဏ်ရဲ့  ဥပုသ်စောင့်ကဗျာလေးနဲ့  မျှဝေပါတယ်။

ဥပုသ်စောင့်
 
ဆွမ်းအုပ်နီနီ အမေရွက်လို့

နက်ဖြန်မနက် ကျောင်းတက်မယ်

မောင်လည်းလိုက်မယ် ချန်မထားနဲ့

အမေသွားတော့ ပျင်းလှတယ်

ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့

ဘုန်းကြီးအော်လို့ ရိုက်လိမ့်မယ်

မောင်မဆော့ပေါင် စိပ်ပုတီးနဲ့

ဘုန်းတော်ကြီးလို နေပါ့မယ်

လိုက်မယ် လိုက်မယ်။ ။


မင်းသုဝဏ်

ပန်းချီရင်ခွင်သစ်မှကူးယူပါတယ်။
ကိုထွန်းဝေ
မျှဝေပေးပါတယ်
22.7.2013
 

No comments:

Post a Comment