Thursday 4 July 2013

ဖိနှပ်ခံလယ်သမားတွေအတွက် အရေးကြီးတယ်.။ မတရားတဲ့ဖိနှပ်တာတွေမှန်သမျှ လူထုအားနဲ့  လမ်းမပေါ်ထွက်ပြီးတာဝန်တစ်ခုအနေနဲ့  ရင်ဆိုင်ဖြေရှင်းကြ




မနက်ဖြန် ဇူလိုင်လ (၄)ရက်နေ့ ကျောက်တံတား တရားရုံးမှာ ကျနော့်ကို ပုဒ်မ(၁၈)နဲ့ တရားစွဲထားတဲ့ အမှုနှစ်မှု ရုံးချိန်းရှိပါတယ်။အဲဒီ တရားရုံးမှာ ရုံးချိန်းသွားရင်ဆိုင်ဖို့ထက် လယ်သမားတွေအရေး က ပို အရေးကြီးတယ် လို့ သဘောထားပြီး................မြို့တော်ခန်းမရှေ့ မှာ ကျနော်နဲ့ လယ်သမားများ ဆန္ဒဖေါ်ထုတ်ကြပါမယ် ခင်ဗျား။ အဲသလို ဆန္ဒဖေါ်ထုတ်တဲ့ အလုပ်တွေကို မလုပ်ချင်တော့တာ အမှန်ပါ။ ဒါပေမဲ့ ကျနော့်မှာ ရွေးချယ်ခွင့်(ကျနော်တတ်နိုင်တဲ့ အခြားနည်းလမ်း)မရှိတဲ့အတွက်
==================================================



9-7-2013 ရက်နေ့၊မြို့တော်ခန်းမရှေ့မှာ လယ်ယာမြေသိမ်းခံရတဲ့ ပြည်သူတွေရဲ့ နောက်ဆုံး (လက်ရှိ)အခြေအနေကို တင်ပြဘို့ ကျောက်တံတားရဲစခန်း မြို့နယ်မှူးထံမှာ ခွင့်ပြုနိုင်ဘို့ စာနဲ့ တင်ပြထားပြီးပါပြီ။ လယ်သမား အင်အား (၂၀၀)ကျော်တက်ရောက်လာပါလိမ့်မယ်။ ခွင့်ပြုချက်နဲ့ ဆန္ဒဖေါ်ထုတ်ဘို့ ကျနော်တကယ်ကြိုးစားပါတယ်။ ဒါပေမဲ့ ဒီနေ့ဘဲ ဒလမြို့နယ်၊ခနောင်မီးခြစ်စက်ကျေးရွာနဲ့ တုံးတင်ကန်မြောက်ကျေးရွာတွေက လယ်သမားတွေက ဖုံးဆက်ပြီး အကူအညီတောင်းလာပါတယ်။

((သူတို့လယ်တွေကို ဧရာဝတီရေတပ်စခန်းဌာနချုပ်
တိုးချဲ့ဘို့အတွက် သိမ်းထားတယ်လို့ပြောတာ နှစ်ပေါင်း(၂၀)ကျော်ခဲ့ပြီ။))သူတို့လယ်တွေမှာ (၂၀၁၃)ဇွန်လ(၅)ရက်နေ့ကစပြီး ပုဒ်မ၄၄၇၊၃၅၃၊၁၁၂ ဆိုတာတွေနဲ့ တရားစွဲခံပြီး လယ်ထွန်နေခဲ့တာ ရက်ပေါင်း (၂၀)ကျော်မှ စက်ယန္တရားကြီးတွေသုံးပြီး ထွန်ယက်ပြီး လယ်တွေကို ဖျက်ဆီးပစ်ပါတယ် တဲ့။ ကန်သင်းတွေကို ဖျက်ပစ်တယ်။ လယ်ကွင်းထဲက တဲတွေကို လည်း တပ်မတော်သားများကိုယ်တိုင် ဖျက်ဆီးပါတယ် တဲ့။ ဓါတ်ပုံရိုက်၊မှတ်တမ်းတင်ဘို့ ကြိုးစားတဲ့သူတွေရဲ့ လက်ထဲက ကင်မရာ၊ဟန်းဖုံး တွေကိုလည်း လုယူပြီး ပြန်မပေးပါဘူးတဲ့။နေ့စဉ် လယ်ထွန်နေသူတွေထဲက တစ်ယောက်၊နှစ်ယောက်၊သုံးယောက် အစရှိသဖြင့် တပ်မတော်သားများက တပ်ဝင်းထဲကို ခေါ်၊ဖမ်းထားပြီး ၄-၅ နာရီကြာတဲ့(ညနေ၃ နာရီကနေ ည ၈ နာရီ ) အထိ ပုံစံထိုင်ခိုင်း၊ထမင်းစားချိန်ကျော်အောင်နှိပ်စက်ပြီးတော့မှ ရဲစခန်းကိုပို့ပြီး အမှုဖွင့်ပါတယ် တဲ့။
သူတို့ လယ်တွေထဲကို မပြန်ရဲတဲ့ အတွက် အဲဒီ အကြောင်းတွေကို အများပြည်သူ နဲ့ တကွ နိုင်ငံတော် အုပ်ချုပ်ရေးအာဏာပိုင်တွေသိအောင်ပြောချင်ပါတယ် ဆိုတော့ ........မနက်ဖြန် ဇူလိုင်လ (၄)ရက်နေ့ ကျောက်တံတား တရားရုံးမှာ ကျနော့်ကို ပုဒ်မ(၁၈)နဲ့ တရားစွဲထားတဲ့ အမှုနှစ်မှု ရုံးချိန်းရှိပါတယ်။အဲဒီ တရားရုံးမှာ ရုံးချိန်းသွားရင်ဆိုင်ဖို့ထက် လယ်သမားတွေအရေး က ပို အရေးကြီးတယ် လို့ သဘောထားပြီး................မြို့တော်ခန်းမရှေ့ မှာ ကျနော်နဲ့ လယ်သမားများ ဆန္ဒဖေါ်ထုတ်ကြပါမယ် ခင်ဗျား။ အဲသလို ဆန္ဒဖေါ်ထုတ်တဲ့ အလုပ်တွေကို မလုပ်ချင်တော့တာ အမှန်ပါ။ ဒါပေမဲ့ ကျနော့်မှာ ရွေးချယ်ခွင့်(ကျနော်တတ်နိုင်တဲ့ အခြားနည်းလမ်း)မရှိတဲ့အတွက် ......ဆက်သွယ်လိုသူများ ဦးဝင်းချို ၀၉-၇၃၂၀၆၈၃၈ ထံ ဆက်သွယ်နိုင်ပါကြောင်း။

ပေးပို့ သူ U win cho
ှုမူရင်းအတိုင်း တင်ပေးပါတယ်။
ပြန်လည်မျှဝေပါတယ်။
4.7.2013

No comments:

Post a Comment