Sunday 30 June 2013

သီရိလင်္ကာနိုင်ငံကလည်း TIME မဂ္ဂဇင်းကို ပိတ်ပင်လေမလား


Sunday, June 30, 2013
သီရိလင်္ကာရှိ အပြည်ပြည်ဆိုင်ရာ ကိုလံဘိုလေဆိပ်မှာ ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်း ကို 
လေဆိပ် အကောက်အခွန်ဌာနက ဇွန်လ ၂၉ ရက်နေ့က သိမ်းလိုက်တယ်ဆိုပါတယ်။ 


ဇူလိုင်လထုတ် တိုင်းမ်မဂ္ဂဇင်း၊  ဓာတ်ပုံ- ဧရာဝတီ

သီရိလင်္ကာ အကောက်အခွန်ဌာန ပြောခွင့်ရသူက ပြောတာတော့ အကောက်အခွန် ညွှန်ကြားရေးမှူးချုပ်ရဲ့ ညွှန်ကြားမှုအရ အခုလို သိမ်းဆည်းတာလို့ ပြောပါတယ်။ 

တကယ်လို့ ဒီ မဂ္ဂဇင်းကို ပိုင်ရှင်က ပြန်လိုချင်တယ်ဆိုရင် အကောက်အခွန်ညွှန်ချုပ်ရဲ့ ခွင့်ပြုချက်ရ မှ ပြန်ပေးမယ်လို့ သူက ပြောတာကို ကိုးကားပြီး Colombo Page အွန်လိုင်း သတင်းတပုဒ်က ဆိုပါတယ်။ 

သီရိလင်္ကာနိုင်ငံရေးလောက သူတွေရဲ့ အဆိုအရ သီရိလင်္ကာအစိုးရဟာ မြန်မာနိုင်ငံက သတင်းဆောင်းပါး ကို ဖော်ပြထား တာဖြစ်ပေမယ့် ဒီတိုင်းမ် မဂ္ဂဇင်းကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာဝင် စစ်သွေးကြွတွေ အရှိန်
မြင့်စေမယ့် မျက်နှာဖုံးဆောင်းပါး ပါတဲ့ နောက်ဆုံးထုတ် တိုင်းမ်မဂ္ဂဇင်းကို ပိတ်ပင်ဖွယ်ရှိတယ်လို့ ပြောကြ တယ် လို့လည်း ရေးသားထားပါတယ်။ 

တိုင်းမ်မဂ္ဂဇင်းရဲ့ ဇူလိုင်လ ၁ ရက်နေ့ထုတ် မဂ္ဂဇင်း မျက်နှာဖုံးဆောင်းပါးဟာ "The Face of Buddhist Terror" လို့ ခေါင်းစဉ်တပ်ထားပြီး မြန်မာအစွန်းရောက် ရဟန်းတပါးဖြစ်တဲ့ ဦးဝီရသူကို ပုံဖော်ရေးသားထား တယ်လို့ အဆိုပါ သတင်းက ဆိုပါတယ်။ 

ဦးဝီရသူကိုလည်း မြန်မာ ဘင်လာဒင်လို့ ခေါင်းစဉ်ပေးထားပြီး မွတ်စလင် ဆန့်ကျင်ရေး လုပ်နေတဲ့ ၉၆၉ ဗုဒ္ဓ ဘာသာဝင် အမျိုးသားရေး လှုပ်ရှားမှု ခေါင်းဆောင်အဖြစ်နဲ့ ပုံဖော်ထားပါတယ်။ 

သီရိလင်္ကာအစိုးရကတော့ နိုင်ငံတွင်းမှာ ဗုဒ္ဓဘာသာအစွန်းရောက်ဝါဒမြင့်တက်လာမှာကို စိုးရိမ်လာတယ် လို့ လည်း အဆိုပါ ကိုလံဘို စာမျက်နှာ သတင်းက ရေးသားဖော်ပြထားပါတယ်။ 

မြန်မာပြည်က ကိစ္စဟာ အခုတော့ သီရိလင်္ကာနိုင်ငံကို ရိုက်ခတ်မှု တခုပါ။ 


အိမ့်သံစဉ် ~

No comments:

Post a Comment