ကာလုံအဖွဲ့ဝင် အားလုံးက တစိတ်တဝမ်းတည်း ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးဖော်ဆောင်ရေး
သမ္မတဦးသိန်းစိန်က နေပြည်တော်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖ
ဧရာဝတီက စုံစမ်းလေ့လာမိသမျှ သမ္မတ ဦးသိန်းစိန်က တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပွဲကို ယခုလ ကျင်းပဖို့ စီစဉ်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ ဗြိတိန် ၀န်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲ၊ အမေရိကန် သမ္မတ ဟောင်း ဂျင်မီကာတာနဲ့ ကလင်တန် တို့ကပါ တက်ရောက်ဖို့ ပြင်ဆင်မှုတွေ ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် သမ္မတရဲ့ ငြိမ်းချမ်းရေးအိပ်မက်ဟာ တကယ်ဖြစ်လာနိုင်ဖို့ အချိန်ယူဖြေရှင်းရမယ့် နိုင်ငံရေးဆိုင်ရာ စိန်ခေါ်ချက်တွေ ကြုံနေရပါပြီ။
အုပ်ချုပ်ရေးအဖွဲ့ကချည်း သီးသန့်အထူး အကောင်အထည်ဖော်ရုံနဲ့ မပြီးတော့ဘဲ ဥပဒေပြုရေးနဲ့ စစ်ဘက်တို့ကပါ သဘောတူနိုင်မှ၊ ဒီထက်ပိုလို့ တိုင်းရင်းသား လူမျိုးစုံ အဖွဲ့တွေကပါ ယုံကြည်သက်ဝင်နိုင်မှ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်မြောက်ရေး ရှေ့ဆက်နိုင်မယ်ဆိုတာ ပြီးခဲ့တဲ့ ရက်များအတွင်းက အဖြစ်အပျက်တွေက သက်သေခံနေပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ငြိမ်းချမ်းရေးဆွေးနွေးမှု ဥပဒေနှင့်မညီလျှင် ဘေးထွက်ဆိုးကျိုးရှိ နိုင်သည်ဟု ပြောဆိုပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေး ခေါ်ယူခဲ့ကာ လွှတ်တော် ကိုယ်စားလှယ် များ အပါအ၀င် အားလုံးပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပြွဲ
ဒါပေမယ့် သူရဦးရွှေမန်းက တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ ဆန္ဒပြင်းပြတယ်လို့ နားလည်ခဲ့တာမို့ ပြန်ပြင်ဖွဲ့တဲ့ ငြိမ်းချမ်းရေးကော်မတီမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ကြံ့ခိုင်ရေးပါတီ ဒု-ဥက္ကဌ ဦးဌေးဦး တို့ ၂ဦး ပါဝင်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ကာလုံအစည်းအဝေးအပြီး ကြေညာတဲ့ ဒီအဖွဲ့မှာ သူတို့မပါဝင်လာခဲ့လို့ အံ့အားသင့်ခဲ့ရတယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး
“မျှော်လင့်ခဲ့တာက ဒေါ်အောင်ဆန်းစုကြည် နာမည်၊ ဦးဌေးဦးနာမည်တွေကို တင်သွင်းတယ်လို့ ကြားရတာ။ ကာလုံက ၂ ခါ ခေါ်ပြီးတဲ့အချိန်ဖြစ်တော့ ဒေါ်အောင်ဆန်းစုကြည် နာမည်၊ ဦးဌေးဦး နာမည်တွေများ ပါမလားလို့ ပြည်သူလူထုမှာ မျှော်လင့်တာပေါ့။ ဒါပေမယ့် အခုကျတော့ ဦးသိန်းဇော်ကိုပဲ ထားတာ ဖြစ်တဲ့အတွက် ဒါက လွှတ်တော်ရဲ့ ရွေးချယ်မှု၊ ဦးရွှေမန်းရဲ့ ရွေးချယ်မှုပေါ့။ ဘာမှ သိပ်မထူးဘူး။ တကယ်လို့ သူရဦးရွှေမန်း ကသာ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး ကော်မတီမှာ ထည့်သွင်းလာရင် သမ္မတဘက်က လက်မခံလို့ မရဘူး။ ဒါပေမယ့် အခုအဲလိုမဖြစ်လာဘူး ဆိုတော့ သူရဦးရွှေမန်း ကိုယ်တိုင် ဒီလို မတင်သွင်းခဲ့ဘူး ဆိုတာ သေချာတာပေါ့” လို့ ငြိမ်းချမ်းရေး ကော်မတီနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူတဦးက ဧရာဝတီကို ပြောပါတယ်။
ဒါပေမယ့် ဦးရွှေမန်းက နာမည်စာရင်း တင်သွင်းခဲ့ပြီး ဦးသိန်းစိန်က လက်ခံခဲ့ရင်တောင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်
