Friday 12 July 2013

"ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနား ဖိတ်ကြားလွှာ"

အမေရိကန်နိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ.........

(ရှစ်လေးလုံးငွေရတုအခမ်းအနား ဖိတ်စာကို ထပ်ဆင့်ဖြန့်ဝေလိုက်ပါတယ်)


"ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနား ဖိတ်ကြားလွှာ"

၂ဝ၁၃ ခုနှစ်၊ သြဂုတ်လ၊ ၈ ရက်တွင် ကျရောက်သော (၂၅)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ
ငွေရတုအခမ်းအနားကြီးကို ပြည်တွင်း၊ ပြည်ပရှိ တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများ၊
ဒီမိုကရေစီအင်အားစုများ အားလုံး တွေ့ဆုံ ညှိနိုင်းဆွေးနွေးခြင်းဖြင့်
နိုင်ငံရေးအနှစ်သာရ ပြည့်ဝစွာ ကျင်းပသွားလိုပါသည်။

သို့ဖြစ်ပါ၍ ဖေါ်ပြပါအစီအစဉ်အတိုင်း ကြွရောက်ချီးမြှင့်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

မှတ်ချက် ။ ။ အခမ်းအနားနှင့် ဆွေးနွေးပွဲအစီအစဉ်များကို ပူတွဲဖေါ်ပြထားပါသည်။

နေ့ရက် - ၂ဝ၁၃ ခုနှစ်၊ သြဂုတ်လ၊ ၆/ ၇/ ၈ ရက်
နေရာ - (MCC) မြန်မာကွန်ဗန်းရှင်းစင်တာ၊ မင်းဓမ္မလမ်း၊
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ(ငွေရတုအခမ်းအနားကျင်းပရေးကော်
မတီ)

မူရင်း နေတင်မြင့် (USA)
12.7.2013

No comments:

Post a Comment