Saturday 20 July 2013

၈၈ နဲ့ ကျောင်းသားသမဂ္ဂတွေ လမ်းခုလတ်မှာပဲ လွမ်းသူ့ပန်းခွေချခဲ့ရ

Saturday, July 20, 2013
၈၈ မျိုးဆက်တွေနဲ့ ကျာင်းသားသမဂ္ဂတွေဟာ ယမန်နေ့က ရန်ကုန်က အာဇာနည်ဗိမာန်ကို သွားရောက် ချီတက်အလေးပြုကြရာမှာ လမ်းခုလတ်မှာပဲ အာဇာနည်ကြီးတွေကို ရည်စူးပြီး လွမ်းသူ့ပန်းခွေချကာ အလေးပြုခဲ့ကြတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများက ဆိုပါတယ်။

လမ်းခုလတ်မှာပဲ လွမ်းသူပန်းခွေချခဲ့ရ၊ ဓာတ်ပုံ- ၈၈ မျိုးဆက်
အာဇာနည်ဗိမာန်အတွင်းသို့ လွမ်းသူ့ပန်းခွေ၊ ပန်းခြင်းတွေ ယူဆောင်ခွင့် ပိတ်ပင်ထားတဲ့အတွက် အခုလို လမ်းခုလတ်မှာပဲ လွမ်းသူပန်းခွေချ အလေးပြုခဲ့ကြရတာပါ။ 

 



ယမန်နေ့က ကျရောက်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့ နေ့လယ် ၂ နာရီက ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေး နဲ့ ပွင်လင်းလူ့အဖွဲ့အစည်း) က  ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့ ဦးဆောင်ပြီး ၈၈ မျိုးဆက်တွေ၊ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အခမ်းအနား ကျင်းပရေး ကော်မတီဝင်တွေ၊ ကျောင်းသားသမဂ္ဂတွေ
ဖြစ်တဲ့ ဗ.က.သ၊ တ.က.သ၊ မ.က.သ အဖွဲ့ဝင်ကျောင်းသားတွေစုပေါင်းပြီး ရွှေဂုံတိုင် ယုဇန ဟိုတယ်ရှေ့က စတင်ပြီး အာဇာနည်ဗိမာန်ကို သွားရောက် ချီတက်အလေးပြုကြတာပါ။ 



  



















အိမ့်သံစဉ် ~

No comments:

Post a Comment