Saturday 22 June 2013

We are never , ever terrors

We are never , ever terrors


Time လိုကမ္ဘာကျော်မဂ္ဂဇင်းကြီးက မွတ်စလင် အစွန်းရောက်တွေ သတင်းကို အလေးတယူ ဖော်ပြခဲ့တာဖတ်ဘူးတယ်။
ခရစ်ယာန် အစွန်းရောက်တွေရဲ့  သတင်းကိုအလေးတယူ ဖော်ပြခဲ့တာဖတ်ဘူးတယ်။

ဟိန္ဒူ အစွန်းရောက်တွေရဲ့  သတင်းကိုအလေးတယူ ဖော်ပြခဲ့တာဖတ်ဘူးတယ်။

အခု ဦးဝီရသူကို ဗုဒ္ဓဘာသာအကြမ်းဖက်လို့ ရေးတယ်။
သူဟာ ဗုဒ္ဓဘာသာ တရားတော်နှင့် မညီတာ ဟောပြောတာတွေ ရှိကောင်းရှိမယ်.။
ဒါပေမယ့် ဦးဝီရသူ ဟာ ဘုရားသားတော် ဗုဒ္ဓဘာသာဆိုတာအနောက်နိုင်ငံတွေမေ့နေတယ်ထင်ရဲ့  ။
ဗုဒ္ဓဘာသာ မှာ အရေးအကြီးဆုံးက သရဏဂုံ သုံးပါးပါ။
ဗုဒ္ဓဘာသာ သံဃာကို ကိုးကွယ်ဆီးကပ်တဲ့အခါ သံဃာတွေအနေနဲ့ ဘဲ ကိုးကွယ်ဆီးကပ်ပါတယ်။

ပညတ်တွေဆိုတာမရှိဘူး။ဗုဒ္ဓဘာသာ ၀င်တွေက ဦးဝီရသူဆိုတဲ့ ပညတ်ချက်ကို ကိုးကွယ်နေတာမဟုတ်ဘူး။
ဘာသာရေးခေါင်းဆောင်တဦးရဲ့ အကြောင်းကိုရေးမယ်ဆို၇င် အဲဒီ ဘာသာတွေရဲ့  အကြောင်းကိုဦးစွာလေ့လာပြီးမှရေးသင့်တယ်။
အခုတော့ သူရေးချက်က ဦးဝီရသူ ကိုမထောက်ခံခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေကိုတောင် ဘယ်လိုမှ လက်မခံနိုင်တဲ့ ရေးသားပြောဆိုချက်တွေဖြစ်တယ်။
မျက်ကန်းမျိုးချစ်သူတွေလည်း ဒီနေရာမှာသတိရှိသင့်ပြီ။
လူ့ အခွင့်အရေး ချိုးဖောက်တဲ့ သူတွေလည်း ဒီနေရာမှာသတိရှိသင့်ပြီ။
တဖက်စောင်းနင်းရေးတဲ့ မီဒီယာတွေလည်း ဒီနေရာမှာသတိရှိသင့်ပြီ။

လေးစားလျက်
ကိုထွန်းဝေ

မိမိ၏အမြင်သာဖြစ်သည်.။
22.6.2013

No comments:

Post a Comment