သေချာတာကတော့ သမ္မတဦးသိန်းစိန် ၂၀၁၂ ခုနှစ် မေလ ၃ ရက်နေ့ က ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဗဟိုကော်မတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွေကို ပြင်ဆင်ဖွဲ့စည်းခဲ့ပေမယ့် မူဝါဒရေးရာ အပြောင်းအလဲ တစုံတရာ ထုတ်ပြန်ခြင်းမရှိ၊ ငြိမ်းချမ်းရေး ကော်မတီများမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ယခင် ရာထူးမှ နုတ် ထွက် ထုတ်ပယ် ခံခဲ့ရတဲ့ ဒုတိယသမ္မတ၊ ၀န်ကြီးများနဲ့ ညွှန်ချုပ်များနေရာမှာ လူသစ် အမည်များ အစားထိုးတာသာဖြစ်ပါတယ်။
တချိန်တည်းမှာ ရှမ်းပြည်တောင်ပိုင်း သံလွင်မြစ်အရှေ့ခြမ်းမှာ ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တောင်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/
အစိုးရက UWSAရဲ့ ထိုင်း-မြန်မာ နယ်စပ်ရှိ ၁၇၁ စစ်ဒေသ လက်အောက်ခံ တပ်စခန်း အချို့ကို ယခုလ ၇ ရက်အတွင်း ရုတ်သိမ်း ပေးဖို့၊ ရာဘာခြံများ၊ မြို့သစ်၊ ရွာသစ်များ တိုးချဲ့တည်ဆောက်မှုတွေ မပြုလုပ်ဖို့၊ ခွင့်ပြုချက်မရဘဲ ခရီးမသွားခြင်း မပြုဖို့နဲ့ စစ်ဝတ်စုံများဝတ်ဆင်ခြင်း၊ လက်နက်များ ကိုင်ဆောင်သွားလာခြင်းမပြုဖ
ကချင်ကေအိုင်အိုအဖွဲ့ကတော့ လတ်တလော မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးမှုအတ
” ဒီလ ၂၀ ရက်နေ့ Technical Advisory ရုံးဖွင့်ဖို့ လျာထားတယ်။ မေ ၂၈ နဲ့ ၃၀ ရက်နေ့မှာ ၀န်ကြီးဦးအောင်မင်း တို့နဲ့ ကေအိုင်အို တို့ သဘောတူထား တဲ့အချက် ၇ ချက်ထဲက တချက်ဖြစ်တဲ့ Technical Team ဖွဲ့စည်းနိုင်ဖို့ အပိုင်းပေါ့။ သဘောတူညီချက် ၇ ချက်ကို နည်းနာပိုင်း ဆိုင်ရာ အောက်ခြေအဆင့်မှာ ကြိုတင် ညှိုနှိုင်း ဆွေးနွေးနိုင်ဖို့ ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့အခါကျရင် လုပ်ငန်းအဆင်ပြေဖို့၊ အချိန်တိုအတွင်းမှာ အဆင်ပြေစေဖို့ပါ။ ဒါပေမယ့် ဒီရုံးရဲ့ အဓိက အလုပ်က နည်းနာပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ပြီးတော့ အစိုးရ ဘက်က အဖွဲ့တွေနဲ့ နည်းနာပိုင်းဆိုင်ရာ ညှိုနှိုင်းဖို့ပါ” ဟု ဦးဟင်နရီက ဆိုသည်။
တနိုင်ငံ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေးဟာ တိုင်းရင်းသားတွေက အစိုးရရဲ့ နိုင်ငံရေးနဲ့ စစ်ရေး သဘောထားတွေကို ဘယ်လောက်ယုံကြည်ကြသလဲဆိုတာ အဓိကမူ တည်နေပါတယ်။ စစ်ရေးအရ နှစ်ဖက်သဘောတူ နယ်ခြားမျဉ်း သတ်မှတ်ရေး၊ နယ်မြေလုံခြုံရေးကို ပူးတွဲဆောင်ရွက်ရေးတို့အပြင
ဒါတွေကြောင့်လည်း ဇူလိုင်လ နေပြည်တော်ဆွေးနွေးပွဲဖြစ်ေ
” ကျနော့်အထင်၊ ကျနော်ရဲ့ တဦးတည်းရဲ့ ပုဂ္ဂလိအမြင်ရတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ ဖြစ်ဖို့က နည်းနည်း အချိန်စောနေသေးသလားလို့။ ပမာဏ ငြိမ်းချမ်းရေးဆိုတဲ့ဟာက လက်တွေ့ အကောင်အထည် ဖော်တဲ့အခါမှာ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ အများကြီးရှိနေသေးတယ်။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲဖို့ကတော့ အချိန်စော နေသေးတယ်လို့ ထင်ပါတယ်။ အစိုးရရဲ့ သဘောထားနဲ့ လုပ်ဆောင်ချက်က အဓိက ကျတယ်။ အစိုးရ သဘောထားမှန်ဖို့ အရေးကြီးဆုံးပဲ” လို့ ဦးဟင်နရီက ပြောဆိုပါတယ်။
(ရဲနည် တည်းဖြတ်ရေးသားသည်)
ဧရာဝတီ
No comments:
Post a Comment