Friday 21 June 2013

“ဆန္ဒပြမှုများကြောင့် ဘရာဇီးလ်အစိုးရ အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ရ”



ဘရာဇီးလ်တွင် #Brazil ဖြစ်ပေါ်နေသော ဆန္ဒပြမှုများကြောင့် သမ္မတသည် အစိုးရအဖွဲ့ အစည်းအဝေးတစ်ရပ် အရေးပေါ် ခေါ်ယူခဲ့ရကြောင်း သိရှိရသည်။ နိုင်ငံအတွင်း ဆက်သွယ်သွားလာမှု စရိတ်စကများကို မြှင့်တင်လိုက်သည့် ဆုံးဖြတ်ချက်ကို မကျေနပ်ရာမှ စတင်လာသော ဆန္ဒပြမှုများသည် အချို့နေရာများတွင် ပဋိပက္ခ အသွင်ကို ဆောင်လာသည်။



ကမ္ဘာ့ဖလား #FIFA #World #Cup ဘောလုံးပြိုင်ပွဲ မတိုင်မီ ယခုလို ခရီးသွား ဝန်ဆောင်စရိတ် မြှင့်တင်ခဲ့မှုအား ဘရာဇီးလ် ပြည်သူများက ဆန္ဒပြခဲ့ရာ ရီယိုဒီဂျနေရို၊ ဆော်ပေါ်လို အပါအဝင် မြို့ကြီးပေါင်း (၈၀)ခန့်တွင် လူပေါင်း (၁)သန်းကျော် လမ်းများပေါ် ထွက်လာပြီး အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်မှုများ ပြုလုပ်လာခဲ့ကြောင်း သတင်းများက ဖော်ပြသွားသည်။

ဘရာဇီးလ် သမ္မတ ဒယ်လ်မာ ရူးဆက်ဖ်သည် အဆိုပါ အခြေအနေကို ကိုင်တွယ် ဖြေရှင်းရန်အတွက် အစိုးရအဖွဲ့ အစည်းအဝေး တစ်ရပ်ကို ဆင့်ခေါ်ခဲ့ရခြင်း ဖြစ်သည်။

Read more http://www.planet.com.mm/news/read.cfm/id/21810
#PlanetMyanmar

ဓာတ်ပုံ - ဇွန်လ ၁၉ ရက်က တွေ့ရသည့် ဘရာဇီးလ်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ။
Planet Myanmar Network

No comments:

Post a Comment