Saturday 8 June 2013

သမ္မတ ကြီးဖြစ်ချင်တယ်..

ကျမကို ဒီကိစ္စအကြောင်းခဏခဏမေးပါတယ်။ ဒါဘယ်ကစတာလဲ ဆိုတောဘီဘီစီ အမေးအဖြေတစ်ခုမှာ ဘီဘီစီသတင်းထောက် တစ်ယောက်က ကျမကိုမေးတယ်။ သမ္မတ ဖြစ်ချင်လားဆိုတော့ သမ္မတ ကြီးဖြစ်ချင်တယ်..သမ္မတ ကြီးဖြစ်မှဘဲ လုပ်ချင်တဲ့ ကိစ္စတွေကိုလုပ်နိုင်မှာ .ကျမဟာ နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်အနေနဲ့ ….နိုင်ငံခေါင်းဆောင်လဲဖြစ်ဖို့ ကြိုးစားတယ်ဆိုတာ ဒါသဘာဝကျတယ်ဆိုတော့ ကျမကိုပြောတယ် သူမေးဘူးမြန်းဘူးတဲ့ နိုင်ငံရေးသမားတွေထဲမှာ ဘယ်သူကမှ သမ္မတ ဖြစ်ချင်တယ် ၀န်ကြီးချုပ်ဖြစ်ချင်တယ်လို့  ၀န်မခံဘူးဘူးတဲ့  ..သူတို့ က ဘယ်လိုပြောလေ့ရှိလဲဆိုတော့ ပြည်သူလူထုက လိုလားလို့ ရှိရင်တော့ ..ကျနော်တို့ ကျမတို့ က အတင်းတိုက်တွန်းရင်တော့ ..စသဖြင့်စသဖြင့် .ကျမအဲလိုပြောတယ် .။.ယုံသလားဆိုတော့မယုံပါဘူးတဲ့ မယုံသည့်တိုင်အောင် ကျမတို့ က ဘာဖြစ်လို့ ဝေ့လည်ချောင်ပတ်နဲ့ ပြောနေမလဲ။.ကျမဟာ နိုင်ငံရေးပါတီတစ်ခုဖြစ်တယ် .ကျမဟာ နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ပြည်သူလူထုရဲ့ ထောက်ခံမှုဖြင့် အစိုးရအာဏာရဖို့ ကြိုးစားတယ်ဆိုတာ ဒါသဘာဝကြတယ်။ နိုင်ငံရေးပါတီခေါင်းဆောင် အစိုးရခေါင်းဆောင် အဆင်သင့်ရှိတယ်လို့ ပြောတာလည်း ဒါသဘာဝကျလို့  ကျမပြောတာပါဆိုပြီးတော့ ဒီအတိုင်းဘဲ ကျမရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်


ဗွီဒီယို ကိုထွန်းဝေ..ချစ်အောင်လှမှ လေးစားစွာမျှဝေပေးပါတယ်။
8.6.213

No comments:

Post a Comment